Sunday, July 20, 2008

ပြည်သူ့ ရှေ့ကNLD


မနေနိုင်လို့ ပြောပါရစေ ဒီပုံဟာအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ရုံးတွင်းမှအြာဇာနည်နေ့ အခမ်းအနားမကျင်း
ပမှိပုံဖြစ်ပါတယ် ရုံးချုပ်ကိုလာဖို့ အိမ်ကနေစထွက်
ကတည်းက ပါတီဝင်တွေဟာအခက်အခဲ အကြတ်
အတည်း အန္တယယ်မျိုးစုံကိုကျော်ဖြတ်ရတာပါ----
စာတွေလိုက်ဖက်ရုံ --အင်တာနက်တွေကြည့်ရုံ အခြား
သူတွေရဲ့ဝေဖန်စကားကိုသုံးသပ်ရုံလောက်လွယ်ကူ
တဲ့ကိစ္စမဟုတ်ပါဘူး-ပါတီနဲ့ အဖွဲ့ဝင်တွေကို ပြစ်တင်
ဝေဖန်မယ် မတရားပြောမယ် ခရီးမရောက်တာပါတီ
ကြောင့်ပဲလို့ ပြောမယ်ဆိုရင် တော်လှန်ရေး မှာ ကိုယ်
ရောဘာလုပ်ခဲ့လဲ ဘာလုပ်ပြီးပြီလဲ ခုရောလောလော
ဆယ်တော်လှန်ရေးအတွက် ငါ ဘာလုပ်နေသလဲ?
ဆိုတာပြန်သုံးသပ် ကြစေ့ချင်ပါတယ် -တချို့ ဆို --


၈၈ မှလည်းတိုက်ပွဲထဲမပါ ၉၆ မှာလည်း ပညာသင်မပျက်တဲ့ပုဂ္ဂိုလ် များဆို ပါတီကို ခေါင်းဆောင်တွေကို
စာရေးတက်တိုင်းပြစ်ပြစ်နစ်နစ် ဝေဖန်နေတာတွေ့ရပါတယ် အင်မတန်မှဝမ်းနည်းစရာပါ ။။လက်ရှိခုလို
လမ်းမပေါ်၇့ပ်ပြီး တိုက်ပွဲဝင်ရတာမျိုး နှလုံးရည် နဲ့ လက်နက်အားကိုးလက်ရုံးသမားတွေနဲ့ရင်ဆိုင်ရတာမျိုး
ခင်ဗျားတို့ တစ်ကြိမ်တစ်ခါလောက်ပါခဲ့ ရင်ဆိုင်ဖူးခဲ့ရဖူးရင် ကိုယ်ချင်းစာမှပါ ။။ပါတီလူငယ်လူကြီးအမျိုးသမီး
ပညာလည်းမဖြည့်နိုင် စီပွါးလည်းမရှာနိုင်နဲ့  ထောင်ထဲကိုလည်းတသုတ်ဝင်တသုတ်ထွက် ဘ၀တွေအမျုးမျိုး
ပေးဆပ်နေကြရတာ ဒီကာလမှာ ဒီလို ပွဲကိုကျင်းပ ပြီး ဒီလို သတ္တိသွေးပြရဲတာ NLD ပဲရှိတယ်ဆိုတဲ့ လက်
တွေ့ကျတဲ့ အမှန်တရားကို ရေးပေးကြပါဦး ကြေ်ညာပေးကြပါဦး ကျမကတော့ မပြောချင်ပဲပြောရဦးမယ် --
ဘေးထိုင်ဘုပြောနေမယ်ဆိုရင်တော့ တော်လှန်ရေးတစ်ခုလုံးမှာ အမှိုက်ပဲ အမှိုက်တွေရဲ့စာပေ တွေတော့
သတိထားဖက်ကြဖို့ ပေါ့ ။

No comments: