Monday, July 21, 2008
အိုမင်းမစွမ်းပေမဲ့
အိုမင်းမစွမ်းတွေပါ ဘယ်လိုပဲဖြစ်ဖြစ် ရပ်တည်နေသေးတယ်
သူတို့ တာဝန်တွေကျန်နေသေးတာသူတို့ သိလို့ ပေါ့ ။။။
ဒီလူကြီးတွေထဲကအတော်များများဟာ ဘတ်(စ်)ကား တိုးစီး
နေကြ ရတာပါ နဂိုထဲက ပြည့်စုံတဲ့သူတွေဟာလည်းလျော့ပါး
ကုန်ကြပါပြီ ကျမတို့ သိတာပေါ့ ကျမတို့ မျက်စိရှေ့မှာပဲ သူတို့ 
ကိုယ်သူတို့ မလဲအောင်အတင်းကိုကုန်းရုန်းထနေကြရတာ--
အိုရင် မင်းမစွမ်းတော့ဘူးဆိုပေမဲ့ သူတို့ စွမ်းသလောက် ဆက်
ပြီးပြည်သူ့ ရှေ့ကရပ်ပေးနေကြပါတယ် -မြန်မာပြည်သမိုင်းမှာ
ရွေးချယ်မှုတွေဆုံးဖြတ်မှုတွေမှားခဲ့တဲ့ အမှားတွေရှိပေမဲ့ အား
လုံးသောရဲဘော်တွေဟာပစ္စုပ္ပန် မှုာဒီအဖိုးကြီးတွေဘယ်သူ့ 
ဖက်ကရပ်သလဲ ဘယ်သူ့ အတွက်ရပ်သလဲဆိုတာသုံးသပ်ရ
မှာပါ ။။ သူတို့ ဟာ ဦးရဲထွန်းမဟုတ်ဘူး။ဦးချစ်လှိုင်မဟုတ်
ဘူး ။အေးလွင် မဟုတ်ဘူး တင်ထွန်းမောင် မဟုတ်ဘူး။။
ကြည်ဝင်းမဟုတ်ဘူး။သခင်တင်မြမဟုတ်ဘူး ။NLD ထဲကသစ္စာဖောက်ဒေါက်တာစိုးလင်းမဟုတ်ဘူး
G-7 ဆိုတဲ့ အမတ်စုတ်တွေအလုပ်သူတို့ မလုပ်ဘူး ။ သစ္စာမဖောက်ဘူး။ခရီးမရောက်သေးတာက
ခင်ဗျားတို့ ကျမတို့ အားလုံးနဲ့ဆိုင်တယ် ။ ကျမတို့ တော်လှန်ရေးအတွက်အစွမ်းကုန်မပေးဆပ်သေး
နိုင်ကြသေးလို့ ပဲလို့ ကျမနားလည်တယ် ။ NLDအဖိုးကြီးတွေအပါအ၀င် ၀ါရင့်တွေ အများစုဟာ
ရပ်နေတဲ့နေရာမှာ အခိုင်အမာရပ်တယ် ပွဲမပြတ် နိုင်တာ နဲ့တင် အလကားအဖိုးကြီးတွေလို့ ပြောရင် ပြောသူလည်းအလကားလူပါပဲ ဘာ့ကြောင့်လဲဆို ခေါင်းမာပြီးရက်စက်ယုတ်မာလူမဆန်လွန်း
တဲ့စစ်အုပ်စု ရှေ့ ခင်ဗျားလည်စင်းခံဖူးလို့ လားလို့ ပဲကျမမေးမှာပါ ။။ပစ္စုပ္ပန်မှာသင်ဘာလုပ်နေလဲ
သာပြန်သုံးသပ်ပါ။။NLD ခေါင်းဆောင်ပိုင်းတွေအတွက်သာဆိုလိုခြင်းမဟုတ်ပါ ။အိုမင်းမစွမ်းချိန်ထိ
အမှန်တကယ်ပြည်သူရှေ့ ထွက်ရပ်နေတဲ့ အဖိုး အဘ အရွယ်အားလုံးကိုရည်ရွယ်ခြင်းဖြစ်ပါသည်။။
Subscribe to:
Post Comments (Atom)
2 comments:
hello laminkhin,
i'm very respect you and your blog.this post is very good and we must pay respect these old people who are gave their life for our country.i'm also respect all NLD members who are gave their life for our country's freedom from military dogs.
hta2
လမင်းခင် ခင်ဗျား ...
ကျနော်လည်း NLD က ပါပဲ။ ခင်ဗျားမြင်သလို ကျနော်လည်းထပ်တူ ခံစားရပါတယ်။ လူတချို့က တကယ့်ကို ဘာတခုမှ မလုပ်ခဲ့ဘဲ NLD လူကြီးပိုင်းကို သုံးစားလို့မရအောင် ပြောကြတာ ...။ ကျနော် အရမ်းစိတ်မကောင်းဘူး။ ခင်ဗျားက ထဲထဲဝင်ဝင် အလုပ်လုပ်ခဲ့သူဖြစ်တော့ ပိုပြီးတော့ ခံစားရတာပေါ့ ။ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ ။ သမိုင်းက စကားပြောပါလိမ့်မယ် ...။
Post a Comment