Sunday, May 18, 2014

ဧရာဝတီတိုင်း ပုသိမ် မြို့ တွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ သင်တန်းပေးစဉ်

အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့် ၂၀၁၁ ဥပဒေ နှင့် ၂၀၁၂ အငြင်းပွါးမှုဖြေရှင်းရေးဥပဒေ FOA နှင့် ILS အား ပုသိမ်မြို့ရှိ ပညာပါရမီကျောင်းတွင် ILO ၏ အစီအစဉ်ဖြင့် သွားရောက်သင်ကြားခဲ့သည်။

Sunday, March 23, 2014

အလုပ်သမားများကိုယ်တိုင် အလုပ်သမားသမဂ္ဂဟူသည်ကို ပြန်လည်ရှင်းလင်းတင်ပြ နိုင်ရန် လေ့ကျင့်ပေးခြင်း


လှိုင်သာယာတွင် သင်တန်းပေးနေသည့် LRDP မှ အမှုဆောင်များ


LRDP မှ ယနေ့ သင်တန်း အခြေအနေ


ဒီကနေ့  လှိုင်သာယာမှာ အလုပ်သမားတွေ ကိုသင်တန်းပေးခဲ့ပါတယ် ။ မနေ့ က ရန်ကုန်တိုင်းရန်ပုံငွေ ပွဲကို လုပ်အားပေးရင်းပြီးတဲ့အထိကြည့်ခဲ့တော့ လှိုင်သာယာ အလုပ်သမားတွေကို စုစည်းပေးထားတဲ့ ကျမတို့ ရဲဘော်ကိုယ်တိုင် သင်တန်းဖြစ်ဖို့ မဖြစ်ဖို့ မသေချာရာက ပင်ပင်ပမ်းပမ်းနဲ့ပဲ ရဲဘော် နောက်တယောက် ကိုဖုန်းဆက်လိုက်တာ လှိုင်သာယာ မှာကေရွှေလင်ဗန်းဇုံမှာပါ သူမနဲ့ရင်းနှီးတဲ့ သင်တန်းတက်ချင်တဲ့အလုပ်သမားရာချီရှိတယ် အခု ကျမ စုပြီးခေါ်လာခဲ့မယ် ။ဆိုတာ နဲ့  ဆယ်နာရီကျော်မှ ရှိသလောက်ကို သင်ပေးလိုက်မယ်လေ ဆုံးဖြတ်ပြီး LRDP က အီးစီတွေ အပြင် ကိုဇော်ဇော် ကိုမင်းမောင်မောင် တို့ က ပါ ချက်ချင်းဆက်သွယ်ပြီး အလုပ်သမားတွေရဲ့ပိတ်ရက် ဆန်းဒေး တစ်ရက်ကို အကျော်မခံပဲ သင်ဖြစ်လိုက်ပါတယ် ။ ဒီကနေ့ တော့ အတော်ကို အခြေခံကျကျ သင်ရတာမို့ အပြည်ပြည်ဆိုင်ရာပြဌါန်းချက်တွေ ချန်ခဲ့ရပါတယ် ။ ၁၄ နှစ်သမီးက အလုပ်လုပ်တာ နှစ်ချီပြီး အဲ ဒီ့  အရက်ချက် စက်ရုံ ကိုအလုပ်ဝင်တော့ ဘယ်လိုဝင်လဲ မေးတဲ့အခါ မှတ်ပုံတင် အတု နဲ့  ၀င်တယ်တဲ့ဗျာ တကယ့် ကလေးလေးတွေ ရုပ်ကို မှတ်ပုံတင် အတု ယူလာစေဦး ရုပ်ရည်က တကယ့် ကလေးပါပဲ ။ ဒီနေ့ စိတ် ထဲ ဘ၀င်မကျတာတွေ အများကြီးဖြစ်ခဲ့တယ် ။သေသေချာချာသိရတာက လှိုင်သာယာတ၀န်းလုံး အလုပ်သမားရေးဆောင်၇ွက်သူတွေ သမဂ္ဂတွေ တဲ့ ကျမတော့ လှိုင်သာယာသွားမနေသလို ရုံးခန်းလည်းအဲဒီ့မှာမရှိပါဘူး သို့ ပေမဲ့ ကျမ စိတ်မကောင်းတာ လုံးဝ ပြည်သူတွေ ဘာမှမသိပါလား မသိတဲ့ သူတွေ အများကြီးပါလာတော့ နှစ်နှစ်ဆယ် အလုပ်သမားရေး လုပ်တယ် ၇၄ထဲ က အလုပ်သမားရေးလုပ်တယ်ဆိုတဲ့ ဆရာများ ဘယ်လိုခံစားရမယ်မသိ ကိုယ့်ကိုယ်ကိုယ်တော့ အလုပ်သမားရေးဆောင်ရွက်သူလို့ နာမည် တွင်လာတောင်တောင်ရှက်မိပါရဲ့ ။ ငါတကယ် ဘာမှမလုပ်နိုင်သေးပါလားလို့ ပေါ့

Wednesday, March 19, 2014

နယ်ထိန်း၊ SB(ထောက်လှန်းရေး) ရပ်ကွက်အုပ်ချုပ်ရေးမှုး တို့ ကိုယ်တိုင် လာတက်ရောက်သည့် သင်တန်း


နယ်ထိန်း၊ SB(ထောက်လှန်းရေး) ရပ်ကွက်အုပ်ချုပ်ရေးမှုး တို့ ကိုယ်တိုင် လာတက်ရောက်သည့် သင်တန်း ။။ ကြေနပ်၍ သဘောတွေ့ ၍ ပြောသည်မဟုတ် ပါ ယနေ့ ရွှေပြည်သာ မြို့ နယ် တွင် သင်တန်းပေးရန်အတွက် အလုပ်သမားများ နှင့် ဆန္ဒရှိသူများမှ ဖိတ်ကြားထားပါသည်။ ကျမတို့ နောက်နည်းနည်း ကျမှရောက်သွားသော အခါ သင်တန်းသား ၁၀၀ ကျော် စာရင်းပို့ ထားသည်တွင် လူ ၁၀ယောက်ပြည့်အောင်ပင်မတွေ့ ရ ခဏနေတော့ လူကြီး လူလတ်အရွယ် ၄ယောက် လောက် ရောက်လာသည် ကျမတို့ နာမည်စာရင်းတောင်းသည်။ ၄င်းတို့ နာမည်ကို အရင်တောင်းရာ SB ---- စသည် ကိုသိရသည် ကျမ က LRDP ကပ်ပေးလိုက်သည်။။ သို့ သော် အလုပ်သမားများ လန့် ဖြန့် ၍ ထမင်းပင်မစားပဲ ရှောင်ပြေးသွားကြသည်။ ၅ယောက်ရှိရင် ၅ယောက် ကို သင်ပေးမည်ဟု ကျမ ကဆို ကာသင်တန်းပေးနေကျစံချိန်စံညွှန်းများသင်ပေးသည်။ အာဏာပိုင် ဖက် မှ ၅ဦး သင်တန်းချိန်ပြီးလုသည်အထိ သင်တန်းတက်သွားကြသည်။ သင်ယူလို၍လော အလုပ်သမားများ အဟန့် အတားဖြစ်စေလို၍လော --မည်သို့ ဆိုစေ -- ကျမ တို့  ပြည်သူအတွက် လိုအပ်၍ လက်ဆင့်ကမ်းနေသော လွှတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ထိပါးမည်ဆိုလျှင် မြန်မာ အစိုးရ မှ ၁၉၅၅ တွင်လက်မှတ် ထိုးထားသည်ကို သတိပြုကြစေလို သည်။ ဂတိဂ၀တ် ချိုးဖောက်ခဲ့မှုကြောင့် ခံခဲ့ရသော စီပွါးရေးပိတ်စိုးမှုများကို မမေ့သင့် ။ လူထု အကျိုးနှင့်ယှဉ်လာလျှင် ကျမ မည်သူ့ ကိုမျှထောက်ထားမည်မဟုတ် ကျမ ကိုယ်ကျမပင် စတေးပြီးသားမို့  ကျမတွင် ကြောက်စိတ်မရှိ ကောင်းကျိုးကို လိုသောစိတ်ကြောင့် သတိနှင့် ဆင်ခြင်သီးခံနေသည်မို့  -- အလုပ်သမား တွေ ဘ၀မြှင့်မားဖို့  ကျမ သင်တန်းပေးနေခြင်းကို မည်သည့် နည်းနှင့်မျှ အဟန့် အတား မဖြစ်စေလိုပါ။။။