Thursday, August 28, 2008

သွေးချွေး မျက်ရည် တော်လှန်ရေး

သူငယ်ချင်းများသို့
အခုပို့ပေးလိုက်တဲ့ ကဗျာကို ငါတို့ရဲ့ကျောင်းသားခေါင်းဆောင်တယောက်က ၂၀၀၇ ခုနှစ် သြဂုတ် လ ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းမှု (တစ်နှစ်ပြည့် အမှတ်တရ) ရေးသားတာပါ။ ထောင်တွင်းမှာ ငါတို့ ကျောင်းသားတွေကို နအဖ အစိုးရက ဘယ်လောက်ထိ လူမဆန်စွာ ညှင်းပန်းနှိပ်စက်တယ်ဆိုတာ သူ့ကဗျာအရေးအသားကို ဖတ် ကြည့်ရင် သိနိုင်ပါတယ်။ ဒီလောက်ထိ သေလုမျောပါးနှိပ်စက်ခံရတာကိုတောင် သူတို့တွေရဲ့ဇွဲသတ္တိတွေ လျော့မသွားသေးဘဲ ပြည် သူအားလုံး သူတို့လို မခံစားရအောင် ခိုင်ခိုင်မာမာ ကြိုးစားနေကြတုန်းပဲ။ အဲဒီလို နှိပ်စက်ညှင်းပန်းမှုတွေရဲ့အပြင်မှာ ငါတို့တွေ နေ ထိုင်နေကြပြီး ဘာလို့ သူတို့လို ခိုင်မာတဲ့စိတ်ဓာတ်၊ တိုင်းပြည်ချစ်တဲ့စိတ်ဓာတ်တွေ မမွေးနိုင်ရမှာလဲ။ ငါတို့မှာ ငါတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ရှိသင့်တာပဲ။ ဒီလိုကဗျာမျိုးကို ငါတို့တွေလဲ ရေးနိုင်ရမှာပဲ။ သူတို့လို သမိုင်းကြောင်းကို ငါတို့တွေလည်း လျှောက် လှမ်းနိုင်ရမှာပဲ။ ငါတို့ပြည်သူတွေ ဒီထက်ပိုပြီး ဆင်းရဲတွင်းမနက်ရအောင် ငါတို့ဖန်တီးနိုင်ရမှာပဲ။ သူများလုပ်တဲ့အချိန်မှာ ငါတို့တွေ က ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေမယ့်အစား လက်တွဲကူညီလိုက်ရင် တနေ့နေ့မှာတော့ အောင်မြင်နိုင်ရမှာပဲ။ ငါတို့ ကျောင်းသားတွေ ဘာတွေကိုတွေဝေပြီး စောင့်နေကြသလဲ။ ဒီလိုဦးဏှောက်မရှိတဲ့ နအဖ အစိုးရရဲ့ ပညာရေးဟာ ငါတို့အတွက် ဘာတွေများမက်မောစရာကောင်းနေလို့လဲ။ ကျောင်းသားလူငယ်ပီပီ မခံချင်စိတ်တွေ မွေးကြပါတော့။ မဝေးတော့တဲ့ ပန်းတိုင်အ တွက် ခွပ်ဒေါင်းစိတ်ဓာတ်တွေ နိုးကြားကြပါတော့။ ငါတို့ နောင်အနာဂတ်မျိုးဆက်တွေအတွက် နအဖ အစိုးရကို တော်လှန်နိုင် အောင် ကြိုးစားကြပါတော့။ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို တန်ဖိုးရှိအောင် ငါတို့ ကျောင်းသားတွေ ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို ယုံကြည်ကြပါတော့။ ၂၀၁၀ မတိုင်ခင် အချိန်ခဏလေးအတွင်းမှာ ငါတို့တိုင်းပြည်ကို စစ်ကျွန်ဘဝ က ကယ်တင်နိုင်အောင် ငါတို့ကျောင်းသားတွေ စည်းလုံးကြပါတော့။


သွေးချွေး မျက်ရည် တော်လှန်ရေး

အကျပ်ကိုင်ခံရလွန်းလို့
ဇောချွေးစီးကြောင်း
ဆူပွက်ပွက်ထဲ
ဒီတေစ ၦခရီးကို
ဘယ်သူမျှဆက် သည်းမခံနိုင်တော့ဘူး။

လက်ဖျံရိုး နှစ်ချောင်းနဲ့
အရိုးခေါင်း အလံနက်ကို
မီးတိုက်
အဆိပ်ကုန်သည်သင်္ဘောကြီး
လောင်မြိုက်ပေါက်ကွဲရေး
ကြာပွတ်ဖျားမှ သွေးစက်တိုင်း
သတိပေးနေတယ်။

ဝတ်ကျေတန်းကျေ ရာသီဥတုထဲ
စိန်ပန်းတွေမရှိ
ခုံတန်းပြာမရှိ
တိုက်ရာပါပညာရေးသာ
နင်းမိုင်းကြွမိုင်းတွေကြား
တလမ်းသွားပြေးဆွဲနေရဲ့။

ကံ့ကော်အိုဟာ
မျက်ရည်စိုဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တချိမ့်ချိမ့် မိုးကြီးရဲ့ အောက်
ဒေါင်းတသင်းရောင်းရင်းဖွဲ့ဖို့
ကျောင်းဝင်းထဲရောက်ခဲ့ပြီ။
ကျော်ကိုကို (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)

(၂၀၀၇ ခု သြဂုတ်လ ၂၈ ရက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းမှုနှစ်ပတ်လည် အမှတ်တရ)

1 comment:

Anonymous said...

ကံကော်အိုဟာ
မျက်ရည်စို ဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တချိမ့်ချိမ့်မိုးကြီးရဲ့အောက်
ဒေါင်းတသင်းရောင်း၇င်းဖွဲ့ဖို့
ကျောင်းဝင်းထဲရောက်ခဲ့ပြီ ။ ။
ဒီနောက်ဆုံး အပိုဒ်လေးက ရင်ထဲကို ထိခိုက်စေတာ
တော့အမှန်ပါပဲ မမေရေ ကျွန်တော်တို့တွေ တွေဝေနေတယ်လို့များထင်နေမိတယ်..