Sunday, July 20, 2008

အာဇာနည်


ို နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေလတ်
( မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ ၏အလုပ်အမှု
ဆောင်ဖြစ်သူ ) ၎င်းထောင်တွင်း၌ ရှိစဉ် ထောင်ထဲ
တွင်ကျဆုံးသွားသော ဗိုလ်စက်ရောင်အတွက်ရည်စူး
၍ အာဇာနည်ကဗျာကိုသူကိုယ်တိုင်ရေးစပ်ခဲ့သည်။။
အာဇာနည်းခေါင်းဆောင်ကြီးများ ခြေရာအတိုင်း ကျ
ဆုံးခဲ့ရသော အာဇာနည် များအားလုံးကိုရည်စူသည်
ဟု ကိုဇေလတ်မှဆိုသည် ။ (၆၁) နှစ်မြောက် အာဇာ
နည်နေ့ အခမ်းအနားတွင် ကိုဇေလတ် ကိုယ်တိုင်ရွတ်
ဆို ခဲ့ပါသည်။။ဘီဘီစီသတင်းထောက်ကိုအောင်ကျော်
ဦးမှ အသံဖမ်းယူနေသည့်ပုံဖြစ်သည်။။



အာဇာနည်

လေထန် လှိုင်းရိုက် ရိုင်းလိုက်တဲ့ညသန်းခေါင်
အမှောင်ပိတ်ဖုံး တိတ်ဆိပ်တုန်းမှာ သူထွက်ခွါလည်း
ခြေရာများစွာ ကျန်ခဲ့သည်။

တော်လှန်အုံကြွ အများဖက်ကရပ်တည်
ပြည်သူကိုရှေ့ဆောင်
နေရောင်ကျဲကျဲ သွေးစွန်းတဲ့အလံတွေအောက်မှာ
ဒူးမထောက် လက်မမြှောက်
မကြောက်မရွံ့ နောက်မတွန့် တဲ့ သူရဲကောင်းတွေ
ထပ်လောင်းလို့ ဦးညွှတ်မိပါရဲ့

ကျောင်းသားအရွယ် လူမမယ်တွေကစလို့ 
ဆံဖြူသွားကြွေ အရိုးကြေအရည်ခမ်း
ဇရာရဲ့သက်တမ်းနောက်ဆုံးခြေလှမ်းတွေအထိ
လျောက်ခဲ့တဲ့သာကီ နောက်မလှည့်တဲ့ဇာနည်
ထီမထင်တဲ့စိတ်ဓါတ် မြင့်မြတ်တဲ့နှလုံးသားနဲ့ 
ကျဆုံးသွားတဲ့ရုပ်ခန္တာတွေ
အနှစ်ရာထောင်မမေ့နိုင်အောင်
ပြည်ကျိုးရွက်ဆောင် သူတို့ စွမ်းဆောင်ခဲ့

သြော်
လေထန်လှိုင်းရိုက် ရိုင်းမိုက်တဲ့ညသန်းခေါင်
အမှောင်ပိတ်ဖုံး တိတ်ဆိတ်တုန်းမှာ သူထွက်ခွါလည်း
ခြေရာများစွာကျန်ခဲ့သည်။။

ကိုဇေလတ်
၁၉၉၀ မတ်လ အင်းစိန်ထောင်(၆) တိုက်တွက်ကျဆုံးသွားသောလွတ်လပ်ရေးတိုက်ပွဲဝင်
ဒီမိုကရေစီတိုက်ပွဲဝင်ဗိုလ်စက်ရောင်ကိုရည်စူး၍ရေးစပ်သည်။။

No comments: