Friday, August 29, 2008

ခွန်မြင့်ထွန်းမှနေရာမလပ် ပြည်သူနှင့်ထိဆက်၍ ဤသို့ ကြိုးပမ်းနေသည်


ကိုခွန်မြင့်ထွန်းမှ ဖိလစ်ပိုင်အတွေ့အကြုံအား၇ှင်းလင်းတင်ပြရာတွင်
“လွတ်တော်ကိုယ်စားလှယ်အဖွဲ့ ကနုတ်မထွက်တဲ့ 
အတွက် စစ်ကျောရေးစခန်းခွေးချေခုံပေါ်မှာ ၅ရက်နဲ့ ၅ ည
ထားပြီးနှိပ်စက်တယ်၊ အဲဒါတွေဟာ ဖီလစ်ပိုင်လွတ်တော်
အမတ်များထိထိခိုက်ခိုက်ဖြစ်နေတယ်၊
အာစီယံ ကနေ အပြု သဘောဆောင်တဲ့ ချဉ်းကပ်မူ က
မအောင်မြင်နိုင်ဘူး တွေ့ ဆုံဆွေးနွေးဖြစ်ဘို့ ဆိုရင်နအဖကို
ပြင်းပြင်း ထန်ထန်ဖိအားပေးဘို့ လိုအပ်တယိ၊ စီးပွားရေး
အရရော နိုင်ငံရေးအရပါ အရေးယူအပြစ်ပေးဘို့ လိုအပ်တယ်၊


ဒီဖက်တိုအစိုးရတခုအနေနဲ့ တောင်အသိအမှတ်ပြုဘို့ မလိုအပ်ဘူး၊
တကယ်လို့ နအဖက မြန်မာနိုင်ငံမှာတွေ့ ဆုံဆွေးနွေးရေး ဖြစ်မလာတော့ဘူးဆိုရင်
နအဖဟာ ဗမာပြည်ကို ကိုယ်စားမပြုတော့ဘူးဆိုတာ credential challenge လုပ်တော့မယ်ဆိုတာ
တီမောသမ္မတ၊ ဖီလစ်ပိုင်အမတ်များအဖွဲ့ တွေနဲ့ တွေ့ တဲ့အခါနဲ့ သတင်စာရှင်းလင်းပွဲတွေလုပ်တဲ့အခါတွေမှာ
ကြေညာပြီးပြောခဲ့တယ်၊ ပြီးတော့ ခင်ဗျားတို့ ရဲ့ လွတ်လပ်မူ့ နဲ့ ကျွန်တော်တို့ ရဲ့ လွတ်မြောက်ရေးအတွက်
ပြုလုပ်ပေးဘို့ အဲဒီလွတ်တော်ကိုယ်စားလှယ်များရဲ့ နိုင်ငံခြားရေးရာကော်မတီကြားနာပွဲမှာပြောခဲ့တယ်၊
ခင်ဗျားတို့ ထောင်ထဲမှာ ၁၀နှစ်၊ ၁၅နှစ်တွေဖြတ်သန်းခဲ့ရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မှာ နိုင်ငံတကာနဲ့ ပတ်သက်ရင် စနစ်မကျသေးဘူးဆိုတာတွေ့ ရတယ်၊ပရော်ဖက်ရှင်နယ်မဖြစ်သေးဘူးဆိုတာတွေ့ ရတယ်၊
ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဖြစ်ရုံနဲ့ မရဘူး၊ ကျွန်တော်တို့ ထောင်ထဲဖြတ်သန်းခဲ့တယ်ဆိုတာ ဘာနဲ့ မှလဲလို့ 
မရဘူး၊”
ကိုခွန်မြင့်ထွန်း
တွဲဘက်အတွင်းရေးမူး
ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ ၊
(ဖိလစ်ပိုင်လွတ်တော်တွင်းဆွေးနွေးခဲ့မှုများကို မြန်မာနိုငံရေးအကျဉ်းသားသမဂ္ဂရုံးတွင် ဖိတ်ကြားထားသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအားပြည်လည်ဆွေးနွေးတင်ပြနေခြင်း)

No comments: