Sunday, July 20, 2008

ပြည်တွင်းအားNLD


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ဘယ်သူရွေးချယ်ထားတဲ့ပါတီလဲ?
ပြည်သူရွေးချယ်ထားတဲ့ပါတီပါ ။ဒီတော့ကျမတို့ ပါတီက ဘယ်နေရာက
ရပ်သင့်လဲ? ပြည်သူ့ ရှေ့ကပဲရပ်သင့်ပါတယ်ဆိုပြီးလူထု ခေါင်းဆောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၁၉၉၆ ဒီဇင်ဘာမှာဖြစ်ခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး
NLD ပါတီဝင် လူငယ်တွေက ဘယ်လိုရပ်တည်သင့်လဲမေးတဲ့အခါ ဒီ
ဇင်ဘာလ ၁၉၉၆ (၃) ၇က်နေ့ မှာပြောခဲ့တာပါ။သတင်းစာဆရာကြီး
ဦးဝင်းတင်ကလည်း မတရားတဲ့အမိန့် အာဏာဟူသမျှတာဝန်အရဖီ
ဆန်ကြဖို့ တိုက်တွန်းခဲ့ပါတယ် ခုမြင်တွေ့ နေရတဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်လူငယ်တွေဟာ ပါတီကိုကိုယ်စားပြုသလို ပါတီကို ပြည်သူ့ 
အာဏာပေးထားတဲ့ပြည်သူကိုလည်းကိုယ်စားပြုသူတွေပါ ။။။။။
တိုင်းပြည်ရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်နဲ့တကွအာဇာနည်တွေရဲ့သမိုင်းကို
စစ်အုပ်စုကဖျောက်ဖျက်ချင်တိုင်းဖျောက်ုဖျက်မရအောင် သူတို့ လေး
တွေကရှေ့ကနေရဲရဲဝံ့ဝံ့ သမိုင်းအမှန်ကို ထိမ်းသိမ်းကာကွယ်နေတဲ့
ပုံပါ အချိန်မရွေးဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရနိုင်တာသူတို့ သိပါတယ်
ကျမသူတို့ ကို ဂုဏ်ယူ အလေးပြုလိုက်ပါတယ်

No comments: