Saturday, February 11, 2012

မမေ့စေသူ

မမေ့စေသူ

မျိုးဗမာ ထက်သန်ဇာတိမာန်နှင့်
သောင်းဇမ္ဗူ သူ့လိုရှားပါဘိကယ်
ဖေဖော်ဝါရီ ၁၃ တွင်မှ ဖွားခဲ့သောသူ။

ဟန်မူယာ ထူးပါလျက်ကယ်ထင့်
တည်ကြည်ကာ လေးနက်တတ်သူပ
ကျွန်ခေတ်မှာ သခင်ခေတ်ဆီသို့ လှမ်းခဲ့လေသူ။

ကိုလိုနီ သဘောက်ဆိုးရယ်ဖြင့်
ငြူငြင်ကာ ကောက်ကျစ်ပုံရယ်ကြောင့်
ကျည်သင့်ကာ ခန္ဓာချုပ် ဘဝပြောင်းရရှာသူ။

အဖန်ဖန်စစ်ကာ ကြည့်မယ်ချင့်
နှိုင်းဆရန် စကားစုရန်လို့ ဘယ်လိုပင် မယှဉ်နိုင်ပါတဲ့
မျိုးဆက်တို့ရဲ့ စံပြလုလင် အမျိုးဖခင် ကျေးဇူးရှင်
တမ်းတကာ မမေ့စမြဲ ရင်တွင်းမှတ်တမ်း ကဗ္ဗည်းတင်
မြန်မာတည်သရွေ့ ရှိလေမည်။



ရည်မွန်ထိပ်ထား

1 comment:

သားကြီး said...

"နှိုင်းဆရန် စကားစုရန်လို့ ဘယ်လိုပင် မယှဉ်နိုင်ပါတဲ့"
အရမ်းကောင်းတဲ့ ကဗျာလေးပါ ဘယ်လိုစကားလုံးမျိုးနှင့်မှ မနှိုင်းယှဉ်နိုင်တဲ့ အမျိုးသားဖခင်ကြီးရဲ့ အကြောင်းကို ကဗျာတိုတိုလေးနဲ့ ထိထိမိမိ ရေးစပ်နိုင်တဲ့ အတွက် အရမ်းကိုလေးစားပါတယ်..။ သတိတရရှိလို့လာလည်းရင် ဒီကဗျာလေးကို ကူးယူသွားတယ်အစ်မ။
(ရင်ခတ်နွယ်)