ဒေါက်တာ သောင်းထွန်းခင်ဗျား
ဒေါက်တာဟာ ကျွန်တော်တို့ အဘိုး( သို့ ) အဖ အရွယ်ပါ..
ကျွန်တော်တို့ အနေနဲ့ ဒေါက်တာကို ပြင်ပမှာလည်းမတွေ့ဘူး
သလို ပုဂ္ဂိုလ်ရေးအရလည်း အမြင်စောင်းတဲ့ အဖြစ်မျိုးတွေမရှိကြပါဘူး ။
ဒီရက်ပိုင်းတွေမှာ အင်တာနက်စာမျက်နှာတွေကတဆင့်
ဒေါက်တာဟာ Creadential Challenges ကိုအောင်မြင်ဆောင်ရွက်
နိုင်ခြင်းမရှိအောင် လိုက်လံဆောင်ရွက်နေပါတယ်လို့
ကြားသိရပါတယ် ။ ဒေါက်တာဟာ NCGUB ရဲ့အဖွဲ့ဝင်တစ်ယောက်
ဆိုရင်တော့ဘာကြောင့် NCGUB ဖြစ်ပေါ်လာပါသလည်းဆိုတာကို
ပထမဦးစွာမေးမြန်းလိုပါတယ် ။
ကျွန်တော်တို့ သိရသလောက် NCGUB ဟာစစ်အာဏာရှင်တို့ကြောင့်
လွတ်မြောက်နယ်မြေသို့ထွက်ပြေးတိမ်းရှောင်နေကြတဲ ရွှေးကောက်ပွဲ
ဝင် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စင်ပြိုင် အစိုးရတရပ်ဖြစ်
ကြောင်းနားလည်ထားမိပါတယ်ခင်ဗျား ။
စင်ပြိုင်ဆိုတဲ့ စကားရပ်နဲ့အညီ စစ်အာဏာရှင်တို့ရဲ့ ယုတ်မာသော
လုပ်ရပ်များကို ကမ္ဘာအသိ မြန်မာအသိဖြစ်အောင်ဖော်ထုတ်ရမှာလဲ
NCGUB ရဲ့ ၀တ္တရားများပဲဖြစ်သည့်အပြင် စစ်အာဏာရှင်တို့အား
နိုင်ငံရေးနည်းအရ ယှဉ်ပြိုင်ရမည့်တာဝန်များကိုပါ ပူးတွဲဆောင်ရွက်
နေပါသည်ဟု ပြည်သူအများစုကထင်မြင်ကြပါတယ် ။
ဒေါက်တာအပါအ၀င် NCGUB အဖွဲ့ဝင်တချို့၏လုပ်ရပ်များကြောင့်
ပြည်သူတွေရဲ့ထင်မြင်ယူဆချက်တွေဟာ သဲထဲရေသွန်သလို အရ
မထင်ခဲ့တော့ပါဘူးခင်ဗျား ။
ဒေါက်တာတို့ဟာ " မလုပ် ၊ မရှုတ် ၊ မပြုတ် " ဆိုတဲ့ဆိုရှယ်လစ်
ခေတ်ကလုပ်ရပ်မျိုးတွေကိုပဲ ယနေ့အချိန်ထိလုပ်ဆောင်နေကြတာကို
ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေ့ရှိနေရပါတယ် ။
ဒေါက်တာသောင်းထွန်း ခင်ဗျား
ဒေါက်တာတို့တစ်တွေ တွေးရဲဖို့လိုနေပါတယ် ဒါမှာလည်း ကိုယ့်
အနာဂတ်မှာ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ဖြောင့်ဖြောင့်
လျှောက်နိုင်ဖို့တွေးရဲတဲ့သတ္တိတွေလိုပါတယ် ၊ ဒါမှာလည်း
Creadentials Challenges ရဲ့အမြင့်ဆုံးအကျိုးကျေးဇူး
( Maximum Benefit ) ကိုရမှာဖြစ်ပါတယ် ။
လူဘ၀တိုတိုလေးမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ဖို့ဆိုတာ လူသား
တိုင်းရဲ့တာဝန်ပါ ၊ အကောင်းဆုံးလုပ်နိုင်ခဲ့ဖို့ဆိုတာကတော့
ကိုယ်ရွှေးချယ်မူတွေကိုမှန်လား မှားလားဆိုတာကိုပြန်လည်ပြီးဆန်း
စစ်ဖို့ဒေါက်တာတို့ကို အကြံပေးပါရစေခင်ဗျား ။
ဒေါက်တာတို့လိုမျိုး အဖွဲ့အစည်းအဆင့်တွေမှာ ဦးဆောင်သူတွေဟာ
မှားခဲ့ရင်တောင် အမှန်ပြန်ပြင်ဖို့ ရွှေးရဲတဲ့ သတ္တိရှိကိုရှိသင့်ပါတယ် ၊
ဒါကလည်း ကိုယ်အရွှေးမှားမူကြောင့် ဆိုးကျိုးခံရမယ့် သူတွေ
နောက်မှာ ရှိနေလို့ပါပဲ ။
ဒေါက်တာအပါအ၀င် "မရှုပ် ၊ မပြုတ် ၊ မလုပ် " ဆိုတဲ့မူတွေကို
လက်ကိုင်ထားတဲ့လူတွေကို နောက်ဆုံးပြောချင်တာကတော့
NCGUB ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကို မမေ့ဖို့နဲ့ ပြည်တွင်း
အင်အားစုတွေဟာလည်း ဒေါက်တာတို့အဖွဲ့အစည်းထက် ပိုလို့
ပေးဆပ်နေကြတာကို သိတက် ၊ မြင်တက် ၊ ရှက်တက်ရင်ဖြင့်
စစ်အာဏာရှင်ကို ဘေးကျပ်နံကျပ်ဖြစ်စေမယ့် နိုင်ငံရေးနည်းလမ်း
တွေမှာ မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့လို့ ပြောပါရစေ ။
သားထူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment