သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာကတားဆီးနိုင်မလဲ
သင်ပြောချင်ရာဖွင့်ပြောလိုက်ပါ
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့် ပိုစတာများကိုင်၍ ယနေ့နေ့လည် ငြိမ်းချမ်းစွာ ချီတက်လာစဉ်
လွှတ်တော်ရှေ့အရောက်၌ လုံထိန်ကားများဖြင့် ပိတ်ဆို့ ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။
လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းလည်းသိရှိရပါသည်။ ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကိုဖမ်း ရိုက်ဟုဆိုကာ လုံထိမ်းများက နံပါတ်တုတ်များဖြင့် ဦးခေါင်းအားရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်။လုံထိမ်းများနှင့် အတူအရပ်ဝတ်များလဲဟိုင်းလတ်ကားတစီးအပြည့် ပါသည်။ယခုဖြစ်ရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင် ရုံးရှေ့ မှစတင်ထွက်ခွာသွားခြင်းဖြစ်ပါသည်။
(ဘယ်လောက်ပင်ညှင်းဆဲ သတ်ဖြတ် နေလည်း ဇွဲမလျော့ပဲ ရဲရင့်သည့် ပြည်တွင်းမှ NLD လူငယ်များကိုဂုဏ်ယူအလေးပြုပါသည်)
ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြ
ကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ
ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။
(၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း
မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း
ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။
အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင်
အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြား
ရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များ
မှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊
ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့်
သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။
မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါ လမ်းလျှောက် ဆန္ဒပြသူများသည်
အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်
သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။
အတ္တကင်းစင်ဒီမိုကရေစီလွင်ပြင် -- မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment