အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်၌ အကျယ်ချုပ် ထိန်းသိမ်းထားခြင်း
သည် ယခုအခါ အမှုအဖြစ် သတ်မှတ်လိုက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင်
ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ယနေ့ပြောသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလ (၈)
ရက် သို့မဟုတ် (၁၀) ရက်တွင် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားခြင်းကို ခွင့်မပြုကြောင်း ၎င်းအား
ယခုလ (၉) ရက်နေ့တွင် ခေါ်ယူအကြောင်းပြန်ရာ၌ အယူခံလွှာကို အစိုးရက ဆောင်ရွက်နေပြီဖြစ်
သည်ဟု အာဏာပိုင် များက ပြောဆိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိစ္စသည် အမှုဖြစ်သွားပြီ ဟု
ပြောနိုင်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြော သည်။
ရှေ့နေကြီးဦးကြည်ဝင်းက “သူတို့ကပြောတာက ကျနော်တို့တင်ထားတဲ့အယူခံလွှာကိုတဲ့၊ နေပြည်
တော်မှာပေါ့ဗျာ ကျနော်တို့တင်တာ နေပြည်တော်မှာကိုး။ တင်ထားတဲ့အယူခံလွှာကို ဆောင်ရွက်နေ
ပါပြီတဲ့ ဒီစကားသုံးတယ်သူက။ ဒါကြောင့်မို့လို့ ဒေါ်စုနဲ့ တွေ့စရာလိုတော့မယ် မဟုတ်ဘူးလို့ ယူဆ
တယ်တဲ့။ အမှုသဘောတော့ဖြစ်သွားပြီ။ ဆောင်ရွက်နေပြီလို့ပြောတာကိုး။ဆောင်ရွက်နေတာဘယ်
အဆင့်ရောက်ပြီလဲတော့ မပြောဘူးဗျ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံလွှာကို ယခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ရှေ့နေကြီး
ဦးကြည်ဝင်း၏ လက် ထောက်ရှေ့နေ ဦးလှမျိုးမြင့်က နေပြည်တော်၌ ၀န်ကြီးအဖွဲ့ထံ တင်သွင်းခဲ့ခြင်း
ဖြစ်သည်။ ထိုစဉ်က ၀န်ကြီးရုံးက ၀င်စာနံပါတ် ဖြင့်သာ လက်ခံထားခြင်းဖြစ်ပြီး အယူခံသဘော၊ အမှု
သဘော သတ်မှတ်ခြင်းရှိမရှိ သေချာစွာမသိရှိခဲ့ရပေ။
ဒု-ရှေ့နေချုပ် ဦးမြင့်နိုင်၊ အက်စ်ဘီ ဒု-တပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်း၊ ရဲမှူးကြီး သူရစန်းလွင်တို့ (၃) ဦးက
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုကြောင်း အက်စ်ဘီရုံး၌ ရှေ့နေကြီးဦးကြည်ဝင်းအား ခေါ်ယူ
အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် မလိုကြောင်း ပြောသူမှာ အဆို
ပါ (၃) ဦးအဖွဲ့ကို ဦးဆောင်သူ ဒု-ရှေ့နေချုပ် ဦးမြင့်နိုင်ဖြစ်ကြောင်း သိရသည်။
အယူခံလွှာကို နေပြည်တော်၌ တင်ပြီးဖြစ်ကြောင်း သတင်းပို့ရန်၊ ပြင်ဆင်ဖြည့်စွက်လိုပါက ပြင်ဆင်
ဖြည့်စွက်နိုင်ရန် ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ယခုလ (၃) ရက်နေ့က
တင်ပြခဲ့မှုကို အာဏာပိုင်များက ၎င်းတို့ ဆောင်ရွက် နေပါပြီဟုအကြောင်းပြ၍ ခွင့်မပြုခြင်းသည် ကျိုး
ကြောင်းဆီလျော်မှုမရှိကြောင်း၊ ခွင့်မပြုသည့်ကိစ္စကို အစိုးရအဖွဲ့ထံတင်ပြရန် စဉ်းစားနေကြောင်း
ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီးဦးကြည်ဝင်းအား ယခုနှစ် သြဂုတ်လ (၈) ရက်နေ့က ခေါ်ယူ
တွေ့ဆုံ၍ ၎င်းအားကန့်သတ် တားဆီးထားသည့် ဥပဒေ၊ တားဆီးချိန်ကာလများနှင့်ပတ်သက်ပြီး
ဥပဒေအတိုင်း အကျိုးဆောင်ပေးရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment