Tuesday, August 26, 2008

သူခိုးကလူကိုပြန်ဟစ် ကိုခွန်မြင့်ထွန်း ကပဲ အကြမ်းဖက်သမားဖြစ်ရတယ်လို့ 

ခွန်မြင့်ထွန်းကို အကြမ်းဖက်သမားတဦးအသွင် ပုံဖော် သတင်းထုတ်ပြန်နေကြောင်း

မြန်မာစစ်အစိုးရဟာ သြဂုတ်လ ၁၃ ရက်နေ့က ဖိလစ်ပိုင် အောက်လွှတ်တော်မှာ
မြန်မာ့အရေး သွားရောက် ရှင်းလင်း တင်ပြခဲ့တဲ့ သထုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့
ခွန်မြင့်ထွန်းကို အကြမ်းဖက်သမားတဦးအသွင် ပုံဖော် သတင်းထုတ်ပြန်နေကြောင်း
ပြည်တွင်း ထောက်လှမ်းရေးသတင်းများအရ သိရပါတယ်။
ပြည်ပသတင်းဌာနများမှ ခွန်မြင့်ထွန်းအကြောင်း သတင်းများ ထုတ်ပြန်ပြီးနောက်
ကြပ်ပြေးနေပြည်တော်ရှိ ရဲချုပ်က သြဂုတ်လ ၁၈ ရက်နေ့ မနက် ၈ နာရီမှာ ဦးခွန်မြင့်ထွန်းရဲ့
အစီအစဉ်အရ သထုံမြို့ နန်းခဲရပ်ကွက်နေ အရပ် ၅ ပေ ၃ လက်မရှိ သားထွေး (ခ)
သောင်းထွန်း (အသက် ၂၂ နှစ်) နဲ့ အရပ် ၅ ပေ ၅ လက်မရှိ ကျော်စွာ (အသက် ၂၀ နှစ်)
တို့ကို ၂၀၀၈ ခုနှစ်အတွင်း ကျောင်းသားတပ်မတော်မှာ အခြေခံ စစ်ပညာ တလ
သင်ကြားခိုင်းကာ မွန်ပြည်နယ် မော်လမြိုင်မြို့ အပါအ၀င် အရေးကြီး အစိုးရ အဆောက်
အဦများကို မိုင်းထောင် ဖောက်ခွဲရန် ၂၀၀၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ မဲဆောက်က
တဆင့် ကြာအင်းဆိပ်ကြီးမြို့ကို ၀င်ရောက်လာကြောင်း ရဲ တပ်ရင်း တပ်ဖွဲ့တွေကို
အကြောင်းကြားခဲ့တယ်လို့ ဘားမားတူဒေးမှ သတင်းရရှိခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ရင်းတွေအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးတာဝန်နဲ့ ရှေ့တန်းထွက်ခွာရပါက
တပ်ရင်းတရင်းကို ခရီးဝေး ဆက်သွယ်ရေးစက် (၄) လုံးစီ ထုတ်ပေးမှာဖြစ်ကြောင်း၊ အဲဒ
ီ စက်တွေကို ကြပ်ပြေးနေပြည်တော်မှာ သွားရောက် ထုတ်ယူရမှာ ဖြစ်ကြောင်း
သိရပါတယ်။ ဒီသတင်းတွေကို ပြန်လည် အတည်ပြု စစ်ဆေးမှုတော့ မပြုနိုင်သေးပါဘူး။
မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူတဦးကို
မေးကြည့်ရာ "ဒီ လုပ်ရပ်ဟာ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံတွေကို
အကြမ်းဖက်သမားတွေ၊ တိုင်းပြည်ဖျက်နေသူတွေအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂ
အပါအ၀င် နိုင်ငံတကာကို ၀ါဒဖြန့်ဖို့ စနစ်တကျ စီစဉ်နေတဲ့ လုပ်ရပ်တွေထဲက
တခု ဖြစ်ပါလိမ့်မယ်။ ဒါမှသာ နိုင်ငံတကာက သူတို့ လူကောင်းဖြစ်တယ်လို့ မြင်လာမှာ
ဖြစ်ပါတယ်။ နောက်တခါ ဦးခွန်မြင့်ထွန်းကို အကြမ်းဖက်သမားအဖြစ် ပုံဖော်ထားတဲ့
ရဲသတင်းကို နိုင်ငံတကာကို ပေးပြီး သူဟာ ဗမာပြည်ကို ပျက်စီး အောင် လုပ်နေသူ
တဦးဖြစ်ပါတယ်လို့ ပြောမှာပါ။ အဲဒီလို လုပ်မှ အာစီယံကို သူတို့ ပြန် စည်းရုံးလို့ရမှာပါ။
ဒါတွေဟာ သိတ်တော့ မဆန်း ပါဘူး။ စစ်အစိုးရ ကိုးကွယ်နေတဲ့ ရုရှားကိုပဲ ကြည့်လေ၊
တောင်ပိုင်အိုစီးတီးယားဒေသအတွက် ငြိမ်းချမ်းရေးတပ် စေလွှတ်ပါတယ်ဆိုပြီး
ဂျော်ဂျီယာတနိုင်ငံလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။ စစ်အစိုးရလည်း ဒီလိုပဲပေါ့။
၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကြီးကို ကယ်တင် လိုက်တာ ဗိုလ်ကြီးတို့ လာမှပဲ
ကျွန်မတို့ရွာလေး ပြာကျသွားတော့တယ်ဆိုတဲ့ အဖြစ်ကို တနိုင်ငံလုံး ဆိုက်နေတာပဲ လေ။"
လို့ ပြောပြပါတယ်။ ဦးခွန်မြင့်ထွန်းဟာ သြဂုတ်လ ၁၃ ရက်နေ့က ဖိလစ်ပိုင် အောက်လွှတ်တော်မှာ
မြန်မာ့အရေးလုပ်ငန်းများကို သွားရောက် ရှင်းလင်း တင်ပြခဲ့ ပြီးနောက် ဖိလစ်ပိုင် အောက်လွှတ်တော
် နိုင်ငံခြားရေးကော်မတီက မြန်မာ့အရေးဆိုင်ရာ ဆုံဖြတ်ချက် ၃ ရပ်ကို တခဲနက် ထောက်ခံ
အတည်ပြုခဲ့ပါတယ်။ ဒီအချက်ဟာ စစ်အစိုးရအတွက် နိုင်ငံရေးအရ ထိရောက်တဲ့
ထိုးနှက်ချက် ဖြစ်ခဲ့ပြီး သူတို့အနေနဲ့ အာစီယံကို ပြန်လည် စည်းရုံးဖို့အတွက် အင်အား ပြန်လည်
ဖြည့်တင်းရမှာ ဖြစ်ပါတယ်။ တဖန် အင်ဒိုးနီးရှားနိုင်ငံကလည်း မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး
လိုလားသူ ဖြစ်နေတာမို့ မြန်မာစစ်အစိုးရအနေနဲ့ အာစီယံရဲ့ တင်းပြည့် ကျပ်ပြည့်
ထောက်ခံမှုရဖို့ အတော်လေး ပြန်လည် ကြိုးစားရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ
၁၉၆၂ ခုနှစ် စစ်အစိုးရက အာဏာသိမ်းခဲ့စဉ်က အရှေ့တောင်အာရှရဲ့ အင်အား
အကြီးဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်သွားခဲ့ပါတယ်

No comments: