Sunday, December 28, 2008

သွေးသစ်လောင်းပွဲ

သွေးဘဏ်တိုက်မှ
သွေးမိုက်သွေးညစ်၊ဖောက်ထုတ်ပစ်၍
သွေးသစ်လောင်းကြ၊ခေတ်ပြောင်းကြ။

သွေးညှိသွေးယုတ်၊သွေးပြည်ပုပ်ကြောင့်
ချုပ်လုဇီဝိန်၊ခန္ဓာအိမ်ကို
အချိန်မှီအောင် ခွဲစိတ်ကြ။

သွေးမစင်ကြယ်က
သွေးပင်လယ်မြစ်၊ပြည်သူနစ်လိမ့်
သွေးစစ် သွေးမှန်၊သွေးစစ်ကန်တွေ
သွေးလျှံသွေးကောင်း၊သွေးမျိုးပြောင်း၍
သွေးဟောင်းစင်မှ၊သွေးသစ်လှ
အရုဏ်သစ်ဆီ ချီတက်ကြ။ ။



ဆရာတင်မိုး

(မောင်လေးလှိုင်မင်း ပို့ ပေးသောမေး(လ်) မှ )

No comments: