Saturday, August 2, 2008

ရှစ်လေး လုံး နှစ်နှစ်ဆယ် မှာပြောချင်သောစကားများ

အောင်မြတ်သူ
နိုင်ငံရေးအကျဉ်းသားဟောင်း (ရန်ကုန်စက်မှုတက္ကသိုလ်)

ငါးခုမြောက်မြစ်

အဲဒီတုန်းက
ဆယ့်နှစ်နှစ် ...သား...ငါ
အသံတစ်ချို့ ကို မှတ်မိဆဲ ။။။

ဟောဒီ သြဂတ်(စ်)မိုးစက်တွေထဲ
လျှပ်လက်တာ သူ့ အရိပ်
မိုးခြိမ်းတာ သူ့ နိမိတ်
ဘ၀ဂ် ကလာတဲ့ အသံ နဲ့ 
မြစ်တစင်းဖွဲ့ စည်းခဲ့ကြတယ်မဟုတ်လား

ငါ့မျက်စေ့ထဲ
မိုးစက်တွေက မီးပွါးတွေလွင့်ထွက်ပြီး
မီးမြစ်ကြီး ပါးပြင်းထထောင်

ဘ၀ထဲက ရှစ်လေးလုံးကိုနှုတ်လို့ 
ဘာမှမကျန်တော့သူတွေနဲ့ 
သူတို့ ထဲကတိုင်းပြည်ကိုနှုတ်ရင်လည်း
ဘာမှမရှိတော့သူတွေရဲ့.....မြစ်

သူ့  အနှစ် နှစ်ဆယ် ရေစီး
ဣနြေ္ဒကြီးပါဘိ။။

A .M .T (1-8-08)

No comments: