စစ်အစိုးရရဲ့ အရည်အချင်းကိုကုလသမဂ္ဂမှာ စိန်ခေါ်လိုက်တဲ့
ဦးမောင်မောင် ၏ ရှင်းလင်းတင်ပြချက်
NCUB ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီကအတွင်းရေးမှူး ဦးမောင်မောင်ကို
အာအက်ဖ်အေ ဦးခင်မောင်မြင့်ကတွေ့ဆုံမေးမြန်းထားပါတယ်
ဦးခင်မောင်မြင့်။ ။ ဦးမောင်မောင်ခင်ဗျာ...ကျွန်တော်တို့ အခုကြားသိရတဲ့အတိုင်းဆိုရင်
မြန်မာနိုင်ငံစစ်အစိုးရပေါ်မှာတရားဝင်စစ်အစိုးရအဖွဲ့အစည်းတစ်ခုအနေနဲ့ရှိသင့်ရှိထိုက်
တဲ့ အင်္ဂါရပ်တွေရှိမရှိကို ဆန်းစစ်ပေးဖို့တင်ပြကြမယ်ဆိုတာ ကျွန်တော်တို့ကြားသိရပါ
တယ် အဲဒီတော့ ဘယ်အချိန်မှာဒီအဆိုပြုလွှာကိုတင်သွင်းမယ် ဆိုတာနည်းနည်းလောက်
ကျွန်တော်တို့ကိုဦးစွာပြောပြပါလား
ဦးမောင်မောင်။ ။ကုလသမဂ္ဂရဲ့လုပ်ထုံးလုပ်နည်းအရတော့ ဒီနှစ် အခုကျုင်းပမယ့်အထွေ
ထွေညီလာခံမတိုင်ခင်မှာ စက်တင်ဘာလ (၉) ရက်နေ့မှာ နောက်ဆုံးထားပြီးတော့
ကျွန်တော်တို့တင်သွင်းရမှာ ဖြစ်ပါတယ်ခင်ဗျ
ဦးခင်မောင်မြင့်။ ။အဲဒီတော့ နအဖစစ်အစိုးရအနေနဲ့တရားဝင် အစိုးရအဖွဲ့အစည်း
တရပ်မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေမရှိဘူးဆိုတာကို ဘယ်လိုအထောက်အထား
တွေနဲ့များ တင်ပြဖို့အစီအစဉ်ရှိပါသလဲ
ဦးမောင်မောင်။ ။အထောက်အထားတွေကတော့အများကြီးရှိပါတယ်။ ဟုတ်ကဲ့
ကျွန်တော်တို့ အထောက်အထားတွေကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ 1990
ရွေးကောက်ပွဲရဲ့ရလဒ်၊ နောက်ပြီး ဒီပဲယင်းမှာ ကျွန်တော်တို့ အနိုင်ရပါတီ စတိုက်
ခိုက်ခံရတဲ့ကိစ္စ၊ နောက်တခေါက်ကျွန်တော်တို့ 2007 မှာ ရဟန်းသံဃာတွေ ငြိမ်းချမ်း
စွာဆန္ဒပြတဲ့ကိစ္စကို ပြင်ထန်စွာနှိပ်ကွပ်တဲ့ကိစ္စ နောက်တခု နောက်ဆုံးကိစ္စ နာဂစ်
ဆိုင်ကလုန်းကိစ္စမှာ ပြည်သူတွေနဲ့ ပတ်သတ်ပြီးတော့ပေါ့နော် အကူအညီပေးမှာ
ကိုတားမြစ်ခဲ့တဲ့ကိစ္စတွေ အားလုံးကိုကြည့်မယ်ဆိုရင် အစိုးရတစ်ခုရဲ့ အင်္ဂါရပ်နဲ့
မပြည့်စုံဘူးဆိုတာ ကျွန်တော်တို့အပြည်ပြည်ဆိုင်ရာဥပဒေကျွမ်းကျင်သူ တွေနဲ့
ကျွန်တော်တို့ပြုစုပြီးတော့ တင်ပြမှာဖြစ်ပါတယ်ခင်ဗျာ။
ဦးခင်မောင်မြင့်။ ။ ဟုတ်ကဲ့ဒီလိုတင်ပြမယ်ဆိုတဲ့အခါမှာ ကုလသမဂ္ဂအဖွဲ့အစည်းထဲမှာ
ဘယ်လိုပုဂ္ဂိုလ်တွေ ဘယ် လိုကော်မတီတွေကနေပြီးတော့အဆုံးအဖြတ်ပေးမှာလည်းခင်ဗျ။
ဦးမောင်မောင်။ ။ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်တဲ့နေ့မှာပေါ့ခင်ဗျ။ ကုလသမဂ္ဂ
အထွေထွေညီလာခံရဲ့ ဆွေးနွေးခြင်းကော်မတီလို့ခေါ်တဲ့ ကျွန်တော်တို့ဒီအရည်အချင်းရှိမရှိ
ဆန်းစစ်တဲ့ကော်မတီတစ်ခုကိုကြေငြာပါတယ် အဲဒိကော်မတီမှာ ကျွန်တော်တို့တင်
သွင်းရပါမယ် ကျွန်တော်တို့နည်းတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကလည်း
တင်သွင်းရပါတယ် ဒါကလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ် ဒီလုပ်ထုံးလုပ်နည်း
ကိုသိနေမှသာလျင် ဒီအရည်အချင်း ပြည်ဝမှုရှိမရှိ ဆန်းစစ်တဲ့ကော်မတီက
ဆန်းစစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ပထမဆုံးအဆင့်အနေနဲ့
ကုလသမဂ္ဂ အထွေထွေညီလာခံဖွင့်တဲ့အချိန်မှာ အရည်အချင်းဆန်းစစ်တဲ့ကော်
မတီကို တင်သွင်းရပါမယ်။ ဒီကော်မတီမှာ နိုင်ငံကိုးနိုင်ငံပါဝင်ပါလိမ့်မယ် ဒီနိုင်ငံ
(၉) နိုင်ငံကိုလည်းစက်တင်ဘာလ (16) ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ
ဖွင့်တဲ့ နေ့ကျမှာ ကြေငြာမှာဖြစ်ပါတယ်။ ဆိုတော့....ဒီနိုင်ငံကိုးနိုင်ငံကနေဆန်းစစ်
မယ် ဒီနိုင်ငံ (၉) နိုင်ငံကနေတဆင့် ဒီအရည်အချင်းဆန်းစစ်ဖို့ လိုအပ်မှုရှိမရှိဆိုတာကို
ဆုံးဖြတ်ပြီးတော့မရှိဘူးဆိုလို့ရှိရင် ကုလသမဂ္ဂ အထွေထွေညီလာခံကိုတင်ပြမယ်
အတည်ပြုချက်ယူမယ် ဆန်းစစ်ဖို့အတွက်ကို လိုအပ်တယ်ဆိုလို့ရှိရင်လည်း
ကုလသမဂ္ဂ အထွေထွေညီလာခံမှာတင်ပြမယ် ကုလသမဂ္ဂ အထွေထွေညီလာခံက
ဆုံးဖြတ်ချက်ကိုယူရပါလိမ့်မယ်။
ဦးခင်မောင်မြင့်။ ။ အခုလို ရှိသင့်ရှိထိုက်တဲ့အင်္ဂါရပ်တွေ ရှိမရှိဆိုတာ မျိုးဆန်းစစ်တယ်
ဆွေနွေးတယ် ဆိုတာမျိုး အရင်တုန်းကလည်း အစဉ်အလာရှိခဲ့ဖူးပါလား။
ဦးမောင်မောင်။ ။ရှိခဲ့ဖူးပါတယ် ကျွန်တော်တို့ကုလသမဂ္ဂအစဉ်အလာသမိုင်းမှာ
ရှိခဲ့ဖူးပါတယ် ။ (1990) နောက်ပိုင်းမှာပြောရမယ်ဆိုရင်တော့ အာဖဂန်နစ်စတန်
ကိစ္စဖြစ်ပါတယ်။ အဖဂန်နစ်စတန်ကို တာလီဘန်တွေ အုပ်ချုပ်နေတုန်း သက္ကရာဇ်
(1996) ခုနှစ်က (2000) ထိကိုဆန်းစစ်ပြီးတော့ အသိအမှတ်မပြုတဲ့ကိစ္စရှိတယ်။
နောက်တခါ ဟေသီဆိုတဲ့ကျွန်းမှာ အာဏာသိမ်းခဲ့တဲ့အတွက် အာဏာသိမ်းခဲ့တဲ့
စစ်အုပ်စုကိုအသိအမှတ်မပြုပဲ ထွက်ပြေးခဲ့ရတဲ့အဝေးရောက် အစိုးရတရပ်ကို
အသိအမှတ်ပြုခဲ့တဲ့ကိစ္စ တွေအများကြီးရှိခဲ့ဖူးပါတယ်။
ဦးခင်မောင်မြင့်။ ။ ဒီလိုဆိုရင် အဲဒိဆန်းစစ်တဲ့ကော်မတီ ဒီကျွန်တော်တို့...
ရှိသင့်ရှိထိုက်တဲ့အင်္ဂါရပ်တွေ ရှိမရှိဆိုတာကို ကျွန်တော်တိုဆန်းစစ်တဲ့ကော်မတီ
အနေနဲ့က ကောင်းပြီး....ဒီ စစ်အစိုးရဟာဖြင့်ရင်... နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်နေတဲ့
အစိုးရအဖွဲ့အစည်းတရပ်အဖြစ် ရှိသင့်တဲ့အင်္ဂါရပ်တွေမရှိဘူး ကုလသမဂ္ဂကနေပြီး
ဖယ်ရှားပစ်မယ်ပဲဆိုပါတော့ အဲဒီလိုဖယ်ရှားပစ်မယ်ဆိုရင် ဘယ်လိုအဖွဲ့အစည်းက
မြန်မာနိုင်ငံစစ်အစိုးရရဲ့နေရာမှာ အစားထိုးဝင်ရောက်လို့ရနိုင်မလဲခင်ဗျ ။ဘယ်သူက
ဆုံးဖြတ်ပေးမလဲခင်ဗျ။
ဦးမောင်မောင်။ ။ ဒါကိုကျွန်တော်တို့က နိုင်ငံရေးအရဆုံးဖြတ်ရမှာဖြစ်ပါတယ်
ကုလသမဂ္ဂကနေဆုံးဖြတ်မှာ မဟုတ်ဘူး နအဖကနေ ဖယ်ပေးရပါလိမ့်မယ်ဖြစ်ပါတယ်။
ဒါကိုကျွန်တော်တို့တဖြိုင်နက် ကျွန်တော်တို့ အဆိုတင်သွင်းတဲ့နေရာမှာပေါ့နော်....
ဒီအစိုးရတခုအနေနဲ့အရည်အချင်းမပြည့်ဝဘူးဆိုတဲ့ကိစ္စကို အဆိုတင်သွင်းတဲ့နေရာမှာ
ကျွန်တော်တို့အနေနဲ့ -----------ကိုယ်စားပြု ၊အစားပြုဆိုပြီး အဖွဲ့ကိုတင်သွင်းရပါတယ်။
အဲဒါကိုတော့ကျွန်တော်တို့ဆန်း စစ်နေတုန်းဖြစ်ပါတယ်။ ဒါကိုတော့ကျွန်တော်တို့
ဒီမိုကရေစီအင်အားစုတွေက ဆန်းစစ်နေတယ် စက်တင်ဘာလ (၉) ရက်နေ့မှာတော့
ကျွန်တော်တို့ဟာတင်ပြမှာဖြစ်ပါတယ်။
ဦးခင်မောင်မြင့်။ ။ အဲသလိုဆုံးဖြတ်ပေးမယ် ဆိုလို့ရှိရင်.... ကုလသမဂ္ဂအဖွဲ့ထဲမှာ
ကတော့ ဒီမြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ဆိုတာက အပြောင်းအလဲဖြစ်သွားပြီ
ဒါပေမယ်လို့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဒီ... စစ်အစိုးရ ကျွန်တော်တို့တရားဝင်ဖယ်ရှား
လို့ကော ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်လာမလဲ။
ဦးမောင်မောင်။ ။ အကျိုးသက်ရောက်မှု ကအများကြီးရှိပါတယ် ။ဘာဖြစ်လို့လဲဆိုတော့
ဒီလိုဖြစ်လာပြီဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စကားပြောတဲ့ကိစ္စတွေကအပြောင်း
အလဲဖြစ်သွားမှာ ဥပမာပြောတာပေါ့နော် နောက်တခါ.... ကုလသမဂ္ဂအ၀ိုင်းအ၀န်း
ကုလသမဂ္ဂဖွံ့ဖြိုးရေးနဲ့ပတ်သတ်တဲ့ကိစ္စတွေ၊ ကုလသမဂ္ဂနဲ့ပတ်သတ်တဲ့ ကလေး
သူငယ်ပညာရေးနဲ့ ပတ်သတ်တဲ့ကိစ္စတွေမှာ စကားပြောလာမှာဖြစ်တဲ့အတွက်ကြောင့်
အပြည်ပြည်ဆိုင်ရာနဲ့ ဆက်စပ်မှုရှိတဲ့နေရာမှာ အများကြီးပြုပြင်ပြောင်းလဲမှုတွေ
ဖြစ်လာမယ်။ နောက်တခုက အပြည်ပြည်ဆိုင်ရာကနေပြီး ဖိအားပေးလာတဲ့နေရာမှာ ကျွန်တော်တို့လုပ်ငန်းတွေအများကြီးတိုးတက်လာနိုင်မယ်လို့ ဒါ...ကျွန်တော်တို့
တင်ပြနိုင်ပါတယ်။
ဦးခင်မောင်မြင့်။ ။ ကုလသမဂ္ဂအဖွဲ့ထဲမှာ ကျွန်တော်တို့မြန်မာစစ်အစိုးရကနေပြီးတော့
စေလွှတ်ထားတဲ့ ကိုယ်စားလှယ်အဖွဲ့နေရာမှာ ဒီ..ကျွန်တော်တို့အစားထိုးပြီးတော့
ခန့်အပ်နိုင်မယ့် ဒီလစ်လပ်နေတဲ့နေရာက ဘယ်လောက်ကြာကြာထားလို့ရမလဲခင်ဗျ။
ဦးမောင်မောင်။ ။ အချိန်က နှစ်နဲ့ချီကြာနိုင်ပါတယ် ။သာဓကအားဖြင့် အချိန်က နှစ်နှစ်၊
သုံးနှစ် ရှိခဲ့တာတွေရှိတယ်
ဒီ... လပိုင်းအတွင်းမှာ အစားထိုးတာ၊ ရက်ပိုင်းအတွင်းမှာ အစားထိုးတာတွေရှိပါတယ်။
ပြီးတော့ဒီကုလသမဂ္ဂနဲ့ မိမိတို့ရဲ့ပြင်ဆင်မှု ဘယ်လောက်အထိပြင်ဆင်မှုရှိတယ်ဆို
တာပေါ်မှာ အများကြီးမူတယ်ပါတယ်ခင်ဗျ။
ဦးခင်မောင်မြင့်။ ။ အဲဒီလိုဆိုလို့ရှိရင် ဒီလစ်လပ်တဲ့နေရာမှာ အစားမထိုးနိုင်သေးဘူးလို့
ဆိုလို့ရှိရင် ဒီမြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်မှုတွေ ၊အရေုးယူမှုတွေကိုဆောင်ရွက်တဲ့
နေရာမှာ ကော ဘယ်လိုဖြစ်လာနိုင်မလဲ။
ဦးမောင်မောင်။ ။ ကျွန်တော်တို့ ဒီ ..........လို့ခေါ်တာပေါ့နော် ကျွန်တော်တို့ ဒီနေရာ
ကိုဘေးဖယ်ထားတဲ့ကိစ္စ ပေါ်လာနိုင်တယ် သို့သော် ကျွန်တော်အခုနက တင်ပြ
သလို ကျွန်တော်တို့က ဒီအဆိုတင်သွင်းတာကိုတင်သွင်းတော့ တင်သွင်းတဲ့
အခါတည်းမှာပေါ့... ကုလသမဂ္ဂရဲ့အထဲမှာ ၀င်ရောက်ပြီးလုပ်ငန်းလုပ်မယ့်
ကိုယ်စားလှယ်လုပ်မယ့် လူတွေကိုပါ တင်ပြထားတာရှိပါတယ်။ ဆိုတော့...
ကုလသမဂ္ဂအတွင်းမှာဆွေးနွေးမယ့် အဖွဲ့ကလည်းရှိမယ်။ ဒါပေမယ့်
ပြည်တွင်းမှာ မဖယ်နိုင်သေးတဲ့အတွက်ကြောင့်ဆိုတဲ့ မေးခွန်းတခုရှိတယ်
ဒါကိုတော့ကျွန်တော်တို့ဖိအားပေးပြီတော့ ကျွန်တော်အခုနက ပြောတဲ့
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောင်းလဲမှုတွေဖြစ်လာတဲ့အတွက်ကြောင့် ဒါ...
အများကြီးပြောင်းလဲလာနိုင်မယ်လို့ကျွန်တော်တို့က ပြောနိုင်ပါတယ်ခင်ဗျ။
ဦးခင်မောင်မြင့်။ ။ ဒီအဆုံးအဖြတ်ပေးမယ့် စစ်တမ်းစစ်အဖွဲ့ကကော်မတီ.
ဒီ ကော်မတီအဖွဲ့ကြီးကစောစောက ဦးမောင်မောင်ပြောခဲ့တဲ့ တကယ်တမ်းဆုံး
ဖြတ်ခါနီးမှ သိရမယ်ဆိုတော့ဘယ် သူတွေပါဝင်နိုင်မလဲဆိုတာကိုကော
မှန်းဆလို့ရနိုင်မလဲခင်ဗျ။ ဥပမာအားဖြင့်...... မြန်မာစစ်အစိုးရဘက်က
အမြဲရပ်တည်ပေးခဲ့တဲ့ တရုတ်ပြည် အနေနဲ့ ဘယ်အခန်းကဏ္ဍမှာ ပါမလဲ
အဲဒါကောပြောလို့ရမလားခင်ဗျ။
ဦးမောင်မောင်။ ။ ပြောလို့ရပါတယ်။ ဒါပေမယ့်ကျွန်တော်တခု ပြန်ပြောချင်တာက
ကုလသမဂ္ဂမှာဆုံးဖြတ်ပေးမှာက ဒီ--------- ကော်မတီမဟုတ်ပါဘူး---
ကော်မတီကသူ့ရဲ့ သုံးသပ်ချက်ကို အထွေထွေညီလာခံကို တင်ပြရပါတယ်ခင်ဗျ။
ဟုတ်ကဲ့ ...တင်ပြတဲ့နေရာမှာ လည်းတင်ပြတဲ့အခါမှာ ကုလသမဂ္ဂအထွေထွေညီလာခံ
ရဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းရှိတဲ့အစည်း အဝေးမှ ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဒီငါးဆယ်ရာခိုင်နှုန်းရှိတဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ဒီ.... အများစု မဲအရ
ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော်တင်ပြချင်တာက ကုလသမဂ္ဂ
အထွေထွေညီလာခံမှာ ဒီ------------ကော်မတီကအဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး
ဒီအထွေထွေညီလာခံကသာလျှင် ဆုံးဖြတ်ချက်ပေးမှာဖြစ်တဲ့အကြောင်း ကျွန်တော်ပြန်
တင်ပြချင်တယ်။ ဒါတခု....နောက်တခုကတော့ အမြဲတမ်းပဲ သက္ကရာဇ် (2000)
ကနေပြန်ကြည့်မယ်ဆိုရင်တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနဲ့ အမေရိကားနိုင်ငံတွေက
အမြဲတမ်း ဒီ---ကော်မတီမှာပါနေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်။
ဟုတ်ကဲ့... တရုတ်နဲ့ ရုရှားနိုင်ငံတွေ ပါတဲ့အတွက်... ကျွန်တော်တို့ဒီမိုကရေစီ
အင်အားစုအားလုံးတွက်နိုင်တာကတော့ ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေ
မဲမရဘူးဆိုတာကျွန်တော်တို့တွက်နိုင်ပါတယ်။ သို့သော်...ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ
ဘာကွာသလဲဆိုတော့ ဒီနိုင်ငံတွေဟာ ဗွီတိုအာဏာ သုံးလို့မရပါဘူး လုံခြုံရေးကောင်စီ
မှာတော့ တရုတ်နဲ့ ရုရှားကဗွီတိုသုံးတာမျိုးရှိပေမယ့် ဒီ........... ကော်မတီမှာကတော့
ဗွီတိုအာဏာ သုံးပိုင်ခွင့်ဘယ်သူမှမရှိပါဘူး ဆိုတာပါပဲလို့ ကျွန်တော်တို့ပြောနိုင်တယ်။
ဒါကျွန်တော်တို့ ထုံးတမ်းစဉ်လာမဟုတ်ပါဘူး လုပ်ထုံးလုပ်နည်းအရကို ရှိပါတယ်။
ဒါကြောင့်မို့လို့ တရုတ်နဲ့ ရုရှားနိုင်ငံသဘောမတူဆိုရင်တောင်မှ ကိုးမဲထဲက နှစ်မဲသာ
လျှင်ဖြစ်မယ် ဗွီတိုသုံးလို့မရတဲ့အတွက်ကြောင့်ကျန်တဲ့ခုနှစ်နိုင်ငံကိုကျွန်တော်တို့က
ဆွေးနွေးမယ် ဒီနေရာမှာလည်း...မနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲတဲ့
အခါမှာ မြန်မာပြည်အတွက်ကို နိုင်ငံ 60 လောက်ကမဲပေးထားတာ ရှိပါတယ်။
ဒါကြောင့်မိုလို့ကျွန်တော်တို့က မဲခွဲရမယ်ဆိုလို့ရှိရင်တောင်မှ.. ကျွန်တော်တို့အနေနဲ့
အားရှိတယ်ဆိုတဲ့အကြောင်းတင်ပြချင်ပါတယ်ခင်ဗျ။
Subscribe to:
Post Comments (Atom)
2 comments:
ဝိုင်းကို ဝိုင်းဝန်းရမယ့်တိုက်ပွဲဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေ တစ်ယောက်မကျန် ပါဝင်သင့်ပါတယ်။
http://amhan-tayar.blogspot.com/
http://amhan-tayar.blogspot.com/
http://amhan-tayar.blogspot.com/
Post a Comment