Sunday, March 23, 2014

LRDP မှ ယနေ့ သင်တန်း အခြေအနေ


ဒီကနေ့  လှိုင်သာယာမှာ အလုပ်သမားတွေ ကိုသင်တန်းပေးခဲ့ပါတယ် ။ မနေ့ က ရန်ကုန်တိုင်းရန်ပုံငွေ ပွဲကို လုပ်အားပေးရင်းပြီးတဲ့အထိကြည့်ခဲ့တော့ လှိုင်သာယာ အလုပ်သမားတွေကို စုစည်းပေးထားတဲ့ ကျမတို့ ရဲဘော်ကိုယ်တိုင် သင်တန်းဖြစ်ဖို့ မဖြစ်ဖို့ မသေချာရာက ပင်ပင်ပမ်းပမ်းနဲ့ပဲ ရဲဘော် နောက်တယောက် ကိုဖုန်းဆက်လိုက်တာ လှိုင်သာယာ မှာကေရွှေလင်ဗန်းဇုံမှာပါ သူမနဲ့ရင်းနှီးတဲ့ သင်တန်းတက်ချင်တဲ့အလုပ်သမားရာချီရှိတယ် အခု ကျမ စုပြီးခေါ်လာခဲ့မယ် ။ဆိုတာ နဲ့  ဆယ်နာရီကျော်မှ ရှိသလောက်ကို သင်ပေးလိုက်မယ်လေ ဆုံးဖြတ်ပြီး LRDP က အီးစီတွေ အပြင် ကိုဇော်ဇော် ကိုမင်းမောင်မောင် တို့ က ပါ ချက်ချင်းဆက်သွယ်ပြီး အလုပ်သမားတွေရဲ့ပိတ်ရက် ဆန်းဒေး တစ်ရက်ကို အကျော်မခံပဲ သင်ဖြစ်လိုက်ပါတယ် ။ ဒီကနေ့ တော့ အတော်ကို အခြေခံကျကျ သင်ရတာမို့ အပြည်ပြည်ဆိုင်ရာပြဌါန်းချက်တွေ ချန်ခဲ့ရပါတယ် ။ ၁၄ နှစ်သမီးက အလုပ်လုပ်တာ နှစ်ချီပြီး အဲ ဒီ့  အရက်ချက် စက်ရုံ ကိုအလုပ်ဝင်တော့ ဘယ်လိုဝင်လဲ မေးတဲ့အခါ မှတ်ပုံတင် အတု နဲ့  ၀င်တယ်တဲ့ဗျာ တကယ့် ကလေးလေးတွေ ရုပ်ကို မှတ်ပုံတင် အတု ယူလာစေဦး ရုပ်ရည်က တကယ့် ကလေးပါပဲ ။ ဒီနေ့ စိတ် ထဲ ဘ၀င်မကျတာတွေ အများကြီးဖြစ်ခဲ့တယ် ။သေသေချာချာသိရတာက လှိုင်သာယာတ၀န်းလုံး အလုပ်သမားရေးဆောင်၇ွက်သူတွေ သမဂ္ဂတွေ တဲ့ ကျမတော့ လှိုင်သာယာသွားမနေသလို ရုံးခန်းလည်းအဲဒီ့မှာမရှိပါဘူး သို့ ပေမဲ့ ကျမ စိတ်မကောင်းတာ လုံးဝ ပြည်သူတွေ ဘာမှမသိပါလား မသိတဲ့ သူတွေ အများကြီးပါလာတော့ နှစ်နှစ်ဆယ် အလုပ်သမားရေး လုပ်တယ် ၇၄ထဲ က အလုပ်သမားရေးလုပ်တယ်ဆိုတဲ့ ဆရာများ ဘယ်လိုခံစားရမယ်မသိ ကိုယ့်ကိုယ်ကိုယ်တော့ အလုပ်သမားရေးဆောင်ရွက်သူလို့ နာမည် တွင်လာတောင်တောင်ရှက်မိပါရဲ့ ။ ငါတကယ် ဘာမှမလုပ်နိုင်သေးပါလားလို့ ပေါ့

No comments: