Tuesday, July 29, 2008

Credential Challenge နှင့်ပတ်သတ်၍

မြန်မာနိုင်ငံလက်ရှိပစ္စုပ္ပန်ရဲ့နိုင်ငံရေးအခြေအနေဟာစစ်အုပ်စုဇွတ်တိုးလုပ်နေတဲ့ လမ်းပြမြေပုံ(၇)ချက်အပေါ်မှာ
မျောပါနေကြတယ်လို့ ကျမယူဆမိပါတယ်--အဓိကအချက်တွေကတော့ စစ်အုပ်စုဟာ ငါ့မြင်းငါစိုင်း စစ်ကိုင်း
ရောက်ရောက်ဆိုပြီး ယင်းတို့ အာဏာတည်မြဲဖို့ အတွက်ဇွတ်အတင်းတိုးနေသလို ကမ္ဘာ့ကုလသမဂ္ဂကိုယ်တိုင်
ကလည်းေ၀၀ါးနေတဲ့ အပြင် နိုင်ငံရေးတော်လှန်ရေးအင်အားစုတွေရဲ့ မပြတ်သားမှုတွေကြောင့် လမ်းပြမြေပုံကို
စစ်အုပ်စု ဟာ နံပါတ် (၅) အထိသယ်ဆောင်ဖို့  ဆိုင်းပြင်းနိုင်တာပဲဖြစ်ပါတယ် ။

ကျမတို့ တိုင်းပြည်မှာ မဖြစ်သင့်တဲ့နိုင်ငံရေးအတွေးအခေါ်အယူအဆ လွဲမှားမှုတွေခုမှကြုံခဲ့တာမဟုတ်ပါဘူး။
ကိုလိုနီနယ်ချဲ့လက်ထက်ကတည်းကိုက ဒိုင်အာခီအုပ်ချုပ်ရေး ။ ၉၁ ဌါနအုပ်ချုပ်ရေး တွဲရေးခွဲရေးပြဿနာ
စတဲ့အယူအဆတွေကြောင့် ခေါင်းဆောင်တွေမကွဲသင့်ပဲ အုပ်စု အမျိုးမျိုးကွဲခဲ့ရပါတယ် ဗိုလ်ချုပ်ဆုံးဖြတ်တဲ့
ဗိုလ်ချုပ် လက်ခံတဲ့လမ်းစဉ်ကတော့အင်မတန်ပြတ်သားပါတယ် လုံးဝလွတ်လပ်ရေးကိုပါပဲ။

ရှေ့က သမိုင်းကြောင်းတွေကိုအတုယူဖို့ သင်္ခန်းစာယူဖို့ မစဉ်းစားကြပဲ၁၉၈၈ နောက်ပိုင်းမှာလည်း တော်လှန်ရေး
ရဲ့အဓိကအင်အားစုဖြစ်တဲ့ ကျောင်းသားလူငယ်တွေရဲ့ကြားမှာတွဲရေးခွဲရေး နဲ့အလားတူတဲ့ ပူးသတ်မယ် ခွါသတ်
မယ်ဆိုတဲ့ဝိ၀ါဒတွေကွဲပြားလာကြပြန်ပါတယ်။နှစ်နှစ်ဆယ်မှာစစ်အုပ်စုကိုနည်းလမ်းပေါင်းစုံနဲ့ဖယ်ရှားကြည့်ခဲ့ပြီး
ပါပြီ ။အင်မတန်မှစိတ်ရှည်သီခံပြီးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဟင့်အင်း ဆိုတာ
ကိုကျော်ဖြတ်နိုင်အောင် စစ်အုပ်စုအပေါ်ရွှေတံတားခင်းခဲ့ပြီးပါပြီ လူထုခေါင်းဆောင် လျောက်နေတဲ့နည်းလမ်း
ဟာ နိုဗယ်ငြိမ်ချမ်းရေးဆုရှင် လူထုခေါင်းဆောင်ကိုယ်တိုင်ဆက်လျောက်သွားရမဲ့နည်းလမ်းပါပဲ-တော်လှန်ရေး
အင်အားစုလို့ အမည်ခံထားတဲ့ ခေါင်းဆောင်တွေတော်လှန်ရေးသမားတွေကတော့ တော်လှန်ရေးဆိုတဲ့စကား
ရပ်နဲ့  ထပ်တူကျတဲ့ (မတရားတဲ့စစ်အုပ်စုကိုတော်လှန်မှဖီဆန်မှ) ရည်ရွယ်တဲ့ပန်းတိုင် ကိုရောက်ရပါလိမ့် မယ်

စစ်အုပ်စုဟာပြည်သူ့ အာဏာကိုပြည်သူထံလုံးဝမပေးတော့ဘူးဆိုတာ နာဂစ်ဒဏ်ခံနေရတဲ့ပြည်သူတွေဆီက
မဲတွေအတင်းအဓမ္မ ယူခဲ့တာတွေကိုလေ့လာခြင်းဖြင့်သိနိုင်သလို ပြည်သူကိုကိုယ်စားပြုနိုင်တဲ့အစိုးရတစ်ရပ်
မဟုတ်ဘူးဆိုတာလည်းထင်ရှားနေပါတယ် ၁၉၆၂ - ၇၄ - ၇၅ - ၇၆ - ၈၈ - ၉၆ -၂၀၀၃ -၂၀၀၇ စတဲ့နှစ်တွေ
မှာကျောင်းသားနဲ့ လုပ်သားပြည်သူတွေဟာ အုပ်စိုးသူမတရားမှန်းသိလို့  တော်လှန်ဆန္ဒပြမှုအမျိုးမျိုးပြုလုပ်ခဲ့
ကြပါတယ်.ဒါပေမဲ့တော်လှန်သူအင်အားတိုင်းကို သတ်ဖြတ်မှု။ထောင်သွင်းအကျဉ်းချမှု မျိုးစုံပြုပြီး အာဏာကို
ကျားကုတ်။ကျားခဲ ဖက်တွယ်ထားတာ ယနေ့ ထိပါပဲ။ဒီတော့ဒီစစ်အုပ်စု ဟာအစိုးရတရပ်အနေနဲ့ပြည်သူကို
လုံးဝကိုယ်စားမပြုဘူးဆိုတာထင်ရှာနေတာကြာခဲ့ပါပြီ။။ ပြည်သူကိုကိုယ်စားမပြုတဲ့အစိုးရတစ်ရပ်ဟာ ကမ္ဘာ့
ကုလသမဂ္ဂမှာမြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အနေနဲ့ ရှိနေခြင်းဟာစစ်အုပ်စုရဲ့အာဏာရှင်သက်ဆိုးရှည်မှုကို ကုလ
သမဂ္ဂ ကပါကျားကန်ပေးသလိုဖြစ်နေပါတယ်။

ယခု တော်လှန်ရေးအင်အားစုများကစုပေါင်းပြီးကိုယ်မြန်မာနိုင်ငံသားတွေကိုကိုယ်စားမပြုတဲ့အစိုးရတစ်ရပ်ကို
ကုလသမဂ္ဂ တွင်ကိုယ်စားပြုခွင့် မှ ရုပ်သိမ်းနိုင်ရန် နှင့်န အ ဖ စစ်အုပ်စုကို ကုလသမဂ္ဂကိုယ်စားလှယ်
အဖြစ်မှပယ်ဖြတ်ဖို့ အတွက် ၂၀၀၈ ခုနှစ်ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြတောင်းဆိုသွားမယ်
တရားဝင်ကိုယ်စားပြုနိုင်ခွင့်ကိုပယ်ဖျက်ရန်စိန်ခေါ်သွားမယ်ဆိုတာ ကြားရသိရ လေ့လာခွင့်ရတဲ့အတွက် အင်မ
တန်မှအားရကြေနပ်မိပါတယ်။။သို့ ပေမဲ့ ၀မ်းနည်းစရာကောင်းတဲ့ကိစ္စကတော့ ကျမတို့ မြန်မာပြည်အကျဉ်း
ထောင်ထဲတွင်ကျနေစဉ်မျိုးမှာ သိတ်မျော်လင့်တောင့်တခဲ့တဲ့ နိုင်ငံတကာရောက်အကြီးအကဲတချို့ ရဲ့သဘောထား
ကတော့Credential Challenge အပေါ် မူအရတော့ မှန်ကန်တဲ့ လုပ်ဆောင်မှုဖြစ်တဲ့အတွက်မကန့် ကွက်ပေမဲ့
အဲဒီ့ Credential Challenge ဟာ အောင်မြင်နိုင်ရန်လွန်စွာခက်ခဲပြီး သေချာစွာကိုင်တွယ်ဆောင်ရွက် နိုင်မှုမရှိပါ
ကအကျိုးအမြတ်မရသည့်အပြင် အချို့အနေအထားများကိုထိခိုက်ပျက်ပြားစေနိုင်တဲ့ဆိုးကျိုးများဖြစ်ပေါ်စေ
နိုင်တာကြောင့် ဦးဆောင်ကိုယ်စားပြုခြင်း အင်တိုက်အားတိုက် တာဝန်ခံပါဝင်ခြင်းမလုပ်နိုင်ပါဘူးတဲ့----

ရဲဘော်များစဉ်းစာကြည့်ပါ---ကုလသမဂ္ဂမှာ--လက်ရှိရရှိထားသောအချို့ အနေအထားဆိုတာ --ဘယ်သူတွေ
ရတာလဲ?----ပြည်သူတွေရတာလာ?---- No---No ပါ-----၀န်ကြီးတွေရတာလား? စဉ်းစားပါ
စစ်အုပ်စုကိုတိုက်ဖို့ တောခိုလာသူတွေဟာ ----လက်ရှိကုလသမဂ္ဂမှာ မြန်မာပြည်အရေး နှင့်ပတ်သတ်ပြီး
ပဂတိတည်ရှိနေတဲ့အနေအထားဆိုတာ--ဘန်ကီမိုး ရွှေတိဂုံဘုရားကို သေချာဖူးသွား နိုင်သေးတာ နဲ့သုံးသပ်ရင်
ရဲဘော်တွေသိပါလိမ့် မယ်။ ဒီတော့ အထင်ကြီးထားတဲ့ဥသျောင်ပိုင်းတွေ ဘယ်သူပါပါ မပါပါကျမတို့ အောက်ခြေ
တော်လှန်ရေးအင်အားစုအနေနဲ့ ကတော့ စစ်အုပ်စုကို အပြတ်တိုက်ရေးမူမှန်သမျှလက်ခံရမယ် --ငါတို့ နိုင် နိုင်
ခြေရှိပါ့ မလားဆိုပြီး စစ်မရောက်ခင်မျှားကုန် နေရင်---အခွင့်အရေးတွေဆုံးရှုံးမှာကိုကြောက်နေရင် --နောက်မှာ
ငြိမ်ငြိမ်လေးချန်နေခဲ့ပါ ---ဂဏန်းကောင်လို လွယ်အိပ်လို့ ဘေးတိုက်တော့ မဖြစ်စေနဲ့ပေါ့။။

နောက်ထပ် မတ်စိတ်တစ်ခု ပေးချင်ပါတယ် သိပြီးသားလည်းဖြစ်ကြပါလိမ့် မယ် ကမ္ဘာ့ကုလသမဂ္ဂမှာ အဖွဲ့ဝင်
နိုင်ငံသစ်သာ သုံးပုံနှစ်ပုံ ( ၃း၂ ) မဲနဲ့ ဆုံးဖြတ်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံဟောင်းဖြစ်တဲ့မြန်မာနိုင်ငံဟာ ထက်ဝက်
ကျော် မဲရခဲ့ရင် Credential Challenge ဟာ အနိုင်ရပြီးသားပါ။။ အကြွင်းမဲ့ မဲပေးတဲ့စနစ်နဲ့ ရိုးရိုး မဲပေးတဲ့စနစ်
မှာ Credential Chllenge ဟာ Simple majority နည်းနဲ့ ကျင့်သုံးရမှာဖြစ်တဲ့အတွက်-------------
International law ထဲကကောက်နုတ်ထားတာလေးကို ဥပမာအပိုဒ်လေးအဖြစ်ဖက်ကြည့်ပါ။
CREDENTIALS DECISIONS ARE TYPICALLY DEEMED '' PROCEDURAL '' IN NATURE ,
CREDENTIALS COMMITTE RECOMMENDATIONS ARE DECIDED BY AMAJORITY VOTE OF THE
MEMBERS PRESENT AND VOTING. ဖြစ်ပါတယ်။။ Credential Challenge ကိစၥ မွာ ကမ ၻာ့ ကုလသမဂၢ
အဖွဲ့ဝင် နိုင်ငံတွေ ဟာ န အ ဖ ဘယ်လောက် ဆိုးသွမ်းနေတယ် ပြည်သူကိုဘယ်လို ဖိနှိပ် နေတယ် လူအခွင့်
အရေးတွေဘယ်လိုချိုးဖောက်နေတယ်ဆိုတာသိပြီးသားမို့  ---ဥပမာပေးပြီးပြောရရင် အဖွဲ့ဝင် ၁၉၂ နိုင်ငံမှာ
နိုင်ငံ တစ်ရာက အစည်းအဝေးတက်ပြီး မဲခွဲရာမှာ နိုင်ငံ ၂၀ ကကြားနေ ဖြစ်မယ်ဆို ကျန် နိုင်ငံ၈၀ ထဲက ၄၁
နိုင်ငံ ကထောက်ခံမဲပေးရင် စစ်အုပ်စုကို ကျမတို့ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာကမောင်းထုတ် နိုင်ပါပြီ။
လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကစ ပြီး ကျမလို အညတြ တော်လှန်ရေးသမားဟာဘယ်လို
အခွင့်အရေးဘယ်လိုအနေအထားပဲ ရနေ ရနေပြည်သူတွေအားလုံးဟာ ဘာအခွင့်အရေးမှမရ သေးပဲ ဘာအနေ
အထားမှမရှိသေးတာကြောင့် စစ်အုပ်စုကိုအရေးယူမဲ့ Credential Challenge အပေါ် အားလုံးဝိုင်းဝန်းထောက်ခံ
ကြဖို လိုအပ်တယ်လို့ ကျမအကြံပေးချင်ပါတယ် ။ရန်သူကိုအမြင်ပြတ်ဖို့ နဲ့ ရဲရဲတိုက် နေတဲ့ ဦးဆောင်သူတွေ
အပေါ် ပြည်ဝတဲ့ထောက်ခံမှု ညီညွတ်မှု စည်းလုံးမှု ပေါင်းစည်းမှု အင်အားဟာလည်း စစ်အုပ်စုကို နင်းခြေနိုင်
မဲ့ ခြေလှမ်းပါ ပဲ မည်သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တိုက်ရေးမူမှာ မိမိပါဝင်ဆောင်ရွက်ခွင့်ရှိချိန်မှာ သမိုင်း
လှလှရေးကြပါစို့ လားလို့ မဟာမိတ်နဲ့  အခွင့်အရေးမဖက်ပြည်သူဖက်မှာရှိသူများအား တိုက်တွန်းနိုးဆော်လိုက်
ပါတယ်။။


မေအိခင်(လယ်ဝေး)

နားလည်သမျှ တော်လှန်ရေးအပေါ်စေတနာ နှင့်ရေးသားဖေါ်ပြခြင်းဖြစ်သည် ဒီ့ထက်နားလည်လျှင်အကြံပေးနိုင်
ပါသည်။ဆွေးနွေးနိုင်ပါသည်။။

3 comments:

ရဲဝင့်သူ said...

လာဖတ်သွားပါတယ်အမ... စီဘောက်စ်လေးပြန်တပ်ပါလားဗျာ...

Nay Thiha said...

နိုင်ငံရေး"လုပ်စား"သူများ ပြန်လည်ပြင်ဆင်သင့်ပြီ ဆိုတာကို မီးမောင်းထိုးပြထားတဲ့အတွက် ထောက်ခံပါသည်။ အနှစ်(၂၀)ထိ တော်လှန်ရေး ကျေးဇူးကြောင့် တတိယနိုင်ငံမှာ ဆွေမျိုးတွေ၊ သားသမီးတွေကိုလည်း ပို့ဆောင်နိုင်ခဲ့ကြပါပြီ။ လောဘတွေကိုလျှော့ပြီး တော်လှန်ရေးကို ကျေးဇူးဆပ်ကြပါဦးလို့ ထပ်မံတိုက်တွန်းပါရစေ။

Anonymous said...

မင်္ဂလာပါ အမ
အမြဲရောက်ဖြစ်ပါတယ်။ စီဘောက်က မရှိတော့လဲ၊ ဘာမှ မရေး၊ ဖတ်ပြီး ပြန်သွားပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...