Thursday, February 5, 2009

NCGUB ရဲ့ ဘယ်ဆီဘယ်ဝယ် ရက် (၁၂၀)

NCGUB ရဲ့ ဘယ်ဆီဘယ်ဝယ် ရက် (၁၂၀)
တော်လှန်ရေးကြီးတစ်ခုလုံးမှာယုံလို့ ပုံအပ်ခဲ့တဲ့ယုံကြည်ခဲ့မှုအမှားကိုဒီကနေ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက
ရင်ဖွင့်ပြီးပြောပြခဲ့တယ်။အဲဒီ့ခေါင်းဆောင်ဟာနောင်တတွေအဖန်တလဲလဲရပြီး ၀န်ခံသင့်တဲ့သူတွေကိုသူဝန်ခံပြီး
ပြောပြနေတယ်။ကျမတို့ မျိုးဆက်သစ်တွေသိထားရအောင်ဆိုပြီး ကျမအပါအ၀င်လူငယ်တွေကိုသူအခြေအနေမှန်
တွေပြောပြကာမှကျမတို့ ရဲ့ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းပြောသလို မြန်မာပြည်ရဲ့ အနာဂတ်
နိုင်ငံရေးကိုပိုလို့ ပင်ရင်လေးမိပါတယ် ။။

ရေးသင့်မရေးသင့်ချိန်ဆမိပေမဲ့ ကျမတို့ ဟာတော်လှန်ရေးအသိ မရှိသေးတဲ့သူတွေကို သိအောင်လက်ဆင့်ကမ်း
နေတယ် ။မတရားတာတွေကိုတရားအောင် အဓမ္မကိုဓမ္မနဲ့ တိုက်ပွဲဝင်နေတယ်။။ဒီအလုပ်တွေအတွက်ဘ၀တွေကို
နှစ်နစ်ဆယ်ကျော်ပေးဆပ်ပြီးကာမှ ခုလို့ အမှန်တရားရေးသားရမှာကို တွန့် ဆုတ်နေရင် ကျမတို့ လည်းတာဝန်
မကျေပေဘူးပေါ့ ။။တာဝန်ကျေချင်လို့  ဒီအဖြစ်သနစ်အမှန်ကိုအသိပေးတင်ပြလိုက်ပါတယ်။။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)ကျော်ကတိုင်းရင်းသားလူမျိုးစုတွေနဲ့ ချဉ်းဖွဲ့ စည်းခဲ့တဲ့ NDF ဟာ ယှဉ်ပြိုင်အစိုးရ
တစ်ရပ်ဖွဲ့ စည်းဖို့ ကြိုးစားနေတုန်းရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးပေါ်ပေါက်ပြီး စစ်အုပ်စုကအပြစ်မရှိတဲ့ပြည်သူ
တွေ ကျောင်းသားတွေ ရဟန်းရှင်လူအပေါင်းတို့ ကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ
ကျောင်းသားပြည်သူရဟန်းရှင်လူအများအပြားဟာ KNU အပါအ၀င်တိုင်းရင်းသားဒေသတွေ ကိုရောက်လာကြ
တယ်။။ NDF က ယှဉ်ပြိုင်အစိုးရ ဖွဲ့ ရင်တိုင်းရင်းသားအင်အားစုပဲ ပါဝင်ပြီး ကျောင်သားနဲ့ အထွေထွေ
အင်အားစုမပါဝင်နိုင်မှာ မို့ ကျယ်ပြန့် တဲ့ ယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ NDFကဦးဆောင်ပြီးDAB ကိုဖွဲ့စည်းပေးခဲ့တယ်
DAB ဖွဲ့ စည်းရတဲ့အဓိကရည်ရွယ်ချက်(၄) ခုကတော့
(၁) စစ်အာဏာ၇ှင်စနစ်ဖြုတ်ချရေး
(၂) စစ်မှန်တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ရေး
(၃) ငြိမ်းချမ်းရေးတည်ဆောက်ရေး
(၄) စစ်မှန်တဲ့ဖယ်းရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ ဖြစ်ပါတယ်
DAB ကိုဖွဲ့ စည်းပြီး စစ်အုပ်စုကို အနိုင်တိုက်နိုင်မဲ့ယှဉ်ပြိုင်အစိုးရ ဖွဲ့ စည်းဖို့ ပြင်ဆင်နေချိန်မှာလက်ရှိ NCGUB
ကအသုံးပြုနေတဲ့ စည်းတံစိတ် ကိုပင်DAB ကဖွဲ့ စည်းမဲ့ ယှဉ်ပြိုင်အစိုးရ တံဆိတ်အဖြစ် အသင့်ဖြစ်ပြီးချိန်တွင်
န၀တ ၁၉၉၀ခု မေလ ၂၇ မှာအထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်။ တရားမျှတ သန့် ရှင်းစွာကျင်းပ
ပေးမယ်လို့ ကြေညာခဲ့တယ်။။ပါဝင်ချင်တဲ့အဖွဲ့ အစည်းတွေရွေးကောက်ပွဲဝင်နိုင်တယ်လို့ လဲကြေညာခဲ့တယ်။။

မာနယ်ပလောမှာ အဲဒီ့  န ၀ တ ရဲ့ ကြေညာချက် ကိုဆွေးနွေးကြတဲ့ အခါ တစ်ချို့ ခေါင်းဆောင်တွေက
န ၀ တ ပြုလုပ်ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲ ကိုစောင့်ကြည့်ကြပါဦးလို့ အကြံပေးတယ်။
ဒီလိုနဲ့ စောင့်လိုက်တာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က
အနိုင်ရလိုက်တယ် ။။
ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့  NLD ကအစိုးရများဖွဲ့ ဖြစ်မလားဆိုပြီး
ခနစောင့်ကြပြန်ပါတယ် ဒါပေမဲ့ စစ်အုပ်စု က အစိုးရ ဖွဲ့ ခွင့်မပြုခဲ့ပါဘူး ။။ ဒါကြောင့် DAB က
စင်ပြိုင်အစိုးရဖွဲ့ ဖို့  ဆုံးဖြတ်လိုက်ကြတယ်DAB က စင်ပြိုင်အစိုးရဖွဲ့ ရင် ဗိုလ်ချုပ်ကြီးစောဘိုမြ က သမ္မတ
ဦးဘရင်ဆိုင်းက၀န်ကြီးချုပ် နိုင်ရွှေကျင် ဗိုလ်ချုပ်သွင်တို့ က ဒုတိယ၀န်ကြီးချုပ် စသည်ဖြင့်ပေါ့

-အဲဒီ့လိုဆုံးဖြတ်လိုက်ကြတဲ့အချိန်မှာပဲ DAB ခေါင်းဆောင်တွေဆီကိုမွန်ပြည်သစ်ပါတီရဲ့ ဥက္ကဌ နိုင်ရွှေကျင်
ဆီကကြေးနန်းစာရောက်လာတယ် ဘုရားသုံးဆူလမ်းကနေပြည်သူ့ လွတ်တော်ကိုယ်စားလှယ်(၇)ဦးလာနေပြီ
တဲ့--အဲဒီ့လိုပြည်သူ လွှတ်တော်ကိုယ်စားလှယ်တွေလာနေပြီးဆိုတာသိတဲ့အခါDAB ခေါင်းဆောင်များ စင်ပြိုင်
အစိုး၇ဖွဲ့ ဖို့ နည်းလမ်းနှစ်ခုကိုအကြံပြုခဲ့ပါတယ်။
အဲဒီ့နည်းလမ်း ၂ ခုကတော့
(၁) DAB ခေါင်းဆောင်တွေချဉ်းပါတဲ့ စင်ပြိုင်အစိုးရဖွဲ့ ဖို့ နောက်တစ်ခုကတော့
(၂) ရောက်လာတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးစင်ပြိုင်အစိုးရဖွဲ့ ဖို့ ဖြစ်ပါတယ် ။
မှတ်ချက်မှာတော့ DAB ခေါင်းဆောင်တွေနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေပူးပေါင်းပြီးစင်ပြိုင်အစိုးရဖွဲ့ ရင်ပိုမို
ထိရောက်တယ်လို့ အကြံပြုခဲ့တယ် ။။အကြံပြုစာကိုရတဲ့မွန်ပြည်သစ်ပါတီရဲ့ဥက္ကဌကြီး နိုင်ရွှေကျင် ဟာ အချက်
(၂) အချက်ကသိတ်လေးနက်တယ် အမတ်တွေနဲ့ ပေါင်းပြီးစင်ပြိုင်အစိုးရဖွဲ့ ဖို့ ထောက်ခံပြီး မွန်ပြည်သစ်
ပါတီရဲ့အတွင်းရေးမှုးနိုင်ဟန်သာကိုချက်ချင်းပဲမာနယ်ပလောကိုစေလွတ်လိုက်တယ်။။
ရန်သူ့ စစ်ကြောင်းကိုအမျိုးမျိုးရှောင်ရှားပြီးမွန်ပြည်သစ်ဌါနချုပ်ကိုရောက်လာတဲ့ အမတ်တွေကိုမာနယ်ပလောကို
ခေါ်ယူခဲ့ကြတယ်။အခက်အခဲများစွာကြားကရောက်လာတဲ့ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ စားဝတ်နေရေးအစစကို
DAB ခေါင်းဆောင်တွေဝိုင်းဝန်းပံ့ပိုးခဲ့ကြတယ်။။ မာနယ်ပလောမှာ DAB ခေါင်းဆောင်တွေနဲ့ အမတ်တွေ နဲ့ 
စင်ပြိုင်အစိုးရဖွဲ့ စည်းမဲ့ အစည်းအဝေး ပထမ နေ့ မှာ ဒေါက်တာစိန်ဝင်းဟာ အာဇာနည် ဦးဘ၀င်းသား
လည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲလည်းဖြစ် ။လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တာကြောင့်
ဝန်ကြီးချုပ် နေရာကိုပေး ဖို့ နဲ့  ဦးပီတာလင်းပင်ကိုတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပေးပြီးကျန်တဲ့နေရာတွေ
ကို DAB ခေါင်းဆောင်တွေကကောင်းသလိုစီစဉ်နိုင်တယ်လို့ အမတ်ကြီးတွေကတောင်းဆိုခဲ့တယ်။။

ပထမနေ့ မှာဒီသဘောတူညီချက်တွေနဲ့ ပြီးစီးသွားတယ်။ပထမရက်မိုးချုပ်သွားတာကြောင့်နောက်နေ့ဆွေးနွေးဖို
့ဆုံးဖြတ်ကြတယ်။နောက်နေ့ အစည်းအဝေးစတဲ့အခါဒေါက်တာစိန်ဝင်းဦးဆောင်တဲ့  အမတ်များက ကျနော်တို့ 
အလေးအနက်စဉ်းစားတယ် ကျနော်တို့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေချဉ်းပဲ (၆) လလောက်အစိုးရ
ဖွဲ့ ခွင့်အရင်ပေးပါ (၆) လအတွင်းနိုင်ငံခြားသွားပြီးလောဘီလုပ်မယ် (၆) လပြည့်ရင် DABခေါင်းဆောင်တွေ
နဲ့ တိုးချဲ့ ဖွဲ့ မယ်လို့ တင်ပြလာတယ် ။။

အဲဒီ့အခါ အင်မတန်မှအံ့သြစရာကောင်းတာ သူ့ ခေတ်သူ့ အချိန်က တော်လှန်ရေးကျားကြီးတွေလို့ ရည်ညွန်း
လို့ ရတဲ့ ရန်သူကိုတိုက် တဲ့နေရာမှာ ရဲရင့်ပြတ်သားစွာကျားကုတ်ကျားခဲသဲသဲမဲမဲ တိုက်ရဲခိုက်ရဲတဲ့ဗိုလ်ချုပ်မြ ။
ဦးဘရန်ဆိုင်း။နိုင်ရွှေကျင်။ဗိုလ်ချုပ်သင် တို့ ဟာ ဘာမှသံသယ မရှိ ပြန်မပြောပဲဒေါက်တာစိန်ဝင်းဦးဆောင်တဲ့
အဖွဲ့ကိုယုံယုံကြည်ကြည်နဲ့ မာနယ်ပလောဌါနချုပ်မှာတော်လှန်ရေးအင်အားစုထောင်ပေါင်းများစွာနဲ့ အခန်းအနား
ကျင်းပကာ ညွန့် ပေါင်းအစိုးရကိုဖွဲ့ စည်းပေးပြီးDAB ကထောက်ခံကြောင်းကြေညာပေးခဲ့ကြတယ်။ ပြီးတော့
NCGUB ၀န်ကြီးများအတွက်လိုအပ်သမျှကိုဖြည့်စည်းပေးပြီးတော်လှန်ရေးအကျိုးအတွက်အမေရိကန်နှင့်ဥေ၇ာပ
တစ်ခွင်သွားလာနိုင်အောင်ပံ့ပိုးပေးခဲ့တယ်။။

(၆)လကြာသွားတဲ့အခါ NCGUB ညွန့် ပေါင်းအစိုးရကိုDAB ခေါင်းဆောင် တွေနဲ့ တိုးချဲ့ဖွဲ့ စည်း မယ်ဆိုတဲ့
ဂတိလည်း ပျက်ပြားသွားခဲ့ကြပါတယ်။။ DAB ဥက္ကဌကြီးဗိုလ်ချုပ်မြက ပြောခဲ့ဆိုခဲ့ပြီးတဲ့ အခြေအနေတွေဘယ်လို
ဆက်ဆောင်ရွက်မလဲ ဆိုပြီး NCGUB ၀န်ကြီးချုပ်ကို စာပို့ တဲ့ အခါ ဒေါက်တာစိန်ဝင်းရဲ့
ပြန်စာကတော့
ကျနော်တို့ အခုမြန်မာနိုင်ငံဒီမိုကရေစီရရေးအတွက်ကြိုးစားနေတယ်။အတင်းအဓမ္မမတိုက်တွန်းပါနဲ့ ယိုးဒယားနိုင်ငံ
ံမှာ ဗိုလိချုပ်ကြီးဆူချန်တာ စစ်တပ်နဲ့ အာဏာသိမ်းသလို DAB ကလည်းကျနော်တို့ အစိုးရအဖွဲ့ ကိုအာဏာသိမ်း
သလိုဖြစ်သွားလိမ့်မယ် လို့ ပြန်စာပို့ ခဲ့ပါတယ်။တကယ်တော်လှန်ရေးမှာရန်သူစစ်ဝါဒီတွေကိုရဲရဲတောက်တိုက်ခိုက်
ခဲ့တဲ့တော်လှန်ရေးခေါင်းဆောင်တွေ ဟာ ဒေါက်တာစိန်ဝင်းပြန်ရေးတဲ့စာအပေါ်သီးခံနိုင်ခဲ့ပုံကတော့အတော်လေး
အံ့သြစရာကောင်းပါတယ်။။ဗိုလ်ချုပ်ကြီးမြ ဥက္ကဌကြီးနိုင်ရွှေကျင် ဘရန်ဆိုင်းတို့ ကတော့ ဒီလူတွေဒီလိုလိမ်မယ်
လို့ မစဉ်းစားခဲ့ဘူး လို့ ပြောခဲ့ဘူးတယ် လို့ သိရတယ်။

ဒါ့အပြင်လက်ရှိဒက်ဗလင် မှာပဲခုချိန် တာမလာဘော လာရင်လည်းအားလုံးထမင်းငတ်မှာပဲဆိုတဲ့ဒေါက်တာစိန်ဝင်း
ရဲ့ သဘောထားအားလုံးကြားသိကြမှာပါ။။ ဒီတော်လှန်ရေးအင်အားစုကိုမှီခိုပြီးအစိုးရဖွဲ့ နိုင်ခဲ့ခွင့်ကိုမထောက်ထား
ပဲပြောရက်ခဲ့တာ NGO တွေဆီကဒေါ်လာ တွေ ဘယ်လောက်မျှော်လင့်ပြီး တော်လှန်ရေးခေါင်းဆောင်တွေ ကို
ဘယ်လောက်ကျေးဇူးကန်းသလဲဆိုတာထင်ရှားနေပါတယ်။။

အဲဒီ့ကာလမှာ (၆)လပဲ ကျနော်တို့ ချည်းဖွဲ့ ခွင့်ပြုပါ။။(၆) လပြည့်ရင် DAB ခေါင်းဆောင်တွေနဲ့ ပါပူးပေါင်းဖွဲ့ 
ပါမယ်ဆိုတဲ့ ဂတိ ဟာ ၁၈ နှစ်ကြာသွားပြီမို့  အခု လည်းတိုင်းရင်းသားခေါင်းဆောင်တွေပါမဲ့ဖယ်ဒရယ်စနစ်ကို
အကောင်အထည်ဖေါ်ဖို့  ရက်ပေါင်း ၁၂၀ ဆိုတော့အနည်းဆုံး နောက်ထပ် (၉)နှစ်တိတိဒေါက်တာစိန်ဝင်း
ဦးဆောင်တဲ့ ညွန်ပေါင်းအစိုးရ တိုင်းရင်းသား ပြည်သူတွေအပေါ်ထပ်လိမ်ဦးမယ်လို့  မြင်ပါတယ်ဆိုတဲ့အကြောင်း
တော်လှန်ရေး နှစ်(၃၀)ကျော်လုပ်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးကယုံကြည်မှုအမှားကြောင့်ပြည်သူရောတော်လှန်ရေး
တစ်ခုလုံးပါ နစ်နာ ခဲ့ပုံကို ရှင်းပြခဲ့တဲ့အတွက်ပြည်သူအများစုနားလည်သဘောပေါက်အောင်ကျမလက်ဆင့်ကမ်း
တင်ပြလိုက်ပါတယ်။။

ကွယ်လွန်အနိစ္စရောက်ကြပြီးဖြစ်တဲ့တော်လှန်ရေးခေါင်းဆောင်ကြီးများကောင်းရာသုဂတိ
လားပါစေ။။
အာဏာရှင် မှန်သမျှ ကျဆုံးစေရမည် ။။

မေအိခင် (လယ်ဝေး)

No comments: