မွေးနေ့ သြဂုတ်လ ၄ ရက်၊ ၁၉၆၁ ခုနှစ်
ဇာတိ ဟိုနိုလူလူ၊ ဟာဝိုင်ရီ
မွေးအမည် ဘားရက် ဟူစိန် အိုဘားမား
လူမျိုး အာဖရိကန် - အမေရိကန်
ပါတီ ဒီမိုကရက်
ဇနီး မစ်ချယ်လီ အိုဘားမား (၁၉၉၂ လက်ထပ်)
သားသမီး မာလီယာ အန် (သမီး၊ ၁၉၉၈ မွေး)
နာတာရှာ (ဆာစ်ဟာ) (သမီး၊ ၂ဝဝ၁)
နေရပ် ချီကာကို၊ အီလီနွိုက်ပြည်နယ်
ပညာရေး ဟားဗတ်ဥပဒေကျောင်း၊ ကိုလံဘီယာတက္ကသိုလ်၊ အောစီဒင်တယ်ကောလိပ်
ကိုးကွယ်သည့် ဘာသာ ပရိုတက်စတင့် ခရစ်ယာန်
ငယ်စဉ်ဘဝ
ဟာဝိုင်ရီရှိ အမေရိကန်တက္ကသိုလ် University of Hawaii at Manoa အတွင်းရှိ နိုင်ငံခြားသား ကျောင်းသား
တဦးဖြစ်သည့်ကင်ညာနိုင်ငံသားလူမည်းလူမျိုး ဖခင်ဘားရက် ဟူစိန် အိုဘားမားနှင့် ဒေသခံ Kansasနယ်မှ
အမေရိကန် လူဖြူလူမျိုး မိခင် Ann Dunham တို့ လက်ထပ်ခဲ့ကြပြီးအမေရိကန်သမ္မတဖြစ်လာမည့်ဘားရက်
အိုဘားမားကို မွေးဖွားခဲ့သည်။
အိုဘားမား ၂ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ကြသည်။ဖခင်မှာ ကင်ညာနိုင်ငံသို့ ပြန်သွားခဲ့သည်။၁၉၈၂
ခုနှစ်တွင် ဖခင်ဖြစ်သူ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားကာ သေဆုံးသည်အထိ ဖခင်ဖြစ်သူနှင့် အိုဘားမား
မှာ တကြိမ်သာ တွေ့ဆုံခဲ့ရသည်။
မိခင်မှာ အင်ဒိုနီးရှားလူမျိုး လိုလို ဆိုးတိုရိုနှင့် လက်ထပ်ခဲ့ကာ ၆ နှစ်အရွယ် သားငယ် အိုဘားမားနှင့်အတူ
အင်ဒိုနီးရှားနိုင်ငံသို့ ၁၉၆၇ ခုနှစ် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာတွင်
၁၀ နှစ်အရွယ်အထိ ကျောင်းနေခဲ့ရသည်။
၁၉၇၁ ခုနှစ်တွင် မိခင်ဘက်မှ အဘိုးအဘွားများရှိရာ ဟာဝိုင်ရီသို့ သွားရောက် နေထိုင်ခဲ့ပြီး၊ ဟာဝိုင်ရီရှိ
ပုဂ္ဂလိက ကျောင်း တခုဖြစ်သည့် Punahou ကျောင်းတွင်၅တန်းမှ၁၉၇၉ ခုနှစ် ကျောင်းပြီးသည်အထိ
တက်ရောက်ခဲ့သည်။
မိခင်မှာ ဟာဝိုင်ရီသို့ ပြန်လာကာ အချိန်အတန်ကြာ အိုဘားမားနှင့်အတူ နေထိုင်ခဲ့ပြီး၊ သူ၏ ဒေါက်တာ
ဘွဲ့အတွက် သုတေသနပြုလုပ်ရန် အင်ဒိုနီးရှားသို့ ပြန်လည် ၀င်ရောက် နေထိုင်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် သားအိမ်ကင်ဆာရောဂါဖြင့် မိခင်ကွယ်လွန်သည်။
အိုဘားမားသည် အထက်တန်းကျောင်း တက်ရောက်စဉ် ဆေးခြောက်၊ ကိုကင်းနှင့် အရက်များ သုံးစွဲခဲ့
ကြောင်း ၂၀၀၈ ခုနှစ် လူထုဟောပြောပွဲတွင် ၀န်ခံခဲ့ပြီး စာရိတ္တရေးရာပျက်စီးမှု ဖြစ်ခဲ့ဖူးကြောင်းဝန်ခံခဲ့
သည်။
အထက်တန်းကျောင်းအပြီးကယ်လီဖိုးနီးယားပြည်နယ်၊လော့စ်အိန်ဂျယ်လိစ်မြို့ရှိOccidental College
တွင် သွားရောက် ပညာသင်ကြားခဲ့သည်။
ထို့နောက် နယူးယောက်မြို့ရှိ Columbia University သို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး၊ သူ့တွင် နိုင်ငံ
တကာ ဆက်ဆံရေး ပညာရပ် အထူးပြုလေ့လာကာ နိုင်ငံရေး သိပ္ပံဖြင့် B.A ဘွဲ့ကို ၁၉၈၃ ခုနှစ်တွင်
ရရှိခဲ့သည်။
၁၉၈၃ နှစ်ဦးပိုင်းမှ စတင်ပြီး Business International Cooperation တွင် တနှစ်ကြာ ၀င်ရောက်လုပ်
ကိုင်ခဲ့ကာ New York Interest Research Group တွင် ပါဝင်လုပ်ကိုင်ခဲ့သည်။
ထို့နောက် ချီကာကိုသို့ ပြောင်းရွှေ့ကာ ဒေသခံ ကက်သလစ်ခရစ်ယာန် အသင်းတော်များ အခြေပြု
လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ကိုင်သည့် Developing Communities Project - DCP တွင်
ဒါရိုက်တာအဖြစ် ၃ နှစ်ကြာ ၀င်ရောက်လုပ်ကိုင်သည်။ အိုဘားမား ဦးဆောင်သည့် ကာလ အတွင်း
ဝန်ထမ်းများ တိုးပွားလာကာ ၀င်ငွေမှာလည်း အောင်မြင် တိုးတက်လာခဲ့သည်။
၁၉၈၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဥရောပသို့ သုံးပတ်ကြာသွားရောက် လည်ပတ်ခဲ့ပြီး ဖခင်နှင့် ဆွေမျိုး
များရှိရာ ကင်ညာသို့ သွားရောက်ခဲ့သည်။ ဖခင်အပါအ၀င် ဆွေမျိုးများအားပထမဆုံးအကြိမ်တွေ့ဆုံ
ံခဲ့သည်။
၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းဟားဗတ်ဥပဒေကျောင်းသို့ ၀င်ရောက်ပညာသင်ကြားခဲ့သည်။တနှစ်အကြာ
သူ၏ အရည်အချင်းကြောင့်ဟားဗတ် ဥပဒေသုံးသပ်ရေးဂျာနယ်တွင်အယ်ဒီတာအဖြစ် ရွေးချယ်ခြင်း
ခံခဲ့ရသည်။
၁၉၉၀ ခုနှစ်တွင် ဒုတိယနှစ်ကျောင်းသားကာလတွင် ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ရွေးချယ်
်ခံရသည်။ ပထမဆုံး လူမည်း ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌအဖြစ်လည်းကောင်း၊ အယ်ဒီတာချုပ်
အနေဖြင့်လည်းကောင်း၊ ဥပဒေသုံးသပ်ရေးအဖွဲ့ဝင် အယ်ဒီတာ ၆ ဦးကို ဦးစီး လမ်းညွှန် သူအဖြစ်
လည်းကောင်း ရွေးချယ်ခံရသည်။
ပထမဆုံး လူမည်း ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခံရမှုအား ကျယ်ပြန့်စွာ ဆွေးနွေး
တင်ပြခဲ့ကြပြီး အချိန်အတော်ကြာအထိ ဆွေးနွေးစရာကိစ္စ ဖြစ်ခဲ့သည်။
ရွေးချယ်ခံရပြီးနောက် လူ့အသားအရောင်ကွဲပြားမှုများ ဆက်စပ်မှုအကြောင်း စာအုပ်ရေးသားရန်
ကံထရိုက်ရခဲ့ပြီး၊University of Chicago Law School ကထိုစာအုပ်ရေးသားရန်ဝန်ထမ်းတဦးနှင့်
ရုံးခန်းတခုအား ပြင်ဆင်ပေးခဲ့သည်။ ၎င်းစာအုပ်အား တနှစ်အတွင်း အပြီးသတ်ရန် ပြင်ဆင်ခဲ့
သော်လည်း အချိန်ကြာမြင့်ခဲ့ကာ နောက်ပိုင်းတွင် ကိုယ်ပိုင်ဘ၀ဖြတ်သန်းမှုများကိုရေးသားသည့်
စာအုပ်အသွင်သို့ ပြောင်းလဲသွားသည်။
"Dream From My Father: A Story of Race and Inheritance" စာအုပ်အား ၁၉၉၅ ခုနှစ်တွင်
ထုတ်ဝေခဲ့ပြီး ၎င်းစာအုပ်သည်အိုဘားမား နိုင်ငံရေးနယ်ပယ်ထဲသို့မ၀င်ရောက်မီ ဟားဗတ်ဥပဒေ
သုံးသပ်ရေးဂျာနယ် ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ် ရေးသား ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ဘဝ
ဖြတ်သန်းခဲ့မှုများကို ရေးသားခဲ့ခြင်းဖြစ်သည်။
၁၉၉၂ ခုနှစ်မှ စတင်ကာ University of Chicago Law School တွင် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေဘာ
သာရပ်အား ၁၂ နှစ်ကြာ သင်ကြားခဲ့သည်။
၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
၁၉၉၈ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်အထိ အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ဆက်တိုက်အရွေး
ခံခဲ့ရသည်။
၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံအထက်လွှတ်တော်အမတ်အဖြစ်အရွေးခံရန်အီလီနွိုက်ပြည်နယ်
လွှတ်တော်အမတ် ရာထူးမှ နှုတ်ထွက်ခဲ့သည်။
၂၀၀၄ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အီလီနွိုက်ပြည်နယ်အတွင်းမှ ၇၀ ရာခိုင်နှုန်း
ထောက်ခံမဲဖြင့် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
အမေရိကန်သမိုင်းတွင် ပဉ္စမမြောက် အာဖရိကန်-အမေရိကန်လူမျိုး အထက်လွှတ်တော်အမတ်ဖြစ်
်ပြီး၊ ဇန္န၀ါရီလ ၄ ရက်၊ ၂၀၀၄ ခုနှစ်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အေဗဟမ်လင်ကွန်း၏ ၁၈၅၈ ခုနှစ်အတွင်းက ကျော်ကြား
ခဲ့သော မိန့်ခွန်းများ ပြောကြားခဲ့သည့် အီလီနွိုက်ပြည်နယ် Springfield တွင် အမေရိကန် သမ္မတ
ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၀၈ ခုနှစ် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒီမိုကရက်ပါတီအတွင်း ပြိုင်ဘက်ဖြစ်သူ ဟီလာရီ
ကလင်တန်နှင့် အချိန်အတော်ကြာ ယှဉ်ပြိုင်ခဲ့ကြရသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့အမေရိကန်သမ္မတရွေးကောက်ပွဲတွင်သမ္မတအဖြစ် ရွေးကောက်
ခံခဲ့ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment