စိမ့်စမ်းရေအေး သမီးလေးတွေ
ဂျူလိုင်မှာမွေး မေမေ့သွေးတွေ
ချမ်းမြေ့ပါစေ တောင်းဆုချွေလို့ 
လမ်းသင့်ပါစေ ကောင်းမှုတွေနဲ့ 
အနာဂတ်လွတ်လမ်း
မေမေတို့ ပြည်ထာင်တ၀ှမ်းအတွက်
ရတက်မအေး
မေမေတို့ ပေးဆပ်နေရသေးသလို
အညွန့် ကလေးတွေနဲ့ 
သမီးတို့ ထက်မြတ်ရမယ်
တိုးတက်တဲ့ အမြင်တွေနဲ့ 
တိုင်းပြည်နဲ့ လူမျိုးအတွက်ဓူဝံလိုကျင့်ဖို့ 
သမီးကြီးရေ------
ဟိုး အဝေးကိုထွက်သွားလို့ 
ပညာတော်သင်တဲ့နေရာမှာ
ဗမာဆိုတဲ့ဂုဏ်အင်္ဂါတွေနဲ့ 
ဘယ်နေရာကိုရောက်ရောက်
မြန်မာ့ကျောက်စိမ်းအရောင်မပျောက်သလို
ဘယ်နေရာကိုပေါက်ပေါက်
မြန်မာ့ ပတ္တမြား အရောင်တောက်သလို
အမေ့သမီး ရဲရဲတောက် ဖြစ်ကိုဖြစ်နေရမယ်----
(၁၁-၇-၂၀၀၈မှာကျရောက်တဲ့ အဝေးရောက်နေတဲ့ သမီးကြီး ရည်မွန်ထိပ်ထား အတွက်မွေးနေ့ လက်ဆောင်)
Subscribe to:
Post Comments (Atom)
1 comment:
အမသမီးလေး ထာဝရသောကဝေးစွာလန်းဆန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်
Post a Comment