Friday, November 7, 2008

အောင်တိုး မကောင်း လို့ ဒါမျိုး ဖြစ်တာ (NLD မှ ရှေ့နေများကို ထောင်ချခြင်း)




နိုင်ငံရေးလှုပ်ရှားသူများ မတရား စွပ်စွဲ
ခံနေရသည့် အမှုအခင်းများကို လိုက်ပါ
ဆောင်ရွက်ပေးနေကြသည့်ရှေ့နေကြီး
နှစ်ဦး ကို ရန်ကုန်မြို့ရှိ ဗဟိုတရားရုံး
ချုပ်ကထောင်ဒဏ် ၄ လစီ မျက်ကွယ်
အမိန့့််ချမှတ်လိုက်ခြင်းဖြစ်သည်၊





“တရားဝင်တော့ အခုထိအကြောင်းမကြားသေးဘူး၊ တရားရုံးချုပ် သွားတဲ့လူက သိခဲ့တာ။
တိုင်းကို ဝရမ်း ထုတ်ပေးရမှာပေါ့၊ တိုင်းကနေလာခေါ်မယ် ထင်ပါတယ်” ဟု ဦးအောင်သိန်း
က ယနေ့နေ့လယ်ပိုင်းက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများအတွက်လိုက်ပါပေးနေသောရှေ့နေကြီးများဖြစ်ကြသည့်ဦးအောင်
သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား ရုံးတော်ကို မထီမဲ့မြင်ပြုသည် ဟူသည့်စွပ်စွဲချက်ဖြင့် ဗဟို
တရားရုံးက အမှုဖွင့်စွဲချက်တင်ကာ ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

ဦးအောင်သိန်းက “နိုင်ငံရေး အမှုတွေလိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေ တွေကို သူတို့က
(စစ်အစိုးရက) ဆန့်ကျင်ဘက်လို့ မြင်တာကိုးဗျ ဆန့်ကျင်ဘက်အမြင်အတိုင်း သုံးသပ်ကြ
မှပဲလေ။ နိုင်ငံကောင်းစေချင်လို့ ကောင်းရာကောင်းကြောင်း လုပ် တဲ့လူတွေကို သူတို့က
နည်းမှန်လမ်းမှန်နဲ့ဆောင်ရွက်လို့မရတဲ့အပေါ်အမှုအခင်းတွေပုံစံမျိုးစုံနဲ့စွဲထားတော့ကျနော်
တို့ရှေ့နေတွေကလည်း တတ်စွမ်းသရွှေ့ လိုက်ပါဆောင်ရွက်ပေးရတာပေါ့” ဟု ပြောသည်။

“နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးရမလားဆိုပြီးအာဃာတထားတဲ့သဘောတော့
သက်ရောက်တာပေါ့။ ဓမ္မနဲ့ အဓမ္မကတော့ ဒီလိုပါပဲဗျာ … လောလောဆယ် အဓမ္မက နိုင်နေ
တယ်၊ တချိန်မှာတော့ ဓမ္မ နိုင်ရမှာပေါ့ဗျာ” ဟုလည်းပြောသည်။

လွန်ခဲ့သည့် လ ၃၀ ရက်နေ့ကလည်း နိုင်ငံရေးအမှုလိုက် လူငယ်ရှေ့ နေတဦးဖြစ်သည့်
ကိုညီညီထွေးနှင့် ၎င်း၏ အမှုသည် များဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီ
အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်မင်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဝေလွင်မျိုးတို့ကို မြောက်ပိုင်း
ခရိုင်တရားရုံးက တရားစီရင်ရေးကို အနှောင့်အယှက်ပေးသည်ဟု စွပ်စွဲကာ ထောင်ဒဏ
် ၆ လစီ ချမှတ်ခဲ့သည်။

No comments: