Friday, May 14, 2010

ကျေးဇူးကန်း တတ်သည့် သစ္စာဖောက် လူငယ်များ ရန် ကုန်တိုင်းတွင် လုံးဝ မရှိပါကြောင်း

NDF ပါတီ မှ ဦးခင်မောင်ဆွေ ၏ လူငယ်များကြား ထင်ယောင် ထင်မှား ဖြစ်စေ မှု များကို ရှင်းလင်းခြေပခြင်း


13 ရက် မေလ 2010 http://burmese.dvb.no/news.php?id=10844

DVB သတင်းဌာန ထုတ်လွှင့် သော သတင်းတခု

တွင်ပါရှိလာသော NDF ပါတီ မှ ဦးခင်မောင်ဆွေ ၏ ပြန်လည် ခြေပပြောဆိုမှု့  များသည် လွဲ မှားလျှက် ရှိပါသည် ။

၎င်း ၏ပြန်လည်ခြေပချက် ပါ မျိုးဇော်အောင် ရန်ကုန်တိုင်းဆို သည် မှာ ရန်ကုန်တိုင်း လူငယ် မှ လုံးဝ မဟုတ်ပါ ။
အဆိုပါမျိုးဇော်အောင် သည် မန္တလေးတိုင်း အရှေ့  တောင် မြို့  နယ် မှ ဖြစ် ပြီး ယခုတိုင် NLD ၏ အထောက်အပံ့ ဖြင့် ရန်ကုန်မြို့ ရှိ အမေရိကန် စန်တာ တွင် ပညာသင်ကြားနေ ဆဲ ကျောင်းသားတယောက် ဖြစ်ပါသည် ။

ထို့  သို့ သော ကျေးဇူးကန်း တတ်သည့် သစ္စာဖောက် လူငယ်များ ရန် ကုန်တိုင်းတွင် လုံးဝ မရှိပါကြောင်း အားလုံးသိ စေရန် အတွက် အသိပေးလိုက် ပါသည် ။

ဦးခင်မောင်ဆွေ ၊ ဦးသန်းငြိမ်း တို့ ပါဝင် သော NDF ပါတီသည် ယခုအခါတွင် NLD ၏ ကိုယ်ပွား ပါတီ ယောင်ယောင် ၊ ညီအကို ပါတီ ယောင်ယောင် စသည့်  ပြည်သူများေ၀၀ါးစေသည့် စကားအသုံးအနှုန်းများဖြင့်

မီဒီယာ များတွင် တွင်တွင်ကြီး အသုံးချ ပြောဆိုလျှက် ရှိနေ ပါသည် ။

NDF ပါတီ သည် NLD ပါတီ နှင့် လုံးဝ သက် ဆိုင်ခြင်း မရှိကြောင်းကို RFA သတင်းဌာန နှင့် အင်တာဗြူး တခု တွင် အဘဦးဝင်းတင် မှ ပြောဆိုခဲ့ ပြီး ဖြစ်သည် ကို ဤနေရာhttp://www.rfa.org/burmese/news/interview_with_U-Win-Tin_on_U_Khin_Maung_Swe-05112010125229.html

တွင် နားဆင်နိုင် ပါသည် ။

" ဦးခင်မောင်ဆွေ ပြောကြားချက် ပါ ကျနော် တို့ က လဲပဲ NLD ကို သွားပြီး တော့  ဖဲ့ စည်းရုံးတာမျိုး အိမ်ရှေ့  သွားပြီးတော့  ငါ့အထုတ်ထဲဝင်ပါလို့  ပြောတာမျိုး အန်ကယ် တို့  မလုပ် ပါဘူး "

ဆိုသည်မှာ လဲ လိမ် လည် ပြော ဆို ခြင်း သာဖြစ်ပါသည် ။ ဦးခင်မောင်ဆွေ တို့ ကိုယ် တိုင် ထိုသို့  မလုပ် သော် လည်း ကို မြင့်ငွေ မကွေးတိုင်း ဆို သူ မှာ ပါတီ ရုံးတွင်း သို့  လာရောက်ပြီး လူငယ် အချို့  နှင့်

လူငယ်ခေါင်းဆောင် အချို့  အားစည်းရုံးမှု့  များရှိခဲ့ပါသည် ။ ကိုမြင့်ငွေ ၏ စည်းရုံးချက်ကို လူငယ် အားလုံးမှ လက်မခံ ခဲ့ သောကြောင့် ယခုနောက်ပိုင်း တွင် မလာဝံ့ ပဲ စည်းရုံးရေး လာရောက် လုပ်ဆောင်ခြင်း မရှိတော့ ပါ

အဓိက ပြောလို သည် မှာ NLD လူငယ်ထု မှာ 26 ရက် နေ့  က ပြုလုပ် ခဲ့ သည် တိုင်း နှင့် ပြည် နယ် လူငယ်ထုတရပ်လုံး၏ သဘော ထား အတိုင်းဆက်လက်ရပ် တည် လျှက် ရှိပါကြောင်း ပြည်သူများ သို့ 

အသိပေးအကြောင်းကြားအပ်ပါသည် ။



................. ရန်ကုန်တိုင်း လူငယ်များ ကိုယ်စား... လူငယ်တဦး ........

ဆက်သွယ်မေးမြန်းလိုပါက lathawdar@gmail.com မှတဆင့် မေးမြန်းနိုင်သည်။

1 comment:

Andrew said...

ကောင်းလိုက်တဲ့ ဝေဘန်သံတွေပါလား။ လေးစားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က ရန်ကုန်တိုင်းကလဲ မဟုတ်ပါဘူး။ မန္တလေး အရှေ့တောင်မြို့နယ်ကလဲ မဟုတ်ပါဘူး။ ခင်ဗျားကိုယ်တိုင် မှာ ရေးတာမျိုးမဖြစ်ရလေအောင် နဲနဲပြင်လိုက်ရင် ပိုကောင်းသွားမှာပါ။ စာဖတ်သူအတွက် အဆင်ပြေအောင်ပါ။ ကျွန်တော်က မန္တလေး အရှေ့မြောက်မြို့နယ် လူငယ်တာဝန်ခံအနေနဲ့ လုပ်ခဲ့ပါတယ်။ ကျန်တဲ့ ကျောင်းတက်တဲ့သတင်းတွေလဲ မှားနေပါတယ်။ နဲနဲ သိအောင်စုံစမ်းကြည့်ပါ။ မေးမြန်းကြည့်ပါ။ အဖွဲ့ချုပ်က ပို့ပေးလို့ ကျောင်းတက်ခွင့်ရကြသူတွေ ပြောတာ ယုံပြီး ဒီသတင်းကို ရေးထားတာဖြစ်မယ်ထင်ပါတယ်။
အစ်မက ဒီမိုကရေစီလိုလားသူတစ်ဦးဖြစ်မယ်ထင်လို့ ဘာမှ မဝေဘန်လိုပါဘူး။
အခု ၂၀၁၀ ဒီရွေးကောက်ပွဲမှာပါတီ မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးကြတော့ သဘောထားနှစ်ရပ်ထွက်လာပြီး အများစုက မှတ်ပုံမတင်ရေးသဘောထားရှိကြလို့ ပါတီမှတ်ပုံမတင်မတင်ဖြစ်ခဲ့ပါ။ ပါတီမှတ်ပုံတင်သင့်တယ်လို့ အယူအဆရှိသူတွေက NLD နှစ်ဖွဲ့ကွဲရေးကို မလိုလားလို့ မေလ ၆ ရက်နေ့ထိစောင့်ပြီး နောက်မှာ ပါတီအသစ်တစ်ခုကို ထောင်ခဲ့တာပါ။ NLD နှစ်ခြမ်းမကွဲအောင်တမင် အသစ်တစ်ခုကို လုပ်ခဲ့တာပါ။
ကျွန်တော့အနေနဲ့က NLD မှတ်ပုံတင်သင့်မတင်သင့် ဘယ်တော့မှ မဆွေးနွေးခဲ့ပါဘူး။ NLD က သူ့အကြောင်းနဲ့သူမို့ပါ။ ကျွန်တော်က အခု ပါတီအသစ်မှာ လူကြီးတွေနဲ့ပေါင်းလုပ်တာကလဲ ဒီလူတွေရဲ့ ရိုးသားမှုကို ယုံကြည်လို့ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၁ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းမှာ ပြည်သူလူထုအတွက် စကားပြောပေးမယ့် တရားဝင်နိုင်ငံရေးပါတီတစ်ရပ်ရှိသင့်တယ်လို့ ယူဆလို့ပါ။ NLD အနေနဲ့ လက်ရှိဥပဒေတွေကို လက်မခံပဲ ပါတီတရားဝင်ရှိရေးဆက်လုပ်နေတာ ၀မ်းသာစရာပါ။ ဆက်ရှိနေမယ်ဆို အတိုင်းထက်အလွန်ပါ။ NDF ထက် NLD က ပိုတန်ဖိုးရှိပါတယ်။
ဒါပေမယ့် NDF ကလူတွေက ပြည်သူတွေကို သစ္စာဖောက်သွားတာမဟုတ်ဘဲ ပြည်သူ့အတွက် ဒီမိုကရေစီပန်းတိုင်အရောက် ဆက်တိုက်ပွဲဝင်သွားမယ့်သူတွေဆိုတာ အသိပေးလိုပါတယ်။ အခု ၂၀၁၀ မှာ ပြိုင်ကြမှာက NDF နဲ့ တခြားကြီးမားတဲ့ပါတီတွေက ကြံ့ခိုင်ရေးတို့ တဆည တို့ပါ။ အခု အစ်မတို့ ၀ိုင်းတိုက်ကြလို့ NDF အားပျော့သွားရင် ဘယ်သူတွေ သာသွားမလဲဆိုတာကို သတိထားဖို့ လိုပါတယ်။ သူတို့ကိုလိုလားနေသူတွေဖြစ်မယ်ဆိုရင်တော့ မပြောလိုပါဘူး။ အဝေဘန်လိုပါဘူး။
၂၀၁၀ မှာ ပါတီထောင်ကြတဲ့အထဲမှာ အမှန်တကယ် ဒီမိုကရေစီရရှိရေးနဲ့ ဥပဒေပြင်ဆင်ရေးကြိုးပမ်းကြမယ့်ပါတီက နဲနဲပဲ ရှိပါတယ်။ အဲဒီပါတီတွေ အားနည်းအောင်လုပ်ရင် ကိုယ့်ရည်ရွယ်ချက်က ဘာဖြစ်နေမလဲဆိုတာ ပြန်မေးစေချင်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ဒီမိုကရေစီအင်အားစုချင်း ညီညွတ်ရေးစိတ်မွေးထားစေချင်တာပါ။ ကျွန်တော်တို့က ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ကျွန်တော်တို့ဆီကို မလာချင်ဘဲ လာအောင် မစည်းရုံးဖူးပါဘူး။ ကိုမြင့်ငွေအကြောင်းရေးထားတာတွေပါတယ်။ အဲဒီတုန်းက အစကတည်းက သဘောတူထားတဲ့လူကို သွားခေါ်တာပါ။ မလာဘူးလို့လဲ မဖြေပါဘူး။ မအားသေးလို့ နောက်မှ လာမယ်ဆိုပြန်ဖြေခဲ့တဲ့သူပါ။ နောက်တော့မှ ကိုမြင့်ငွေကပဲ တင်မင် သူ့ကို စည်းရုံးသလိုလို ပြန်ဝါဒဖြန့်တာပါ။ သူမလာနိုင်ဘူးပြောတာကိုတောင် လာပါလို့ မတိုက်တွန်းခဲ့ပါဘူး။ ကျွန်တော်တို့ အနေနဲက အာဏာပိုင် ရယ် အထင်လွဲနေတဲ့ ဒီမိုကရေစီဘက်တော်သားတွေရယ် နှစ်ဘက်စလုံးရဲ့ ဝေဘန်မှုတွေ ခံရမယ်ဆိုတာ သိပြီးသားပါ။ ဒါကြောင့်လဲ ဘယ်သူ့ကို မှ မစည်းရုံးတာပါ။ ဒီ နှစ်ဘက်ထိုးနှက်ချက်ကိုခံနိုင်ရည်ရှိတဲ့လူက နဲနဲပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဝေဘန်လို့ ရပါတယ်။ ဆဲလို့လဲ ရပါတယ်။ ကိုယ့်အခွင့်အရေးပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့အချက်ကလေးတွေသုံးပြီး ဝေဘန် စေချင်ပါတယ်။ ဆဲစေချင်ပါတယ်။ မမှန်တာရောရေးထားရင် ပြည်သူတွေ မယုံမှာစိုးလို့ပါ။
မှတ်ချက်။ ။ ကျွန်တော်က NLD ကို အမြဲ သစ္စာရှိတဲ့လူပါ။ အရမ်း နုံအတဲ့ ကလေးတစ်ယောက်အဖြစ်ကနေ NLD က ကျွန်တော့ကို နဲနဲပါးပါးသိအောင် သင်ပြပေးခဲ့တဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ဘဲ ဦးထိပ်ထားတဲ့လူပါ။

ကျေးဇူးတင်ပါတယ်
မျိုးဇော်အောင်