Wednesday, February 3, 2010

ဘသားယိမ်းလိုက်ရောယိမ်းလိုက်များကြပ်ကြပ်သတိထား

“စစ်အာဏာရှင်တွေဆိုတာ သူတို့ကို ဘယ်လိုပဲ အလုပ်အကျွေးပြုပြု၊ ပြည်သူတွေကို ဘယ်လောက်ပဲ သစ္စာမဲ့ပြပြ သူတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မျက်နှာထောက်ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအချိန် ဒီအနုပညာရှင်ကို ပြည်သူတွေကလည်း မုန်းတီးနေပြီဖြစ်လို့ ဘဝသေသွားပြီဖြစ်တယ်” ဟု တေးရေးဆရာတစ်ဦးမှပြောသည်။

ခေတ်ပြိုင်ရဲ့စာမျက်နှာကို ဒီကနေ့ ဝင်ဖတ်ဖြစ်တယ် အကော်ဒီယံအုန်းကျော် ကို ဂီတအစည်းအရုံးကတရားစွဲ
လိုက်ပြီဆိုတဲ့သတင်းအပေါ်မှာအခြေခံပြီး ကျမပြုံးမိတယ်စစ်အာဏာရှင်တွေနဲ့ ပုံစံတူအလားသဏ္ဍန်တူတဲ့
အကြီးအကဲတချို့ ရဲ့မျက်နှာမျက်စိထဲမြင်မိသလို အားကောင်းတော့မယ်အားကြီးတော့မယ် အသားစီးကရှိနေ
ပြီဆိုပြီး ဒီမိုကရေစီတိုက်ပွဲမှာ အကော်ဒီယံကြီးကိုင်ပြီး***တိုင်းပြည်ကိုရှေ့ဆောင်ကာဒို့ ကျောင်းသားတွေသည်
စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည် **** ဆိုတဲ့သီချင်းကိုတက်ကြွစွာဆိုခဲ့တဲ့အကော်ဒီယံအုန်းကျော်
ကိုလည်း မျက်စိထဲပြန်မြင်ပြီးထပ်ပြုံးမိပြန်တယ် ။
စစ်အုပ်စုအာဏာသိမ်းလိုက်ချိန်မှာ အခြေအနေမကောင်းဘူး ဟိုဖက်ပြေးကပ်မှဆိုပြီး စစ်အုပ်စုအကြိုက် ဖားဖားယားယား ကပ်လိုက်ခဲ့တဲ့နည်းလမ်းမမှန်တဲ့ချည်းကပ်မှုတွေကြောင့် ခုတော့ လှလှကြီးတရားစွဲခံရ
ပါပြီ ။နောက်လူတွေလည်းသင်္ခန်းစာယူပေါ့ ။
စစ်တပ်ထဲကအကြီးအကဲတွေ ကို ဖားယားပြီး ကိုယ်ဖက်ကအပြတ်ရပ်မယ်လို့ ယုံကြည်ခဲ့ပေမဲ့ခုတော့ဗိုလ်မှုး
ချုပ်ကျော်ဆန်းကိုယ်တိုင်က အကော်ဒီယံအုန်းကျော် ကို တရားစွဲပါတဲ့  ရီစရာလည်းကောင်းပါတယ် ။
်အုန်းကျော်ကြီးကလည်း အတွင်းရေးမှုး(၁) ကိုဖားပြီးစာတင်မိလို့ တဲ့ ကျမက မှတ်ပီလား မှတ်ပီလား လို့  ပြောချင်ပါတယ် ။
ဒီလိုပဲ ခေါင်းဆောင်ကောင်းမဟုတ်တဲ့အကြီးအကဲတွေ မှာအမှန်တရားဆိုတာမရှိပါဘူး လိုရင်သုံးမယ်
မလိုရင် ဗြုန်းမယ် ပဲပေါ့ ခုအကော်ဒီယမ်အုန်းကျော် ကိုပဲကြည့်ပါ ၈၈ မှာအနုပညာသမားတစ်ယောက်
အနေနဲ့ ပါဝင်ခဲ့တယ် (သူ့ ပါဝင်မှုဟာစေတနာ နဲ့ တော့မဟုတ်ခဲ့လောက်ဘူး) စစ်အာဏာလည်းသိမ်းပြီး
ရော အနုပညာ လက်နက်ကိုကြောက်တဲ့ စစ်အုပ်စုက မက်လုံးပေးပြီး ဆွယ်နိုင်သမျှလူကိုဆွယ်သွား တဲ့
အခါ အကော်ဒီယမ်အုန်းကျော်တို့ က ရန်သူဖက်ကတက်တက်ကြွကြွပေါ့ --ခုတော့ကြားတော်မူကြတဲ့
အတိုင်း သာကူး တစ်ဖန် ဘသားယိမ်းလိုက်ရောယိမ်းလိုက် နဲ့ ရပ်တည်ချက်မခိုင်မာသူရဲ့ နိဂုံးအဆုံးသတ်
ကတော့ ကျော်ဆန်းရဲ့အမိန့် ညွှန်ကြားချက် နဲ့ တရားစွဲခံထားရမှုကို မသက်တောင့်မသက်သာ ရင်ဆိုင်
လိုက်ပါဦးပေါ့ --၂၀၁၀ ကိုယိမ်းချင်နေတဲ့  ဒီမိုပျက်များလည်း ကြပ်ကြပ်သတိထား နိုင်ကြဖို့ တင်ပြလိုက်
ရပါတယ် ။။

2 comments:

Anonymous said...

အစ်မ ဆရာမရေ..မရောက်တာ ကြာလို့ စိတ်မရှိပါနဲ့နော်။ အလုပ်မအားလို့ပါ။ နေကောင်းပါစနော်။ ပျော်ရွှင်စွာဖြင့် ရည်မှန်းရာလို့ ဦးဆောင် လျောက်လှမ်းနိုင်ပ်ါစေ။

တော်ဝင်ထွန်း said...

ပြန်လာပါသည်။ ဆရာမ.ဟီးဟီးဟီး...