Wednesday, July 9, 2008

တိုက်ရေးမူနဲ့ အနိုင်ယူပါ

န-အ-ဖ စစ်အုပ်စုဟာသူ့ ရဲ့ တဇောက်ကန်းဥာဏ်အတိုင်းပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေ
ကိုလှစ်လှူ၇ှူတဲ့လမ်းကြောင်းကို မိုက်မိုက်ကန်းကန်း ဆက်လျောက်နေပါတယ်။ လမ်းပြမြေပုံ
(ရ)ချက်ကိုလည်း တဆင့်ချင်း တဆင့်ချင်းဇွတ်နင်းလုပ်လာတာယခု အချက်(၄)ဖြစ်တဲ့ ဖွဲ့စည်း
အုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းရဲ့ ဆန္ဒခံယူပွဲကို နာဂစ် ဒဏ်ခံနေရပြီး ပူလောင်ငိုကြွေး ရတက်
မအေးတဲ့ပြည်သူတွေရဲ့ သောကဗျာပါဒတွေကြားက ၉၂ ရာခိုင်နှုန်းကျော်ရပါပြီလို့ အရှက်မဲ့စွာ
ကြေညာနိုင်သေးတာ ကမ္ဘာမှာ မြန်မာဆိုတာ ဘယ်လို မျက်နှာပြရမှန်းမသိအောင် ရှက်စရာ
ကောင်းတဲ့ ဖြစ်ရပ်ပါ-ဒီ အကြောင်းတရားတွေကိုခြုံငုံသုံးသပ်ခြင်းအားဖြင့် စစ်အုပ်စုရဲ့မတရား
တဲ့အခြေခံဥပဒေကိုယောင်မှားပြီးမပတ်သတ်မိကြဖို့ အခြေခံ နှိုင်းယှဉ်ချက်လေး တစ်ခုကို
ကျမအကျဉ်းမျှတင်ပြပါရချင်ပါတယ်။။
လက်ရှိကမ္ဘာကို ခိုင်လုံစွာချပြနိုင်တဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုင်းရင်းသားအားလုံးပါတဲ့
အခြေခံဥပဒေမူကြမ်းနဲ့ န-အ-ဖ စစ်အုပ်စုရေးဆွဲခဲ့တဲ့အခြေခံဥပဒေမူကြမ်း ရဲ့
ခြားနားချက်ကိုကျမမြင်တဲ့ရှုထောင့်ကနေအနည်းငယ်တင်ပြမှာပါ။
အနှစ်သာရနှစ်ခုကတော့ထင်ထင်ရှားရှား
ကြီးကွာခြားနေပါတယ်။ယနေ့ ခေတ်ကာလမှာကမ္ဘာ့နိုင်ငံအသီးသီးမှာနိုင်ငံတကာအ၀န်းအ၀ိုင်း
တွေမှာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာ အစိုးရရောပြည်သူရောစစ်တပ်ကပါအင်မတန်
မှလေးစားလိုက်နာနေကြတာပါ ။ ဒါကိုစစ်အုပ်စုက လှစ်လှူရှုပြီး စစ်တပ် ကသာကြီးစိုးနေရမဲ့
မူကြမ်းကိုပြည်သူ့ ဆန္ဒမပါပဲ ရေးဆွဲပြီးအကောင်အထည်ဖေါ်ရန် ယနေ့ ကြိုးစားနေပါတယ်။။
စစ်တပ်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကဒီမိုကရေစီနဲ့ ကိုက်မကိုက်အထင်အ၇ှားပြနေတာ
ကတော့တသွေးတသံတမိန့် နဲ့လာမဲ့စစ်တပ်ရဲ့ ယူနီဖောင်းဝတ်အမတ်၂၅ ရာခိုင်နှုန်းပါနေတာ
ကိုဒီမိုကရေစီ ကိုစော်ကာနေတာပါပဲ----အဲဒီမှာပိုထင်ရှားတာကတပ်မတော်သည်ဖွဲ့စည်းအုပ်
ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စေင့်ရှောက်ရမယ် နိုင်ငံသားတွေသည် ဖွဲ့ စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို လိုက်နာရမယ်။။ ဆိုပြီးပြည်သူကိုလွှမ်းမိုးချုပ်ချယ်မဲ့ပြည်သူကသာလိုက်နာ
ကျင့်သုံးရမယ်ဆိုတဲ့ ဥပဒေ ကိုစစ်တပ်နဲ့ ပြည်သူ အခြေခံဥပဒေရဲ့ရပိုင်ခွင့်တောင်မတူအောင်
ခွဲပြီးရေးထားတာတွေ့ရပါလိမ့်မယ်---ဒီမိုကရေစီအင်အားစုကရေးဆွဲထားတဲ့ အခြေခံဥပဒေမူ
ကြမ်းဟာဆို လွတ်လပ်တယ် တရားမျှတတယ် ပြည်သူတွေတစ်ဦးချင်းစီရဲ့ အခွင့်အလမ်းတွေ
ကို နိုင်ငံသားတိုင်းရဲ့ရပိုင်ခွင့်တွေကို အခန်း (၂) မှာဆို သေသေချာချာရေးဆွဲထားတာတွေ့ရ
ပါလိမ့်မယ် ဒါ့အပြင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံသားတိုင်းက တပြေးညီ လေးစား
လိုက်နာရမယ်ဆိုတာလည်း ထဲ့သွင်းရေးဆွဲပြီးသားဖြစ်တယ်။ဒီနှစ်ခုကို နှိုင်းယှဉ်ခြင်းအားဖြင့်
န-အ-ဖ စစ်အုပ်စုကရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ အခြေခံဥပဒေ ကိုပင်လျှင် စစ်တပ်က
ကာကွယ်ရမယ် ပြည်သူကလိုက်နာရမယ် ဟုဆိုလျှင်စစ်တပ်သည် ပြည်သူကို အမြဲထာဝရ
လွှမ်းမိုးစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပါတယ်။။
ဒီ့ထက်ပိုဆိုးသည်မှာ--တချို့ တချို့သောအယူအဆရှိသူများက စိတ်ကူးယဉ်သူများ
က ခုနေတော့လက်ခံပြီး ပြီးမှ ဖွဲ့စည်းအုပ်ချုပ် ပုံကိုပြန်ပြင်ကြတာပေါ့ ဆိုပြီးစစ်အုပ်စုရေးဆွဲ
တဲ့ စစ်အုပ်စု လိမ်ခေါ် လိမ့်ခေါ်သွားတဲ့လမ်းပြမြေပုံ(၇)ချက်ထဲတ၀ဲလည်လည်ပါချင်သူတွေကို
ကျမ နည်းနည်းမြင်သာအောင်ပြောချင်ပါတယ် စစ်အုပ်စုရေးဆွဲခဲ့တဲ့
အခြေခံဥပဒေမူကြမ်းရဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံပြင်ဆင်ခြင်းအပိုဒ်မှာ
အနည်းဆုံး လွတ်တော်မှာ ၇၅ ရာခိုင်နှုန်း ကပြင်ဆင်
လိုသောဆန္ဒ မဲရှိမှ အခြေခံဥပဒေကိုပြင်ဆင်ခွင့်ပြုမှာဖြစ်တယ် ဒီတော့ စစ်တပ်ရဲ့ယူနီဖောင်း
ဝတ် ၂၅ ရာခိုင်နှုန်းဟာ ဒီမိုကရေစီနည်းနဲ့ တက်လာသူတွေမဟုတ်တာကြောင့် ဒီမိုကရေကို
လေးစားတန်ဖိုးထားမှာမဟုတ်ဘူး။သူတို့ ဟာအခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုကန့် ကွက်ကြ
မှာပဲ အဲဒီလို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြန်မပြင် နိုင်အောင် ချုပ်ကိုင်ထား နိုင်အောင်
စစ်အုပ်စု ရေးဆွဲတဲ့ဥပဒေကစစ်အုပ်စုကိုအကာအကွယ်ပေးပြီးသားဖြစ်တာနားလည်သင့်ပါ
တယ် ။
တိုင်းရင်းသားတွေအားလုံးပါတဲ့ ဒီမိုကရေစီအင်အားစုတွေရေးဆွဲတဲ့အခြေခံဥပဒေကတော့ရှင်း
ပါတယ် အခြေခံမူ(၈) ချက်ကိုကြည့်ခြင်းဖြင့် ပြည်သူတွေရဲ့ ဘ၀လုံခြုံမှု ။ ဒေသရဲ့သာယာမှု
လူမျိုးတွေ၇ဲ့တည်တံ့ခိုင်မြဲမှု တိုင်းပြည်တခုလုံးဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံထားပါတယ်။
စစ်အုပ်စုရေးဆွဲတဲ့အခြေခံဥပဒေမျိုးကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှမ၇ှိပါဘူးစစ်အုပ်စုဟာနိုင်ငံ
တကာအခြေအနေတွေလည်းမကြည့်ဘူး။အိမ်နီးချင်းနိုင်ငံတွေရဲ့ဥပဒေတွေလည်းမလေ့လာဘူး
ငါ့မြင်းငါ့စိုင်းစစ်ကိုင်းရောက်ရောက် ငါ့လှေငါထိုးပဲခူးရောက်ရောက် ကျင့်ကြံနေပေမဲ့ အမှန်တ
ကယ်ခံရမှာပြည်သူတွေပဲ ဖြစ်ပါတယ်ဒါ့ကြောင့် ပြည်သူ့ ထမင်းစားပြည်သူတွေအတွက်ပါဆို
ပြီးကျော်ကြားနေတဲ့ ပုဂ~ိုလ်များတော့ ဘယ်လိုမြင်မသိဘူး ကျမအမြင်က န-အ-ဖ စစ်အုပ်စုရဲ့
လမ်းပြမြေပုံနဲ့သွားပတ်သတ်ဖို့ ကြံသူကတော့သမိုင်းတရားခံဖြစ်ဦးမှာပဲလို့ မြင်ပါတယ်
စစ်အုပ်စုကို ဖုတ်သတ်ထပ်သွင်းပေးမဲ့အဖြစ်မျိုးကိုတော့ရှောင်ဖို့ သင့်ပါတယ်--စစ်အုပ်စုရဲ့ရွေး
ကောက်ပွဲဆိုတာ စဉ်းစားထဲ့သွင်းဖို့ ကိုမဆိုထားနဲ့  လုပ်ခွင့်မရှိအောင် လုပ်လို့ မရအောင်
ကန့် ကွက် တိုက်ဖျက်ရမှာကျမတို့ ရဲ့တာဝန်ဖြစ်နေပါတယ် ဒီတော့ ယောင်တောင်ပေါင်တောင်
နဲ့ ကိုယ့်အတွက် နိုင်ငံရေးအမြတ်ပဲဟေ့ လို့ စဉ်းစားပြီးရွေးကောက်ပွဲကိုပြေးဝင်လိုက်ရင် ပြည်
သူ့ နာမည်နဲ့  စားခဲ့တဲ့ ထမင်းတွေ နင် နေကြမှာစိုးလို့ ကျမတင်ပြတာပါ ။ခရီးကမဆုံးနိုင်သေး
တာ အပြတ်မတိုင်သေးလို့ ပါ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ ကျမတို့ စုစည်းညီညွတ်ပြီးတိုက်မယ်ဆို
ရင် န-အ-ဖ သွားနေတာ ဘာဆိုဘာမှထဲ့သွင်းစဉ်းစားစရာမလိုပါဘူး အမြင်ပြတ်ဖို့ အပြတ်မြင်
ဖို့ အပြတ်တိုက်ဖို့ လိုပါပြီ---ဘယ်လမ်းကြောင်းရွေးရွေး တိုက်ရေးမူဆို အနိုင်ယူနိုင်မှာပဲလို့ 
ယုံကြည်မျော်လင့်စွာနဲ့ တင်ပြလိုက်ပါတယ်။။
နိုင်ငံရေးအကျဉ်းသူဟောင်း
၂း၃၀

No comments: