Wednesday, October 1, 2008

ချစ်သူ့ ထံပေးစာ (ရွေ့ ပြောင်းအလုပ်လုပ်နေရတဲ့မြန်မာမလေးတွေရဲ့ ဘ၀ နဲ့ ဆန္ဒ)

မြန်မာအလုပ်သမား အမျိုးသမီးလေးတွေရဲ့ဘ၀ နဲ့ ဆန္ဒလေးကို ချစ်သူ့ ထံပေးစာ
ဆိုပြီးပင်လယ်ပျော်သမဂ္ဂ ရဲ့မဂ္ဂဇင်းမှာကျမတင်ပြထားတာလေး ဘလော့မိတ်ဆွေ
တွေ အတွက် ကျမ ဘလော့လေးမှာထပ်မံ တင်ပြလိုက်ပါတယ် ။
လမင်းခင်

ချစ်သူ့ ထံပေးစာ

မဲလို့ သာမှောင်ရော့
သန်းခေါင်ယံ အချိန်အတွင်းမှာလ
ကိုယ်ချင်းထွက်လို့ လာ
ရောင်မှိန်မှိန်ထွန်းဆီးမီးရယ်
မှောင်ကြီးကိုအနိုင်ဖယ်လို့ 
မြေလမ်းငယ်သည်တလျောက်မှာဖြင့်
တစ်ယောက်သာမြတ်စခန်းသာသို့ 
လှမ်းလို့ မြန်စွာ
စခန်းသာမရောက်သေးမှီကွဲ့ 
မထောက်ညှာ စာမတွေးစွာပ
လေသွေးရှင် သူဖျက်ဆီးတာကြောင့်
ဆီမီးဖြင့်ငြိမ်းခဲ့ရှာ
ပျောက်ပါပေါ့ ခရီးဆုံး ----------- ကျမခေတ်ဟောင်း စာချိုးတစ်ခုကိုနုတ်ကဖွဖွ
စိတ်ထဲကခံပြင်းမှု ၀မ်းနည်းမှု များစွာနဲ ရွတ်မိနေပါတယ် ခေါင်းထဲကို ဒီကဗျာ
ဘယ်လိုရောက်လာမှန်း မသိပေမဲ့ ရွာမှာကျန်နေခဲ့တဲ့ အဘသာရှိရင် သမီးရေ
ကဗျာအဆုံးပုဒ်လေး ထပ်ရွတ်လေ ဒါမှအနှစ်သာရ ရှိမပေါ့ဟဲ့ လုံမရဲ့လို့  ဆူပြော
သံကြားရဦးမှာပါ ။

ကျမလေအဘကိုလည်းလွမ်းတယ် အမကိုလည်းလွမ်းတယ် ပြီးတော့လေ ကျမ
ရဲ့ရည်းစားဦး ကိုတာတူးကိုလည်းသိတ်လွမ်းတာပဲကျမရင်ထဲကခံစားချက်ကို
တာတူးကိုပဲရင်ဖွင့်မိတယ် ။ ဟုတ်တယ်အတာ ငါလေရွာမှာတုန်းက အမေ့စက်
ချုတ်ကူရတာညောင်းရင် သိတ်ငြီးပြီးတစ်အိမ်လုံးကို ဗိုလ်ကျပစ်တာ ခုတော့
အတာရယ် တစ်နေ့  ဆယ်နှစ်နာရီ စက်ခုံပေါ်မှာထိုင်ပြီး ချုပ်လိုက်ရတဲ့အထည်
တွေ ညောင်းချိနေတာပဲ စားရတဲ့ထမင်းကလည်း မသေရုံ ၀မ်းပြည့်ရုံပါဟာ ။ ။
ရန်ကုန်ကလာတဲ့ မြို့တစ်ယောက်ကပြောတယ် ငါတို့ ရုံထမင်းဝေပုံက အင်းစိန်
ထောင်ထဲကထောင်ကျတွေကို ထမင်းဝေသလိုပဲတဲ့လေ …..

အတာရယ် နင်သာနားလည်ပေးရင် နင်နဲ့ ဝေးတဲ့နေရာငါစီးပွါးရှာမိတာငတ်မွတ်
ခေါင်းပါးလွန်းတဲ့ ငါတို့ မိသားစုဘ၀ကို ငါထမင်း၀၀ ကျွေးချင်လို့  ငါ့မောင်လေး
တွေကိုသူများကျွဲနွားကျောင်းတဲ့ဘ၀ကလွတ်စေ့ချင်လွန်းလို့ ပါ ဟာ ရောက်စက
တော့ ဟုတ်မလိုလိုပါပဲ ငါလည်းမျော်လင့်ချက်လေးနဲ့  အမဆီငွေပို့ နိုင်နိုးနိုးကြိုး
စားလာခဲ့တာ လစာပေးရက်ဆိုဟင်းဖိုးအကြွေးဆပ် လက်မှတ်ဖိုးဖြတ် အထည်
လျော့ရင်လည်းကိုယ့်တာဝန်မို့  လစာငွေထဲကအဖြတ်ခံရတာပဲ တစ်လ ဘတ်
၃၀၀ ကျန် ၅၀၀ ကျန်နဲ့ ငါရွာကိုခုနေပြန်မယ်ဆိုရင်တောင် လမ်းစရိတ်မပြည့်ဘူး
အတာ ဒီလိုပဲဆင်းရဲဒုက္ခတွေကိုငါတစ်ဦးတည်းခံစားနေရတာလားဆိုတော့
မဟုတ်ဘူးအတာရေ ငါတို့ ရဲ့ ဘ၀တူ မြန်မာအမျိုးသမီးအားလုံး သူမသာ ကိုယ်
အသုဘကြည့်ပဲ။

ငါတို့ ရဲ့လုပ်ငန်းခွင်ဝင်ရပုံလေးနင်သိစေ့ချင်တယ် အာရုံဦးအလင်းရောင်ပေါ်လု
အချိန်မှာ ဆူညံဆူညံအသံဗလံတွေကြားတာနဲ့  ကဗျာကယာငါအိပ်ယာက ထ
ရေချိုးမဲ့နေရာကိုအပြေးသွား လူများနေရင်လည်းစောင့်ရသေးတယ် ရေချိုးပြီးတာ
နဲ့ မနေ့ ညကချန်ထားတဲ့ ထမင်းကြမ်းခဲကို ငပိကျော်လေးနဲ့ ငါအစာပြေစားပြီး
၈း၀၀ ထိုးခါနီးအထည်ချုပ်ရုံထဲ အရောက်သွား အဲဒီ့အချိန်ကစပြီး စက်ခုံပေါ်ထိုင်
တာထမင်းစားချိန် ၁၂း၀၀ အထိတောက်လျောက်ပေါ့ဟာ ငါတို့ ရုံမှာသူ့ နေရာနဲ့ 
သူလုပ်ရတာခြင်းတော့မတူဘူး ငါဆိထိုင်စက်ပေါ့ ကျွမ်းကျင်ရာကိုလုပ်ကြတာပေါ့
စက်ဆွဲတို့  အထည်စစ်တို့  အထည်ဖာတို့ အသီးသီးရှိတယ်လေ-ထမင်းစားပြီး
တာနဲ့ အလုပ်ရုံထဲတန်းပြီးပြန်ဝင်ရတာ ညနေ ၅း၀၀ ထမင်းဝေတဲ့အချိန်မှထိုင်ရာ
ကထကြရတယ် အပါးခိုလို့  လုံးဝမရဘူး ငါလုပ်ရတဲ့ရုံကဒါဇင်စာပုဒ်ပြတ်ဆိုတော့
ပြီးသလောက်ပိုက်ဆံတွက်ရတာလေချုပ်တာမှားရင်လည်းထိုင်ပြင်နေရသေးတယ်
တစ်ခါတစ်ခါ အထည်ပျက်ဆီးသွားတာတို့ အထည်ပျောက်တတို့ ဆိုလျော်ရတယ်
လစာထုတ်တော့ငွေဖြတ်ခံရတာပေါ့ ။။။

ဒီလိုနဲ့ ညနေထမင်းစားပြီး ၆း၀၀ ထိုးတာနဲ့ ရုံထဲပြန်ဝင် ည၁၀း၀၀ ထိုးမှအလုပ်အ
ပြီးဆင်းဖြစ်ကြတယ်လေ ။စဉ်းစားကြည့်စမ်းပါဦးအတာ ငါတို့ ဘ၀စက်ရုပ်ကြီးတွေ
ကျနေတာပဲ ငါစဉ်းစားမိတယ် ရွာမှ ငညို တို့ ငနီတို့ ကိုအတင်းထွန်တုံးဆွဲခိုင်းမိတဲ့
အကုသိုလ်ကြောင့်ထင်တယ် ချုပ်လိုက်ရတာမနားမနေချုပ်မှ စားရရုံရှိတယ် ငါတို့ 
ရွာကခိုင်းနွားကြီးတွေတောင် ငါတို့ လိုအချိန်ပြည့်မရုန်းကန်ရဘူးထင်တယ်အတာ
၁၁း၀၀ နာရီထိုးခါနီးမှ မောကြီးပမ်းကြီး ညအိပ်လိုက်တာတရေးနိုးတိုင်းသံမံတလင်း
ရဲ့အအေးဓာတ်ကြောင့်တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ ငိုပစ်လိုက်ချင်ပေမဲ့ ငါ့ထက်
ငယ်တဲ့ကောင်မလေးတွေ ငါ့လိုပဲခံစားနေရတာငါငိုရင် သူတို့ လေးတွေ ပိုဆိုးမယ်
လို့ တွေးပြီး တံတွေးမျိုချ သက်ပြင်းအကြိမ်ကြိမ်ချခဲ့ရတာပေါ့ အတာရယ်

ငါမျော်မှန်းထားတဲ့အခြေအနေတွေ အချိန်တွေ ဘ၀တွေရဲ့ ဆုံးရှုံးရမှုကို ငါခံစားရလို့ 
ဘ၀အမှောင်ကျသွားပြီလို့ သိလိုက်ရတဲ့ အချိန်ကတော့(နင်ကငါ့ကိုမဲဆောက်သွားချင်
တာနည်းတောင်နည်းသေးတယ် လို့ ဂရုဏာဒေါသတွေဖြစ်မှာပဲနော်) ကျန်ခဲ့တဲ့အပတ်
က ငါတို့ ရုံကိုရဲတွေဝိုင်းတယ်လေ ငါ့မှအြလုပ်သမားလက်မှတ်လို့ ခေါ်တဲ့ ဘတ် ရှိပေ
မဲ့ ဖြေ၇ှင်းလို့ မရဘူးအတာရယ် (ဖမ်းခွေသွားပါလေရော) ငါ့လိုပဲ တချို့ ကောင်မလေး
တွေကငိုကြတာပေါ့ဟာ သံဇကာတွေကာထားတဲ့ကားကြီးပေါ် ငါတို့ တစ်တွေကို ယူနီ
ဖောင်းအနက် ၀တ်ထားတဲ့ရဲတွေက အတင်းတွန်းတင်တာ ငါမျက်ရည်တွေနဲ့ ကားပေါ်
တက်ရင်းအတွေးတစ်ခုဝင်လာတယ်အတာ ငါလိုက်စီးတဲ့ကားကြီးက ငါတို့ ရွာကို နွား
လာဝယ်ရင် နွားတင်တဲ့ကားကြီး အတိုင်းပဲ သေးတာနဲ့ ကြီးတာပဲကွာတာ သိတ်ကြာ
ကြာမမောင်လိုက်ပါဘူး။

ရဲစခန်းကအချုပ်ထဲသွင်းလိုက်တာယောင်္ကျားလေးတွေရော မိန်းကလေးတွေရောအတူ
ထားတာအတာရယ် ငါလေရှက်လို့ သေချင်ဆော်တောင်နံတယ်သိလား။ ညနေစောင်း
ကျတော့လက်မှတ်ရှိတဲ့သူလာဆိုပြီးဘာသာပြန်တစ်ယောက်ကအော်ခေါ်တယ် ငါနဲ့ အ
တူ(၇)ယောက်ကထလိုက်သွးတော့မှ ယိုးဒယားရဲက ယိုးဒယားလိုပြောတယ် ဘာသာ
ပြန်ပေးတာက ကုလားတစ်ယောက် ‘အရက်ဖိုးတောင်းနေတယ် နင်တို့ မှာပါတာစုလိုက်
အရက်ဖိုးပေးရင်ပြန်လွတ်မယ်တဲ့” ဒါနဲ့ ငါလည်း လွတ်ရင်ပြီးရောဆိုပြီး ဘတ် ၃၀၀ ပေး
လိုက်တယ် စုစုပေါင်းတစ်ထောင်ပြည့်မှ ငါတို့ ကို နင်တို့ ပြန်လို့ ရပြီတဲ့ ကဲစဉ်းစားကြည့်
ပါဦးအတာရယ် -----

ငါမျော်မှန်းခဲ့တဲ့မိသားစု ၀၀လင်လင် စိုစိုပြေပြေ နေထိုင်စားသောက်နိုင်ရေးဆိုတဲ့မျော်
လင့်ချင်နဲ့ ရေကြည်ရာမျက်နုရာလို့ ထင်ပြီး ငါအားကိုးတကြီးစီးပွါးရှာမိတာ မိန်းကလေး
တန်မဲ့အချုပ်ထဲရောက်ရတဲ့ ဘ၀ကို ငါစက်ဆုတ်သွားပြီ အတာရေ ငါရွာကိုပြန်လာဖို့ 
နှစ်လလောက် အငတ်ခံပြီးလမ်းစရိတ်ရှာလိုက်ဦးမယ် ငါပြန်လာရင်တော့အရင်ကမြနှင်း
မဟုတ်တော့ဘူးနော် စကားစပ်လို့ နင့်ကိုပြောပြရဦးမယ်အတာ ငါအရင်ကမြနှင်းမ
ဟုတ်တော့ဘူဆိုတာလေ -စိတ်ဒုက္ခမွမ်းကြပ်မှုတွေမခံနိုင်လို့  ရွာပြန်တော့မယ် ဆုံး
ဖြတ်ပြီးနောက်တစ်နေ့ မှာပဲ ငါတို့ ရုံကသူငယ်ချင်းတစ်ယောက်ကငါ့ကိုခေါ်တယ် ။
သူံ၇ဲ့ကျေးဇူးကြောင့် အဘ ဆက်ဆိုစေ့ချင်တဲ့စာချိုးကို ငါပိုင်ပိုင်နိုင်နိုင်ဆိုနိုင်သွားပြီ
အတာ

အဲဒီ့သူငယ်ချင်းမခေါ်သွားတဲ့ကိစ္စက လူငါးယောက်ပါတဲ့အစုအဖွဲ့ တစ်ခု ငါတို့ အလုပ်
သမားတွေနဲ့ လာတွေ့ပြီး အားပေးတဲ့ပွဲပေါ့ သူတို့ က အိုင်အယ်အို လို့ ခေါ်တဲ့ ကမ္ဘာ့
အလုပ်သမား အဖွဲ့ ချုပ်ကြီးနဲ စပ်ဆက်နေတဲ့သူတွေလေ သူတို့ ပြောပြမှ ငါတို့ သူများ
နိုင်ငံမှာအလုပ်လုပ်ရပေမဲ့ အလုပ်သမားတိုင်းရဲ့အခြေခံလစာ လုပ်ငန်းခွင်လုံခြုံရေး အ
ချိန်ပိုကြေး ရွေ့ပြောင်းအလုပ်သမားတွေရသင့်တဲ့ အခွင့်အလမ်းတွေအကုန်သိတာ ။ ။
ဒါ့အပြင်အမတစ်ယောက်က အိုင်အယ်အို စည်းမျဉ်းစည်းကမ်း ထဲမှာမပါတဲ့ ငါတို့တွေ
ဘာ့ကြောင့်သူများနိုင်ငံတွေမှာ လုပ်ခလစာနည်းနည်းနဲ့ ကျွန်လို အခိုင်းခံနေရတယ်
ဆိုတဲ့အခြေခံဇစ်မြစ်ကိုရှင်းပြမှ --ဟုတ်တယ်အတာရေ အင်မတန်ဆိုးရွားတဲ့ စစ်အာ
ဏာရှင်စနစ်ကြောင့်ဆိုတာငါကွင်းကွင်းကြီးမြင်လာတော့တယ် ငါတို့ တောသူတောင်
သားတွေ ဘာ့ကြောင့်ဆင်းရဲပြီး ဘာ့ကြောင့် ထမင်းမ၀တော့တာလဲဆိုတာ (ပထမ
တုန်းကတော့ အဘနဲ့ အမရောငါပါ ကံကိုရိုးမယ်ဖွဲ့ခဲ့ကြတာပေါ့) ခုတော့စန်းကြောင့်
လက်တစ်ဆုတ်စာ စစ်အုပ်စုကြောင့်ဆိုတာငါကောင်းကောင်းကြီးသိသွားပြီ ။ ။

ဒါ့ကြောင့် ငါဒီမှာလုပ်လည်းအမတို့ ထမင်းမ၀ဘူး မြန်မာပြည်မှာလုပ်လည်းအမတို့ 
ထမင်းမ၀ဘူး အားလုံးထမင်းမ၀တာချင်း အတူတူ အိုင်အယ်အိုက ညွန်ပြတဲ့အလုပ်
သမားအခွင့်အရေးတွေကို ငါတို့ အလုပ်သမားတွေအားလုံး သိပြီး အလုပ်သမားအခွင့်
အရေးတောင်းဆိုတိုက်ပွဲဝင်ရဲအောင် ငါ လက်ဆင့်ကမ်းလိုက်ပြောမယ် ။ရွာကကျော့
မေတို့ သာအေးတို့ ကိုငါရှင်းပြပြီး ငါတို့ တွေမဆင်းရဲသင့်ပဲဆင်းရဲတာစနစ်ကြောင့်
ဆိုတာ ငါဆရာကြီးလုပ်ပြီး ပြောပြလိုက်ဦးမှာ ဟ ပြီးရင် စစ်ကိုင်း မုံရွာ မန္တလေး မှာ
ရှိတဲ့ ငါတို့ အညာဒေသတစ်လွှားက အလုပ်သမားတွေသိအောင် လက်ဆင့်ကမ်းကြ
မယ်လေ ။ဒါ့ကြောင့်ငါပြန်လာမယ် နင်လည်းငါ့ကိုတစ်ကယ်ချစ်ရင် ငါတို့ တွေ
အတွက်လုပ်တာထက်အားလုံးအတွက်လုပ်ကြရအောင် ----

အားလုံးအတွက်ရရင်ငါတို့ ပါအလိုလိုရပြီးသားပဲလေ မဟုတ်ဘူးလားအတာ

ဒါ့ကြောင့် စာချိုးလေးကိုအဆုံးအထိငါရွတ်ပြနိုင်ပြီလို့ ပြောတာပေါ့
တော်ပေသေးရဲ့လေး
လမ်းတာလှမ်းကာမဝေးပေဘု
ရှေ့ပြေးအာရုံခြည်နဲ့ 
မှုန်ရီရီတောင်ညိုစောင်းခွင်က
ခေါင်းတင်ကာပေါ်လာဆဲဟာမို့ 
ခဲလို့ စောင့်တုန်း
အတာ့ချစ်သူမြနှင်း
မေအိခင်(လယ်ဝေး) (Seafarers Union of Burma)2008/1 တွင်ဖေါ်ပြပြီးဖြစ်သည်။

2 comments:

လင်းလက်ကြယ်စင် said...

မြန်မာပြည်အခြေအနေကြောင့် ကြွေလွင့်မျောနေသော ဘ၀များကို ကိုယ်ချင်းစာမိပါတယ်။ အမိမြေ သာယာအဆင်ပြေချိန်ရောက်မှ အေးချမ်းမှုကို ခံစားရမှာပဲလေ။

ဖြိုးဝေတိုး said...

အရမ်းကောင်းမွန်တဲ့ ပို့စ်လေးပါ....ဒီထက်ပိုပြီးရေးနိုင်ပါစေ