Monday, October 13, 2008

ဗရုတ်သုတ်ခ ဆုံး နဲ့  အချစ်

ဗရုတ်သုတ်ခဆုံးသောနေ့ တစ်နေ့ တဲ့ လုပ်ချလိုက်ပြန်ပြီ ကိုယ်တော် ဖြိုးဝေတိုး ဒီကနေ့ ညနေ ဘလော့
လည်းဖွင့်ရော နည်းနည်းလန့် သွားပြန်ရော ညီမငယ်ချင်းမလေး နဲ့ ဒရင်း(မ်)က အချစ်ဆိုသည်မှာတဲ့
အဲဒါမှ တကဲ့ပြဿနာ ပြီးတော့ ချင်းမလေးရယ်လေ အမတော် ကိုစွတ်စွတ်စွဲစွဲ အချစ် တွေကိုလက်တွေ့ 
အသုံးချနေပြီဖြစ်တဲ့ မအိ (ဟီးဟီး ) တဲ့

အေးပေါ့ လေ ဒင်းလေးတို့ ခေတ်ကိုး ခံရပေဦးမပေါ့  ဒါပေမဲ့ တစ်ခုတော့ပြောဦးမယ် Tag ကို
စရေးစ က ဘန်ကောက် ကသိတ်ခင်တဲ့ သူငယ်ချင်း ရဲဘော်က မ-------- က လည်း ဘာတွေလျောက်
ရေးမှန်းမသိဘူး ရီရတယ်ဗျ တဲ့အင်း ဘာပဲဖြစ်ဖြစ် သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ 
ကြပြီဆိုတော့ မိတ်ဆွေသူငယ်ချင်း ညီမလေးမောင်လေး အကို တို့ ရဲ့  ဆန္ဒလေးတွေဖြည့်စွမ်းရတာပေါ့
ကဲ ဖြိုးဝေတိုးရေ ရေးပြီနော့

ကျမဗရုတ်သုတ်ခ ကျ ခဲ့တာတွေများတော့အကျဆုံး ဘာလဲ ? ဆိုတာဘယ်လိုပြောရပါ့ -- အင်းဟုတ်ပြီ
မင်္ဂလာဒုံပန်းဥယာဉ် ဖွင့်စ သူငယ်ချင်းတွေနဲ့ ပန်းဥယာဉ်သွားပြီဗရုတ်ကျတာလေးပြောပြမယ်နည်းနည်း
ပါ မှတ်မှတ်ရရ ၈၄/၈၅ ခုနှစ်လောက်ကပေါ့

ပန်းခြံကလည်းစနစ်တကျပြင်ဆင်ပြီး ဖွင့်တာဆိုတော့ မိသားစုထိုင်ခုံ ထိုင်ခင်းလေးတွေ
အတွဲထိုင် ခုံလေးတွေနဲ့ ပေါ့ ကျမတို့ သူငယ်ချင်း သုံးယောက် ပန်းဥယာဉ်မှာ အေးအေး မလည် ပါဘူး
အတွဲချောင်းတာပေါ့ချောင်းနည်းလေးပြောပြမလို့  သစ်ပင်ကိုကျောပေး နှစ်ယောက်ထိုင်ခုံလေးမှာ ထိုင်
နေတဲ့စုံတွဲတစ်တွဲဆို ရှေ့ဖက်ကနေသူတို့ မျက်နှာတွေလုံးဝမမြင်ရဘူးလေ ဘာနဲ့ ကာထားတယ်မှတ်လဲ
ဲထီးလှလှလေးနဲ့ ဟိ ဘာရမတုန်း သူငယ်ချင်းသုံးယောက် အတွဲရှေ့ကျော်သူလွယ်အိပ်စလွယ်သိုင်းတွေ
နဲ့  အသံပေး ချောင်းဟန့်  စုံတွဲခမျှတော်တော်ချစ်ရှာကြတာ ထီးသာလှုပ်နေတယ်။။

ထီးလေးတောင်ဖယ်ပြီးကျမတို့ ဘာတွေလုပ်နေလည်းမကြည့်ဘူးဗျ ဒါနဲ့ စိတ်မ၇ှည်ပဲ
သူငယ်ချင်းတွေတိုင်ပင်ပြီး စုံတွဲရဲ့ထီး အောက်ထဲအရောက်မျက်ခင်းပြင်မှာဝမ်းယားထိုးလေး ချောလဲပြစ်
လိုက်တာပေါ့ ခြေချော်ပြီးသူတို့ ခြေဖျားထီးအောက်နားရောက်မှ ၂၀ ၀န်းကျင်စုံတွဲ ရဲ့မျက်နှာရဲရဲ ကိုတွေ့ 
လိုက်ရတယ် ဆောရီးဗျာ ပြောပြီး တဖြည်းဖြည်းချင်းနောက်ဆုတ် ခပ်အုပ်အုပ် ရီပြီးပြေးခဲ့တယ်
်တော်သေးရဲ့ အမျိုးသားအမျိုးသမီးအရှက်ကြီးပေလို့  --

တဆက်တည်း ဒီတနေ့ အတွဲစစ်မယ်ရည်ရွယ်ပြီး ၁၂နှစ်ကျော်ကျော်တွေ မို့ လား ပြေးလွားဆော့ကစား
ရင်း နဲ့ ငှက်ရုံနားရောက်တော့ထိုင်ခုံလည်းမရှိ ခြုံလှလှလေးတွေ က လှုပ်စိ လှုပ်စိ မို့  ကျမ တို့ စိတ်ဝင်
စားသွားပြန်ပကော ဟော သေချာေ၇ှ့တိုး ကြည့်ကာမှ ကောင်မလေးရဲ့ပေါင်ပေါ်မှာ -- ပြောတော့ဘူး
နော လူကြီးကအသက်ကြီးမယ်ထင်တယ် ပီပီပြင်ပြင်မမြင်ရပေမဲ့မဖွယ်မရာသေချာတာမို့  ဘာရမတုန်း
ပတ်ကျိခရုကောင်တွေနဲ့ ပစ် ပစ်ပေါက်တာ အံမလေး ဗျာ အဖိုးကြီး ဘာ မာန် တွေတက် နေလဲမသိ
ပတ်ကျိကလည်းသူကိုထိအောင်မပေါက်သေးပဲကိုး ခြုံကိုပစ်တဲ့အဆင့် ဒါပေမဲ့ သိတ်အသည်းယားစရာ
မြင်ကွင်းပေမို့ ကျမခရုပတ်ကျိကြီးကြီးကိုင်ပြီးမျက်နှာပျောက်ပြီး ငုံ့ နေလေတဲ့အဖိုးကြီးကျောထိအောင်
ပေါက်ပစ်လိုက်တာအဖိုးကြီး ပုဆိုးမပြီးဆဲရေး အစုံ နဲ့ ပြေးလိုက်ပါလေရောဗျို့ ကျမနဲ့  သူငယ်ချင်းများ
ဖနှောက်နဲ့ တင်ပါးတစ်သားထဲကျအောင်းပြေးလိုက်ရတာ -- ကားဂိတ်အထိပါပဲ --ကဲ အဲတာ ၁၂ နှစ်
ကျော်ကျော် နော် ခုတော့လူကြီးဖြစ်ပြီ အဲ လိုလုပ်တော့ဖူး -- ဖြိုးဝေတိုးရေ ---

ချင်းမလေးရဲ့  အချစ်ဆိုသည်မှာအကြွေးတင်နေဆဲမှာပဲ ဒရင်း ကလည်း အန်တီမေရဲ့အချစ်တဲ့ ပြဿနာ
ပဲ ဒီကလေးတွေတော့ အမကြီးကိုပညာပြနေကြပြီ -ကဲအချစ်နဲ့ ပတ်သတ်ရင် မောင်လေးအောင်ဦးပြော
သလို အချစ်ဆိုတာ မရှိရင်ပိုကောင်းတယ်လို့ပဲပြောချင်တာ အင်း မရှိမဖြစ်ထဲမှာလည်းပါခဲ့တာကိုး။။

ခုအသက်အရွယ်မှာတော့ အချစ်ဆိုတာ ချစ်တုန်း ခန မိုက်မဲသမျှ ငါ့အမှားတွေကြည့်ပါပဲလို့ နောင်တရ
နေတယ် လေမိန်းမသား တွေ ရဲ့ချစ်ခြင်းဟာ ယေင်္ကျားသား တွေထက်ပိုပြင်းပါတယ် မချစ်ရင်သာနေ
မယ် ချစ်မိပြီဆို အာခံတွင်း ထဲငုံထားမတက်ချစ်ခဲ့တဲ့ တာနောယက္ခ ဘီလူးထက်မိန်းမသားတွေကပိုကဲ
ဲပါတယ် ။
ဒါပေမဲ့ ကျမသိသလောက်ဆိုရင်တော့ ဒီလူနဲ့ ချစ်နေခိုက်ဒီလူအပေါ်အထင်ကြီးလေးစား အားထားမိ
အခိုက် ဒီလူကလွဲရင်ဖွဲဆံကွဲပါ ။ မုန်းပြီနာကျဉ်းပြီ အထင်သေးစရာတွေတွေ့ လာပြီဆိုရင်တော့ မိန်းမ
တွေက ယောင်္ကျားတွေထက်ပိုရက်စက်တက်ပါတယ် ။

အသစ်တစ်ယောက် ကိုထပ်ချစ်မိတဲ့အခါမှာလည်းအတိတ်က ခံခဲ့ရတာ
တွေကိုအမှတ်မရှိတက်တာမိန်းမတွေပါပဲ ယုံမိပြန်ရော ပုံမိပြန်ရောပေါ့ - ကန်တော့ပါ ရိုင်းတဲ့စကားလုံး
ပေမဲ့တစ်ခါတစ်ရံမှန်နေတက်ပါတယ် (မိန်းမတွေများနှာခေါင်းမပါရင်ချေးတောင်စားမယ်) ဆိုတဲ့စကား
အချစ်အတွက်ယောင်္ကျားသား အပေါ်စွဲမက်တဲ့ အချစ်တဏှာကိုပြောတာပါပဲ -အချစ်ကြောင့် နှစ်မွမ်း ခဲ့
သူမှန်သမျှနစ်မွမ်းပြီးမှဒီစကားလက်ခံပါလိမ့် မယ် ။

မိန်းမသားတွေ ကတော့အချစ် ကို အငွေ့ နဲ့ လည်းစွဲမြဲခိုင်မာလေ့ရှိပေမဲ့  -ယောင်္ကျား
သားတွေ ကအတွေ့  အပေါ်မှာပိုသာယာခိုင်မာတာကြောင့် ကိုယ့်ချစ်သူနဲ့  မဝေးချင်တဲ့ ညီမလေးများ
ချစ်သူကို မီးဝေးချိတ် လို မထားမိဖို့ လိုပါတယ် - ချိတ် ဆိုတာမီးနဲ့ ဝေးရင် မာ တယ်လေ ဒါ့ကြောင့်

ကျမ အနေနဲ့ ပြောရရင် ကိုယ်ချစ်သမျှတွေနဲ့ ကွဲခဲ့ပါတယ် ကျမကမိန်းမ မပီသပါဘူး မိန်းမမဆန်သလို
မိဖုရားမလုပ်ချင်ဘူး ဘုရင်မ လုပ်ချင်တယ်တနည်း မဟေသီမဖြစ်ချင်ဘူး ဒေ၀ီပဲဖြစ်ချင်သြဇာမခံချင်ပဲ
သြဇာညောင်းချင်တော့ ကျမပြုမူဆက်ဆံသမျှ တွေဟာလွမ်းမိုး အနိုင်ယူတဲ့ဖက်အားသာ လေတော့
ရင်ထဲကအချစ်ကို ကျမချစ်ခဲ့သူ နားမလည်နိုင်ဘူးလေ - ဟီး မကြီးမငယ်ပြောရဦးမယ် နှလုံးလမ်း
ကြောင်းမှာ ကျွန်းတွေမှ အများကြီးရယ် (စင်္ကပူလို ဂျပန်လိုကျွန်းမျိုးဆိုတန်ဖိုးရှီမှာပဲနော့ )

ခုတော့ ကြင်ယာတော် ဖြစ်တဲ့သူချစ်ကိုသာပေါင်းဖက်ခဲ့တဲ့အတွက် ကျမ
ခုအချိန်မှာ အချစ်ဌီကာ ဖွဲ့ မနေနိုင်တော့ပါဘူး ။အချစ်ဆိုတာနဲ့ဘ၀ဆိုတာ တစ်ထပ်တည်းကျခဲ့သူတွေ
လည်း ရမက် အလွဲတွေကြောင့်ကွဲခဲ့တာတွေ ရှိတာမို့ အကောင်းဆုံး ကတော့ အချစ် ဆိုတာ မရှိတာ
ကောင်းပါတယ် ။
ကဲ မမေ လည်း Tag လိုက်ပြီ မရေးလို့ ကတော့ --- ရတယ်ပြောတာ မအားကြတာ နားလည်တယ်
အားရင် တော့ရေးကွာ နော့အားမငယ် ပြောတဲ့  မောင်လေး အလွမ်းသစ်
မောင်လေး ရင်ခတ်နွယ်
ဒရင်းအိမ်ဂျယ် (မရေးလို့ ကတော့ အော်ပြီသာမှတ်)
ဝေလေး ကအချစ်ကိုရေးပြီးပြီဆိုတော့ ဗရုတ်ကျတာလေး Tag နော့
ညီမလေး ရွှေပြည်သူ
ခေါင်ခေါင် လည်း အချစ် ရေးပြီးတော့ ဗရုတ်သုတ်ခ အကျဆုံးလေး
ဆောင်းယွန်းလ တို့ ရေ ၀ါကျွတ်တဲ့အခါ ပျော်စရာလေးတွေ နဲ့  ခံစားချက်လေးတွေ
Tag လိုက်ပြီနော့ -- စောင့်ဖတ်နေပြီ -- ဟုတ်ပြီလား

လမင်းခင်

5 comments:

ဖြိုးဝေတိုး said...

နာကွ ပထမဆုံးကော်မန့်ပဲ...
အမတော်ကိုငယ်ငယ်ကအေးအေးပဲထင်တာ..ခုမှပဲအကြောင်းသိတော့တယ်..ဟီး
ကျွန်တော်တော့အတွဲမချောင်းဖူးဘူး..ရန်ကုန်ရောက်မှတခါလောက်ချောင်းအုံးမယ်..
တော်ကြာသူများလုပ်ဖူးတာမလုပ်ဖူးလို့..ခေတ်နောက်ကျနေဦးမယ်။
ကျွန်တောလည်း၈တန်းထါဗရုတ်မကျဖူးဘူး..၈တန်းရောက်တော့အနီနားကျောင်းပြောင်း
တော့စပြီးဗရုတ်ကျသွားတာပဲ....မုန့်စားဆင်းချိန်ဆိုမသိအောင်ဟိုဟင်းနှိုက်ဒီဟင်းနှိုက်၊
ပစ္စည်းဖွက်မျိုးစုံပါပဲ..်ပြန်စဉ်စားရင်အမှတ်တရလေးတွေပေါ့..
တက်အတွက်ကေူးဇူးပါ....နောင်လည်းသတိတရဆက်ဆက်တက်ပေးပါမယ်လို့..ဟီး

ရွှေပြည်သူ (ShwePyiThu) said...

မမ မေအိခင်ရေ... အချစ်အကြောင်း ပြောသွားတာ အရမ်းကို ကောင်းပါတယ် မမ။ တခါတခါကျတော့လည်း သူချစ်က တမျိုးစိတ်ချမ်းသာစေတယ် ထင်ပါတယ် မရယ်။ နောက်ဆုံးပြောသွားတာကိုတော့ တိုးတိုးလေး ထောက်ခံချင်သားး) မမ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ...

ဝေလေး said...

ဟား ဟား
မမကတော့အတွဲချောင်းဖူးတယ်ပေါ.. ဝေလေးတော့မချောင်းဖူးဘူး. :P
မမရွှေပြည်သူကတိုးတိုးလေးထောက်ခံသွားတယ်တဲ့ :)
ဝေလေးလဲရေးပြီးပြီနော် တက်ပို့စ်.....

Dream said...

ဟားဟား..တီတီမေ...တို့ကလည်းဒီလိုလေးတွေ
ရှိခဲ့ကြတာလား...အတွဲချောင်းနည်းလေးတွေ
သင်ခိုင်းရမယ်။ဟဲဟဲ... :P :P

တီတီကမိန်းမမဆန်သလိုဘူးလား။
မိဖုရားမလုပ်ချင်ဘူး ဘုရင်မ လုပ်ချင်တယ်၊ မဟေသီမဖြစ်ချင်ဘူး ဒေ၀ီပဲဖြစ်ချင်တယ်။
သြဇာမခံချင်ပဲ သြဇာညောင်းချင်တယ်။ ပြုမူဆက်ဆံသမျှ တွေဟာလွမ်းမိုး အနိုင်ယူတဲ့ဖက်အားသာ လေတော့
ရင်ထဲကအချစ်ကို ကျမချစ်ခဲ့သူ နားမလည်နိုင်ဘူး။
ဟီးဟီး တီတီနဲ့မက်မက်နဲ့တော်တော် တူတယ်။

တီတီမေရယ် သူချစ်ကိုရတဲ့တီတီထာဝရပျော်ရွှင်ပါစေ..။
:) :)

KoMg (ကိုမောင်) said...

ကိုယ်ကတော့ ချစ်လည်းချစ်မယ်၊ အလိုလည်းလိုက်မယ် ဆိုရင် တော်တော် သဘောကျတာပဲ