Sunday, August 3, 2008

ကုလသမဂ္ဂတွင် တရားဝင် စိန်ခေါ်ခြင်း

လှုပ်ရှားမှု ကြေညာချက်
၂၀၀၈ သြဂုတ် ၁

လက်ရှိမြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော နအဖသည် တရားဝင် အစိုးရမဟုတ်ကြောင်းနှင့် ပြည်သူလူထု၏ ကိုယ်စားလှယ်လည်း မဟုတ်ကြောင်း နိုင်ငံတကာကသတ်မှတ်လာစေရန် လှုံ့ ဆော်မည့် လှုပ်ရှားမှု တရပ်ကို လာမည့် သြဂုတ် ၄ ရက်နေ့  နံနက် ၉ နာရီမှ စတင်၍ စက်တင်ဘာလထိတိုင် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး ထောက်ခံသူ အမေရိကန် နိုင်ငံသားတို့  ပူးပေါင်း၍ နယူးယောက် မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့ တွင် ဆန္ဒပြကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရကို ၄င်းပြည်သူများက ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခဲ့သည်။ ပြည်သူလူထု၏ ဆန္ဒနှင့် ၄င်းတို့ ဆုံးဖြတ်ပေးလိုက်သည့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ယနေ့ ထိတိုင် န၀တ (၀ါ) နအဖက တရားမ၀င် ရက်စက်စွာ လစ်လျူရှုထားပြီး အာဏာကို အဓမ္မသိမ်းပိုက်ထားသည်။ နအဖသည် အသည်းနာ ကမ္ဘာမကြေဖြစ်ရထိတိုင် ပြည်သူများအား နည်းပေါင်းစုံဖြင့် ကြောက်လန့် အောင် ငြိမ်းခြောက်အုပ်ချုပ်နေခြင်းသာဖြစ်ပြီး တရားဝင် ပြည်သူ့ အစိုရ လုံးဝမဟုတ်ချေ။

ထို့ ကြောင့် မိမိတို့ ဒီမိုကရေစီလိုလားသူ အဖွဲ့ အစည်းများ ညီညွတ်စွာ ပူးပေါင်း၍ နအဖ၏ တရားမ၀င်မှုနှင့် ပြည်သူကိုယ်စားမပြုမှုကို ကုလသမဂ္ဂတွင် စိန်ခေါ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီလိုလားသူအဖွဲ့ အစည်းများ လူပုဂ္ဂိုလ်များ ပူးပေါင်း၍ လုပ်ဆောင်မည့် ထိုလှုပ်ရှားမှုအပေါ် နိုင်ငံတကာရှိ ပြည်သူပြည်သားအားလုံး ၀ိုင်းဝန်း ပါဝင် ထောက်ခံကြရန် ဆော်သြသည်။

နအဖ၏ တိုင်းသူပြည်သားများအပေါ် ရက်စက်မှုကြောင့် မိမိတို့ မြန်မာနိုင်ငံသားများတင်မကဘဲ ကမ္ဘာ့ ပြည်သူများကလဲ နအဖကို စက်ဆုပ်ရွံရှာနေပြီဖြစ်သည်။ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် နအဖ၏ ရက်စက်စွာဖြိုခွင်းခဲ့ခြင်းနှင့် မကြာသေးမီက ဖြစ်ပွားသော နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်း လုပ်ကိုင်ခြင်းမရှိဘဲ လစ်လျူရှုထားခြင်း တို့ ကို ကမ္ဘာ့  ပြည်သူများက မျက်ဝါးထင်ထင်မြင်တွေ့ ထားပြီးဖြစ်သည်။ ကိုယ့်တိုင်းသူပြည်သား အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းအပေါ် သည်းခံခြင်းဖြင့် ခွင့်လွှတ်၍မရပါ။

ယနေ့  လွတ်မြောက်ရေးအတွက်နှင့် အသက်များ ဘ၀များ စတေးခံနေရသော မြန်မာပြည်သူများ အားလုံးကိုယ်စား ယခုအရေးတကြီး လုပ်ဆောင်မည့် လှုပ်ရှားမှုတွင် တဦးမကျန် အားလုံးပါဝင် ကြပါရန် ကျွန်ုပ်တို့ က လေးနက်စွာ တောင်းဆိုလိုက်သည်။

ကမ္ဘာ့ အဆုံးရွားဆုံးသော စစ်အုပ်စုအား စိန်ခေါ်ဆန့် ကျင်မည့် ကျွန်ုပ်တို့ ၏ ရှင်းလင်းပြီး ပြတ်သားသော ထိုလှုပ်ရှားမှုတွင် ရဟန်းရှင်လူ မိဘပြည်သူအားလုံး ပါဝင်ပူးပေါင်းမှုဖြင့်သာ နအဖကို ကုလသမဂ္ဂမှ တရားဝင် ဖယ်ရှားနိုင်မည်ဖြစ်သည်။ တစ်လကျော်ကြာ ပြုလုပ်မည့် ၄င်းလှုပ်ရှားမှုတွင် အားလုံးပူးပေါင်းမှုဖြင့် နအဖကို ကုလသမဂ္ဂမှ ဖယ်ရှားနိုင်ပြီး မြန်မာပြည်သူများအတွက် အောင်ပွဲခံမည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အတိုင်း မိမိတို့ ၏ လွတ်လပ်မှုကို အသုံးချ၍ မြန်မာပြည်တွင်း ဒုက္ခခံနေရသူများ လွတ်မြောက်ရေးအတွက် လုပ်ဆောင်ပေးပါရန် ရဟန်းရှင်လူမိဘပြည်သူအပေါင်းတို့ အား အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်

မောင်မောင်စိုး - 260-426-4121 ကိုကိုလေး - 415-203-0541
ကျော်သက် - 260-460-7136 အောင်မြင့်ထွန်း - 260-443-5150
သန်းနိုင် - 260-804-1448

No comments: