Saturday, December 27, 2008

၂၇၄၈ နှစ် ကရင်နှစ်သစ်ကူးပွဲတော် ထိုင်းနိုင်ငံတွင်ကျင်းပ

က၇င်နှစ်သစ်ကူးပွဲ ကို ထိုင်းနိုင်ငံတစ်နေရာမှာဒီကနေ့ ည တေးဂီတ၀ိုင်းနဲ့ ဖျော်ဖြေ ကျင်းပခဲ့ပါတယ်
ကျမတို့ ရန်ကုန်မှာရှိတုန်းငယ်စဉ်တုန်းကတော့အင်းစိန် အ ထ က (၁) ကျောင်းကြီးဟာ ကရင်ဒုံးရိန်း
အကပြိုင်ပွဲတွေ နဲ့ပျော်စရာည ဖြစ်ခဲ့သလို အင်းစိန်စော်ဘွါးကြီးကုန်း ရဲ့ ဆေးဝင်္ဂဘာ အာလိန်ငါးဆင့်
မှာဆို ကရင့်ခေါင်းဆောင်ကြီးတွေ ရဲ့တွေ့ ဆုံမှု နဲ့ ပျော်ပျော်ရွင်ရွင် ပေါ့ ဒေါ်အောင်ဆန်းစုကြည်တောင်
ကရင်ခေါင်းဆောင်ကြီးတွေ နဲ့ တွေ့ ဆုံမဲ့ အာလိန်ငါးဆင့်က ပွဲတစ်ခုမှာစစ်အုပ်စုယာယီ ထိမ်းသိမ်းတာ
ခံခဲ့ရဖူးပါတယ်။
ကျမဒီကနေ့  ကရင် နှစ်သစ်ကူးပွဲကြည့် နေတော့ အဲဒီ့တေးဂီတ၀ိုင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်း
တွေဖြစ် တဲ့ ကို ၀င်းဇော် နဲ့ ကို ဘိုလေး ကို ဘေ့(စ်) ဂစ်တာနဲ့  ရက်သန် တီးခတ်နေတာတွေ့ လိုက်ရ
တယ် ကျမ လည်း အနုပညာဆို အဆို မှအတီးမှာမှ ရူးသွပ်ခဲ့ဖူးတော့ ရင်ထဲ မှာ ထောင်ထွက်တွေစင်ပေါ်
တက်တီးနေတာ ပီတိအတော်ဖြစ် သွားတယ် ။ မြန်မာပြည်မှာလည်း ခု ချိန်ထိ (၇၄ ဘတ်(စ်)) တွေလို
ကျမတို့ ခေါ်ပြောတက် တဲ့ နိုင်ငံရေး လိုင်းက သူတွေ တီးခတ်နေမှု ရေးနေမှု ဆို နေမှုတွေ ရှိဆဲမှာ မနေ့ 
တနေ့ က ပဲ ထောင်ထဲ ကို စက်တင်ဘာ လှုပ်ရှားမှု နဲ့ ထပ်ဝင်သွားရတဲ့ အလင်္ကာ တေးဂီတ (အရင်က
ရွှေသံစဉ်)ပေါ့ အဲဒီက ကိုဝင်းမော် ကို သတိသွားရလိုက်မိပြန် တယ် --ခု ၀ိုင်းမှာ ဘေ့(စ်) င်္တီးနေတာ
ကိုဝင်းမောင်ရဲ့ ညီ ကိုဝင်းဇော် လေ --
ကျမကြည့်သာကြည်နေတာ လိုက်သာဆိုနေတာ ရင်ထဲ မှာ ကျမ တို့တိုင်းရင်းသား တွေကိုသနားလိုက်တာ
လေ ကျမတို့ တိုင်းရင်းသားလို့ ပြောရတာ ကျမ ကိုယ်တိုင်ကလည်းမြန်မာတိုင်းရင်းသားပေ ပဲကိုး ဒါပေမဲ့
လူမျိုးစု အရည်အတွက် ပမာန နည်းတဲ့ကျမတို့ သွေးချင်းတွေဟာ လွတ်လပ်တဲ့ကိုယ်ပိုင်ပြဌါန်းခွင့်တွေမပြည့်
စုံရရှာတော့ ခု လိုပွဲလေးမှာ ပျော် နေရပုံလေးကျမတကယ်ကိုဂရုဏာဖြစ်မိပါတယ် ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုဘိုလေး ဆို လိုက်တဲ့သီးချင်း က ပြန်ခဲ့တော့တဲ့ ကိုလေးဖြူ တို့ ဝိုင်းက ဆိုနေကျ
သီချင်းလေး လေ--- အားလုံးသြဘာသံတွေ နဲ့အတူ လိုက်ဆိုလိုက်ကြတာ ကျမ မျက်ရည်တွေလိမ့်ကျလာ
တယ်။။ အလကားနေမငိုတက်ပေ မဲ့ ခါးသီးတဲ့စစ်အာဏာ၇ှင်ကြောင့် သူများတိုင်ပြည်မှာခိုလုံနေရပြီး ကိုယ့်
တိုင်းရင်းသားတွေရဲ့ လေးနက်တဲ့နှစ်ကူးဟာ ဒီလိုမျိုးပုံစံနဲ့ ပဲကျော်ဖြတ်ခဲ့ရတာကြာပြီပေါ့ လေ --
ကိုဘိုလေး ဆိုတဲ့ -- ငါတို့ ရဲ့မိသားစုကမ္ဘာလေးထဲ --- အိမ်ကိုပြန်ခဲ့တော့ --- ဆိုတဲ့စတဲ့သံစဉ်တွေ ကျမ
ရင်ထဲအတော်ရိုက်ခတ်တာ ဘယ်တော့ မှ များကျမလည်း ဖခင်အိုကြီးဆီ ပြန်ရလေမလဲ လို့ ပေါ့ --
တေးသံသာသာ နဲ့ဆို သွားတဲ့ကရင်တိုင်းရင်သူတိုင်းရင်းသားလေးတွေရဲ့ အနုပညာအစွမ်းက လည်း
အတော့ကိုမြင့်ပါတယ် -- သူတို့ လေးတွေရဲ့အရည်အသွေးတွေ တိမ်မြုတ် လို့  - တစ်ယောက်ကများဆို မနှစ်
ကထဲကသီချင်းဆိုချင်နေတာပါတဲ့ ---
အဲဒီလိုရိုးသားမှုတွေပြည့်နှက်နေတဲ့ကျမတို့  သွေးချင်းတွေကြား နည်းမျိုးစုံနဲ့သွေးခွဲ အိမ်ကြက်ချင်းအိုးမဲသုတ်
ခွပ်ခိုင်းသလို ရန်တွေတိုက် နှစ်ဖက် နာပြီးမောပမ်းရင် အနိုင်နဲ့ပိုင်း ခုတ်ပိုင်းနေတဲ့စစ်အုပ်စု စနစ်ဆိုးကိုကျမတို့ 
ဒီ ၂၀၀၉ မှာအပြီးသတ်ကြရအောင်လား --ဒီအတွက် သွေးစည်းမှရိုင်းပင်းမှဖြစ်မယ် --ကျမတို့ သွေးချင်းတွေ
ငြိမ်းချမ်းဖို့ တိုးတက်ဖို့  ရောက်ရှိနေတဲ့ဘ၀အခြေအနေလေးမှာပဲ တိမ်မြုတ်မနေပဲ အားခဲပြီး တော်လှန်ကြပါစို့ 
ကရင့်အမျိုးသားတို့  လိုရာဆန္ဒပြည့်ဝကြပါစေ ။။

မေအိခင်(လယ်ဝေး)






No comments: