ကြားဖူးသလားဟေ့
ပြင်သစ်တော်လှန်ရေး
ဘာစတီးအကျဉ်းထောင်ကြီးပွင့်
ပဲရစ်ကွန်မြူးလို့ ခေါ်တဲ့ဘုံအဖွဲ့ တွေဖွဲ့ ကြ
လူဝီ(၁၆) နဲ့ မေရီအင်တွိုင်းနက်
ဂီလိုတင်း ခေါင်းဖြတ်စက်နဲ့ သုတ်သင်လိုက်ကြတာ
အဲဒါပြင်သစ်ပြည်သူတွေပေါ့။
ကြားဖူးသလားဟေ့
မြင်လည်းမြင်ဖူးကြပါလိမ့် 
ဖိလစ်ပိုင်ကpeople power
လူထုကြီးကနန်းတော်ကိုသိမ်းပိုက်
ကတ္တီပါရွှေကော်ဇောတွေကို
ရွံ့ တွေပေနေတဲ့ခြေထောက်နဲ့ နင်းခြေပစ်
အာဏာရှင် မားကို့ စ် နဲ့မဒမ်
ဖိလစ်ပိုင်မြေပေါ်က ကန်ထုတ်လိုက်ကြတယ်
မြန်မာပြည်တောင်မှခေတ်စားသွားခဲ့
သွားတော့ဆိုမားကို့ စ်တဲ့
ပြောသံကြားဖူးကြပါလိမ်မယ်။
ကြားလည်းကြားဖူး
မြင်လည်းမြင်ဖူးလိမ့်မယ်
၁၃၅၀ ပြည့်ရှစ်လေးလုံးအရေးတော်ပုံ
အာဏာရှင်ကျည်မိုးတွေပြိုင်ပြိုင်ရွာနေတဲ့ကြားထဲ
မတ်မတ်ခိုင်ခိုင်
သမိုင်းမှတ်တိုင်ထူခဲ့ကြတာ အလံမလှဲခဲ့ကြတာ
မ ဆ လရာဇပလ္လင်ကို မီးတင်ရှို့ ခဲ့ကြတာ
အာဏာရှင်ကစားကွင်းထဲလူခဏခဏလဲခဲ့ကြရတာ
FEARLESS, HEADLESS,NONPARTY
ပြည်သူ့တိုက်ပွဲကိုယ်ပိုင်သံစဉ်
လုပ်နေကြအတိုင်းဒိုင်လူကြီးဘက်လိုက်ခဲ့ပေမဲ့
တရာအမှတ်ပြည့်နဲ့ မဟာအောင်ပွဲပေပ
ရာဇ၀င်မှာကမ္ဗည်းထိုးခဲ့ကြတယ်
ပြည်သူဆိုတာဘယ်တော့မှမရှုံးဘူး။ ။
မောင်နီမော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment