Sunday, July 27, 2008

ဒဂုံတက္ကသိုလ် မှ

သို့ 
ပါမောက္ခချုပ်
ဒဂုံတက္ကသိုလ်
ရက်စွဲ။ ။ 28-7-2008

အကြောင်းအရာ။ ။ ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်း
အကျပ်လိုက်နာခိုင်းနေခြင်းများအား တားဆီးပါယ်ဖျက်ပေးပါရန်တင်
ပြခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်းကျောင်းသားကဒ်
မချိတ်ပါက ” နောက်နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှခေါ်ယုဆုံး မပြီးဖြစ်ပါ သည် ဟု ကိုယ်တိုင်ရေးသား ခံ ၀န် လက်မှတ်ရေးထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့  ပေးမ၀င် ခြင်း။
၎င်းအပြင် ကျောင်းအတွင်း အနက်ရောင်ပါသော အ၀တ်အစား မ၀တ်ရဟု စည်းကမ်း ထုတ်ခြင်း အကယ်လို့ ဝတ်ဆင်မိပါက ကျောင်းအတွင်းသို့ ပေးဝင်သော်လည်း အဆောင်အ
တွင်း ပေးမ၀င်ပဲ စာသင်ယူခွင့် ကိုပိတ်ပင်တားဖြစ်နေခြင်း။
စသည့် စည်းကမ်းချက်များသည် ကျတော်တို့  တက္ကသိုလ်ကျောင်းသားများအတွက်
မလိုလားအပ်သော စည်းကမ်းချက်များဖြစ်သည် ဟု ကျတော်တို့အနေဖြင့် သုံးသပ်မိပါ သည်။ သရုပ်ပျက်အ၀တ်အစားများဝတ်ဆင်ခြင်းမပြုရဆိုသည့် စည်းကမ်းကို ကျောင်းသား
အများစုမှ လက်ခံနိုင်ဘွယ်ရာရှိသော်လည်း မြန်မာ့ ရိုးရာ ၀တ်စုံဖြစ်သော ယောလုံချည်၊ ယော ထမီ တို့ ကို အနက်ရောင် ပါသည့် အတွက် ၀တ်ဆင်ခြင်းမပြု ဟုဆိုသော အချက်မှာ လည်း
လက်ခံနိုင်စရာ မရှိပါ။ သို့ အပြင် အဆိုပါစည်းကမ်းချက်များသည် အေးချမ်းစွာ ပညာ သင် ကြား လိုသော ကျောင်းသားများ အား မကျေမနပ်ဖြစ်စေခြင်းမှ တဖန် ဆရာနှင့် တပည့် များ
အကြား မလိုလား အပ်သော တင်းမာမှုများဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်မိပါသည်။
သို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်း
သူများအတွက် အဆိုပါစည်းကမ်းချက်များ မှာ မလိုလားအပ်သော စည်းကမ်းများဖြစ်နေပြီး
ကျောင်းသားများ အတွက် လွတ်လပ်စွာ ၀တ်စား ဆင်ယင်ပိုင်ခွင့်ကို ထိပါးနေခြင်းနှင့် ကျောင်းအတွင်းကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်းဝင်ပြီး ပညာသင်ယူခွင့် ပိတ်ပင်
ခံရမည် ဆိုသည့်စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားများ အတွက် ကျောင်းဝင်းအတွင်းလွတ်လပ်စွာ ပညာသင်ယူပိုင် ခွင့် နှင့် လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ် ပြုလုပ်ပြီး မလိုက်နာမနေရ စည်းကမ်းများ ချမှတ်နေခြင်းကို လာမည့်ကျောင်းသီတင်းပါတ်အတွင်း အမြန်ဆုံး တားဆီးပါယ်ဖျက်ပေး ပါရန်တောင်းဆိုအပ်ပါသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ

3 comments:

ရဲဝင့်သူ said...

ဒီလိုအသုံးမကျအဓိပါယ်မရှိတဲ့စည်းကမ်းချက်တွေဟာ
လိုက်နာသူရှိမှ တည်မြဲမှာပါဗျာ... ကျောင်းသားလူငယ်တွေ အားလုံးပြိုင်တူ အာခံရင်ဒီစည်းကမ်းက ဘာခံနိုင်မှာတုန်း...
လွတ်လပ်တဲ့သစ်ပင်တစ်ပင်ဟာ လွတ်လပ်တဲ့မြေပေါ်မှာပဲ ရှင်သန်နိုင်မှာပါ...

JulyDream said...

အင်း... ကိုလိုနီခေတ်က အင်္ဂလိပ်တွေ တက္ကသိုလ်ပညာရေးမှာ ဖိနှိပ်ချုပ်ချယ်တယ် ဆိုတာကို သင်ရိုးညွှန်းတမ်း သမိုင်းစာအုပ်တွေမှာ ဖတ်ခဲ့ဖူးတော့ သြော်... တိုင်းတပါးသားမို့လို့ ဒို့နိုင်ငံက လူတွေကို ဖိနှိပ်တယ်ပေါ့လို့ ငယ်ရွယ်စဉ် ကလေးဘ၀ အတွေးပေါက်မိပါတယ်။

ကိုယ်တွေ အသက်တွေ ရ အရွယ်တွေရောက်လို့ တက္ကသိုလ်တွေ တက်ခွင့်ရတော့ ကျောင်းတွေက မြို့ အပြင်မှာ... ။ အရင်တုန်းက ရန်ကုန် တက္ကသိုလ် ဆိုတာလည်း မြို့ပြင်မှာပဲ ရှိခဲ့သလို အင်းစိန် ကြို့ကုန်း က အာအိုင်တီကျောင်း ဆိုတာလည်း အဲဒီခေတ်အခါက မြို့ပြင်နားမှာပါပဲ။ ကိုယ်တွေ ခေတ်ရောက်တော့ လှိုင်သာယာ ပို့ပစ်ပေမယ့်... သြော်... မြို့ထဲမှာ နေရာ ကျပ်မှာ စိုးလို့ မြို့ပြင် ထုတ်ထားတာလားပေါ့။

အခုတော့ ... ကျောင်းဝတ်စုံတွေပါ... ကျောင်းသားကဒ်ချိတ်တဲ့ စည်းကမ်းတွေပါ ထပ်ပေါ်လာတော့... သြော်... ကိုလိုနီခေတ်က သမိုင်းတွေ တပါတ်ပြန်လည် လာသလားပေါ့ဗျာ။ ဒီတစ်ခါတော့ တိုင်းတပါးသား မဟုတ်တာ တစ်ခုပဲ သမိုင်းမှာ ကွာသွားပါတယ်။

သြော်... သမိုင်းဆိုတာ အဲဒီလို လည်နေတာပါလားဗျာ။

Unknown said...

ကျောင်းသားကဒ်ချိတ်ခြင်းကို ကျောင်းသားများအနေ နှင့် တောင်းဆိုချက်တွင် မထည့်သွင်းသင့်ပါ။

(နိုင်ငံ အများအပြားတွင် လျပ်စစ်သံလိုက်ဓာတ် သွင်းထားသော သော့ ကဲ့သို့ ဖွင့်နိုင်သည့် ကိုယ်ပိုင် ကဒ် များချိတ်ဆွဲကာ ၀င်ကြ ထွက်ကြသည့် အလေ့အထ ထွန်းကားနေပေပြီ။)

ကျောင်းဝတ်စုံမှာလည်း ဂုဏ်သိက္ခာ ရှိသော ၀တ်စုံ ဖြစ်ပါက ခွင့်ပြုရမည်သာဖြစ်ပါသည်။

တောင်းဆိုချက်၏ နောက်ကွယ်တွင် တော်လှန်ရေး အငွေ့အသက်ပါနေသဖြင့် တက္ကသိုလ်မှ ဆရာများလည်း မည်သို့မျှ ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ နိုင်ငံရေးသမား များကသာ အဖြေရှာ ပေးရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့နိုင်ငံတွင် ညံ့ဖျင်းသော အုပ်ချုပ်သူများ၊ ညံ့ဖျင်းသော နိုင်ငံရေးသမားများ ရှိနေသမျှ ညံ့ဖျင်းသော တက္ကသိုလ်ဆရာများ၊ ညံ့ဖျင်းသော တက္ကသိုလ်ကျောင်းသားများ ရှိနေဦးမှာဖြစ်ပါသည်။