Wednesday, October 1, 2008

နအဖ က အင်တာနက်သုံးစွဲတဲ့သူတွေ ကိုအန္တရယ်ပေးနေတယ်။

နအဖ ကတော့ Human rights တွေကို တခုပြီးတခု ချိုးဖျက်နေပါသည်။
ဒီ msg ဟာဒီနေ့နောက်ဆုံးရတဲ့သတင်းဖြစ်ပါသည်။မြန်မာပြည်ထဲ မှ internet user များအတွက်အရမ်း အရေးကြီးပါသည်။
ကျွန်တော့်အား သတင်းပေးသူကို safety အရမဖော်ပြထားပါ။ နီးစပ်သူအားလုံးကို forward လုပ်ပေးကြပါ။
ဒီပြဿနာကို ဖြေရှင်းနိုင်ရေးကို ဝိုင်းဝန်းကူညီပေးစေလိုပါသည်။
ကျောက်မြောင်းဘက်က အင်တာနက်ဆိုင်တွေမှာ စစ်ဆင်ရေးလုပ်နေတယ်။ ဆိုင်တဆိုင်မှာဆိုရင် လူတွေအင်တာနက်သုံးနေတုံး ကား၃စီးလောက်နဲ့ရဲတွေရောက်လာပြီး ဆိုင်ထဲကလူတွေကို အခုလက်ရှိဖွင့်ထားတဲ့ဝက်ဘ်ဆိုက်တွေကို မပိတ်ဘဲ အကုန်ထခိုင်းတယ်။ သူတို့က အဲဒီဝက်ဘ်ဆိုက်တွေကို စက်တလုံးခြင်း လိုက်မှတ်တယ်။ အဲဒီနောက် လူတယောက်ချင်းကို သုံးနေတဲ့ဆိုက်နဲ့ပတ်သက်ပြီး မေးတယ်။ ဂျီမေးလ်သုံးနေတဲ့လူဆိုရင် ဟိုဘက်ကလူက ဘယ်ကလဲ ဘယ်သူလဲ ဘယ်နိုင်ငံကလဲ ဘာအကြောင်းပြောနေတာလဲ ဝက်ဘ်ဆိုက်ကြည့်နေတဲ့လူဆိုရင်လဲ ဒီဆိုက်က ဘာအတွက်လဲ ဘာလုပ်ဖို့ကြည့်တာလဲ အကုန်လျှောက်မေးပါတယ်။ အဲဒီမှာ ကောင်မလေးတယောက်က ကြောက်ပြီး သူသုံးနေတဲ့ဆိုက်တွေကို ပိတ်ပစ်လိုက်တယ်။ အဲတာကိုလည်း ဘာလို့ပိတ်တာလဲဆိုပြီး အကုန်ပြန်ဖွင့်ခိုင်းတယ်။ နောက်တော့ သုံးနေတဲ့လူတွေကို ပြန်လွှတ်လိုက်ပေမယ့် အဲဒီကောင်မလေးကိုတော့ ဆက်စစ်နေသေးတယ် နောက်ဆုံး ဆိုင်ပိုင်ရှင်ကိုလည်း ခေါ် သွားတယ် ... အခုတော့ အဲဒီဆိုင် ပိတ်ထားရတယ်တခြားဆိုင်တွေကိုလည်း အဲဒီလိုဝင်တယ်ကြားပေမယ့် ကျနော်သိတဲ့တဆိုင်ကတော့ သေချာပေါက် ပိတ်ထားရပါတယ်။
ဒါကိုကြည့် ရင် နအဖ က အင်တာနက်သုံးစွဲတဲ့သူတွေ ကိုအန္တရယ်ပေးနေတယ်။ လူတွေကိုမျက်စိပိတ်နားပိတ်လုပ်နေတယ်။ အသိညဏ်တွေတုံးအောင်လုပ်နေပါတယ်။
ဒါကြောင့်အင်တာနက်သုံးစွဲတဲ့သူတွေအနေနဲ့  လုံခြုံရေးကိုအထူးဂရုစိုက်ပါ။
အင်တာနက်ဆိုင်မှာသုံးစွဲမယ်ဆိုရင်- ကိုယ်သွားခဲ့တဲ့ Website တွေ အီးမေးလ်တွေ ကို သဲလွန်စမကျန်အောင် ဖျောက်ဖျက်ခဲ့ပါ။ တတ်နိင်ရင်တော့ အင်တာနက်ဆိုင်ကိုသွားရင် လူနစ်ယောက်သွားသင့်ပါတယ်။ တယောက်က လုံခြုံရေးကိုကြည့် ပေးဖို့ တယောက်က ဆက်သွယ်ဖို့ ။ ဒါဆိုရုတ်တရက်အလှစ်အငိုက်ဝင်ဖမ်းတာတွေကိုရှောင်တိမ်းနိင်မယ်။
မျိုးချစ်မြန်မာတစ်ဦး (ရန်ကုန်) | စက်တင်ဘာ

No comments: