မဲဆောက်မြို့ သီတင်းကျွတ်ပွဲတော်ကို မြန်ပြည်သားများက ၁၃၊ ၁၄၊ ၁၅ ညတွေမှာ ကာတွန်း မီးပုံးကလေးများ ထွန်းညှိလို့  စတင်ပါမယ်။
ပွဲတော်ညတွေနဲ့ အတူ လပြည့်ညမှာ ကိုသက်ဝင်းအောင် (၂)နှစ်ပြည့်ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ် နို့ ထမင်း စတုဒီသာ ကျွေးမယ်။ မြန်မာပြည်သားများ ပါဝင်ဆင်နွဲကြပါ။
နေရာကတော့ ဘန့် ထုံထောင်း ရပ်ကွက် မင်းမဟော် ပညာရေး ဖောင်ဒေးရှင်းကျောင်း အနီး
အချိန်ကတော့ ညနေ(၅)နာရီမှ (၉)နာရီ အထိပါ ။
မြန်မာပြည်က ဦးဘဂျမ်းလမ်း ကာတွန်းပြိုင်ပွဲ၊ မီးထွန်းပွဲတော်လိုပေါ့ဗျာ။ မည်သူမဆို ကာတွန်းများ ၀င်ရောက်ရေးဆွဲပြီး မီးပုံးလေးများအဖြစ် အလှဆင်ထွန်းညှိနိုင်ပါပြီ။
စတုဒီသာ ကျွေးမွေးလိုကြတဲ့ မိတ်ဆွေများကိုလည်း ဖိတ်ခေါ် ကြိုဆိုပါတယ်၊ ပူးပေါင်း ပါဝင်ကြပါလို့ … …
ဆက်သွယ်ရန်။ ။ ငြိမ်းချမ်းငြိမ်း (၀၈၀ ၆၈၄၀ ၄၉၆)
စတုဒီသာ အစီအစဉ်
၁၃ ရက်နေ့ ။ ။နို့ ထမင်း
၁၄ ရက်နေ့ ။ ။ဘဲသား ဆန်ပြုတ်နှင့် အီကြာကွေး
၁၅ ရက်နေ့ ။ ။မြန်မာ့ရိုးရာ အစားအစာ ရေမုန့် နှင့် အကြော်စုံ ရေနွေးကြမ်း ပူပူလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment