Wednesday, December 31, 2008

HAPPY NEWYEAR

ရဲဘော် မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ရည်ရွယ်ချက်ကောင်းစိတ်ကောင်း
ရှိသူမှန်သမျှ လိုရာဆန္ဒအလုံးစုံပြည့်ဝနိုင်ကြပါစေ -- ၂၀၀၈ ကို ပြဿနာပေါင်းစုံ ဒုက္ခပေါင်းစုံ စွန့် လွတ်
စွန့် စားကျော်ဖြတ် ခဲ့ရမှုပေါင်းစုံ ထောင်ထဲကို လည်း ထပ်မံရောက်ရှိသွားပြီး မွမ်းကျပ် နေကြပ်နေကြရ
တဲ့ ခံစားရမှု ပေါင်းစုံဟာ ငါတို့ အတွက်မဟုတ်ဘူး -- မျိုးဆက် သစ်တွေ နောင်လာနောင်သားတွေကောင်း
စားကြဖို့ ရာပဲ လို့ နှလုံးသွင်းကြရင် ဖြင့် ၂၀၀၉ မှာ ရဲရဲတောက် ပိုလို့ တောင် အားသစ်တွေနဲ့  အဆုံးအဖြတ်
ပေးမဲ့ ပြည့်သူ့ ဘ၀ ကောင်းစားရေးခေတ်ကိုရောက်ကြရမှာဧကန်အမှန် မလွဲ မသွေ ပါပဲ ။။
ဒီလို ပဲ မင်းဆိုးဘေးကနေ သဘာဝဘေး ဒဏ် ကို ထပ်မံခံစား ခဲ့ ကြရတဲ့ မြန်မာပြည်သူတွေ အတွက်
၂၀၀၈ ဟာကြမ္မာဆိုးကြီးပါ ။။ ဒီ ၂၀၀၈ ဟာ သက္ကရဇ် တရားခံ မဟုတ်ပဲ သဘာဝသယံဇာတတွေ ကို
လက်လွတ်စံပါယ်ဖျက်ဆီးရောင်းချခဲ့တဲ့အတွက် သဘာဝ ဘေးဒဏ် ပြည်သူခံရတာပါ လာမဲ့သက္ကရဇ် တွေမှာ
အဲဒီ့လိုမဖြစ်ရအောင် ကျမ တို့  လိုချင်တဲ့ ပြည်သူ့ အစိုးရတစ်ရပ်ရမှ ဖြစ်မှာ ဒီ့အတွက် ၀န်းရံကြမယ်ကြိုးစား
ကြရမယ် -- ဒါကြောင့် ကုန်ဆုံးသွားတဲ့ ၂၀၀၈ ရဲ့  အတိတ် ဆိုတာလည်း အနာဂတ်နဲ့ ပစ္ဆုပန် ကိုလွမ်းမိုးသွား
လို့ မရပေ မဲ့ အတိတ်ရဲ့ ဖြစ်ရပ်တွေကိုသင်္ခန်းစာယူပြီး ကျမ တို့  စွမ်းအားရှိသမျှ အစွမ်းကုန် ပြည်သူ့ အတွက်
တွန်းအားပေးလိုက်ကြရအောင် ပြိုင်တူတွန်းရင် စစ် အုပ်စု ရွေ့ ကိုရွေ့ သွားမှာ အသေအချာပါ ။။
နှစ်သစ်မှာ ကောင်းသောရည်ရွယ်ချက်သမျှ အားလုံးပြီးမြောက် ကြပါစေ ။။

မေအိခင် (လယ်ဝေး)

2 comments:

Myo Win Zaw said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ အမရေ

ATN said...

၂၀၀၉ က ကောင်းမြတ်ခြင်းတွေ သယ်ယူလာပါစေလို့ ဆုတောင်းပါတယ်....
ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေ...