ဘယ်လမ်းကိုရွေးကြမလဲ
မြန်မာနိုင်ငံဟာတိုးတက်ဖွဲ့ဖြိုးတဲ့ နိုင်ငံများနဲ့ နှိုင်းယှဉ်ဖို့မထားနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လိုက်ရင်ဘဲ
နှစ် ၃၀-၄၀နောက်ကျနေပြီဆိုတာ ထိုင်းနိုင်ငံသို့ရောက်ဖူးတဲ့မြန်မာနိုင်ငံသားတိုင်းသိကြတယ်၊ ဒီပြဿနာဟာ တကယ်
တော့ဘာလဲဆိုတာ စစ်တပ်က နိုင်ငံရေးမှာပါဝင်လာပြီး စစ်အာဏာရှင်စနစ်ကို တည်ထောင်လာခြင်းကြောင့် ဖြစ်တယ်၊
တနည်းပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီဆိတ်သုဉ်းသွားရခြင်းနှင့် စစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံတော်ကိုတည်ထောင်
နိုင်ခြင်းမရှိခဲ့တာမို့ ဖြစ်တယ်၊ ဗိုလ်နေ၀င်းလက်ထက်မှာ ဆိုရှယ် လစ်အရေခြုံပြီး တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံး
ဲခဲ့ကြတယ်၊ ဒါကြောင့်ပြည်သူတွေ ဆင်းရဲ ငတ်ပြတ်ခဲ့ကြတယ်၊ ကျောင်းသားတွေက အင်မတန် ပျော်စရာ ကောင်းတဲ့
ကျောင်းတွေ။ တက္ကသိုလ်တွေမှာ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်မရခဲ့ဘူး။ ဗိုလ်နေ၀င်းရဲ့ နိုင်ငံရေးနှင့် စီးပွားရေး
ပေါ်လစီအမှားတွေကြောင့်နောက်ဆုံးမှာတော့ပြည်သူများကမခံမရပ်နိုင် ဖြစ်လာတဲ့အတွက်(၈၈၈၈)ပေါ်ထွက်လာခဲ့တယ်၊
၂၆ နှစ်တိုင်တိုင်စစ်အာဏာရှင်ကုလားထိုင် ပေါ်မှာထိုင်နေတဲ့ ဗိုလ်နေ၀င်းစာ နောက်ဆုံးနေ၀င်သွားရတယ်။
သူမွေးထားတဲ့ ဗိုလ်သန်းရွှေ တက်လာပြန်တော့ ပြည်သူတွေ (၁၉၉၀)ခုနှစ်ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်တဲ့
NLD ကို အာဏာလွဲပေးဖို့ ငြင်းဆိုတဲ့အပြင် NLD ဗဟိုရဲ့ ရပ်တည်မှုကိုပင် ခြိမ်းခြောက်လျက်ရှိနေပါတယ်၊အဲဒီအပြင်
ဗိုလ်သန်းရွှေအပါအ၀င် စစ်ဗိုလ် များဟာ ပြည်သူများအပေါ်ထားခဲ့တဲ့ကတိတွေကိုမစောင့်ထိန်းတဲ့အပြင်၊စစ်ဗိုလ်ချုပ်တွေ
က မြန်မာနိုင်ငံကိုရာသက်ပန်ချုပ်ကိုင်သွားရန် ဖွဲ့စည်းအုပ်ချုပ်ပုံကို ထောင်သောင်းများစွာသော ပြည်သူတွေ နာဂစ်ဆိုင်
ကလုန်းဒဏ်နှင့်သေကြေပျက်စီးပြီးသန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ထဲမျောနေကြတုန်း ပြည်သူများရဲ့
မျက်နှာကိုပင်မထောက်ထားသူတို့အာဏာရရှိရေးအတွက် ဖွဲ့စည်းပုံကိုအဓမ္မအတည်ပြုခဲ့တယ်။
အချို့ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေနဲ့တိုင်းရင်းသားခေါင်းဆောင်တွေက စစ်ခေါင်းဆောင်တွေရေး
ဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ စစ်တပ်၏ကိုယ်စား လှယ်များဟာ၂၅%သာရှိတယ်။အရပ်သားတွေက၇၅%ပါဝင်ခွင့်ရှိတယ်၊
ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း ချို့ယွင်းအားနည်းချက်ရှိနေတယ်၊ တိုင်းရင်းသားနယ်မြေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးမှာလည်း
ဟာကွက်တွေရှိနေတာမို့သူတို့နဲ့ပူးသတ်ရင် ရမယ်လို့ကြွေးကြော်နေသူတွေလည်း ရှိနေတယ်၊
ကိန်းဂဏန်းရဲ့တန်ဖိုးနဲ့ကြည့်မယ်ဆိုရင် ၎င်းတို့ပြောဆိုချက်ဟာမှားယွင်းဖွယ်မရှိဘူး၊ဒါ့ကြောင့်မို့တစ်ချို့က သမ္မတရာထူးမှာ
ပြည်သူများဘက်ရပ်တည်မယ့် ပုဂ္ဂိုလ်ကို ရွေးချယ်တင် မြောက်နိုင်ပါက သေချာပေါက်နိုင်ဖွယ်ရှိတယ်၊ သမ္မတဖြစ်ရင်
မိမိတို့လိုသလို ပြုပြင်ပြောင်းလဲ သွားနိုင်မယ်လို့မျှော်လင့်နေကြတယ်၊
တကယ်တော့ ၎င်းတို့လုပ်ရပ်များဟာ မျက်မမြင် ပုဏ္နားခြောက်ယောက်နဲ့ ဆင်တစ်ကောင်တို့ရဲ့ပုံပြင်လိုဖြစ်နေတယ်၊ခြေ
ထောက်စမ်းမိသူမျက်မမြင်က ဆင်ဆိုတာသစ်ပင်ရဲ့ပင်စည်နဲ့တူတယ်လို့ ဆိုတယ်၊ ခန္ဒာကိုယ်စမ်းမိသူကနံရံနဲ့တူတယ်၊
နားရွက်စမ်းမိသူ က ယပ်တောင်နဲ့တူတယ်၊စတာမျိုး အမျိုးမျိုးပြောနေကြသလိုဖြစ်တယ်၊မြန်မာနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကို
လေ့လာတဲ့ပညာရှင်များကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါအမှန်တကယ်တော့စစ်တပ်ကရေးတဲ့ဖွဲ့စည်းပုံမှာ တကယ်အာဏာ
များကို စစ်တပ်ကဆုပ်ကိုင်ထားတာလို့ဆို တယ်၊ လွှတ်တော်မှာလည်း စစ်တပ်ကိုယ်စားလှယ်များက ကာကွယ်ရေးနှင့်
လုံခြုံရေးကဏ္ဍ များမှာ ၎င်းတို့အုပ်စုကပဲ ဥပဒေကို ဆွဲချင်သလို ဆွဲနိုင်တာတွေ့ရတယ် လွှတ်တော်(၂)ရပ်ရဲ့ အာဏာ
ဟာလည်း တကယ်တော့ ပြယုဂ်သက်သက်ပါပဲ၊အာဏာကို အမှန်တယ်ချုပ်ကိုင်နိုင်မဲ့ ပုဂ္ဂိုလ်များကတော့ ကာကွယ်ရေး
နဲ့ လုံခြုံရေးကောင်စီဆိုတာပဲ၊ အဲဒီကောင်စီမှာ (၁၁)ဦးပါ တယ်၊ အစည်းအဝေးကို (၅)ဦးနဲ့ပဲ ကျင်းပနိုင်တာတွေ့ရ
တယ်။ အဲဒီ(၅)ဦးထဲမှာ သမ္မတက ဒီမို ကရေစီ အင်အားစုမှ တက်လာသော်ငြားလည်း ကျန်လေးဦးက ဘောင်းဘီ
ဝတ်စစ်သားများ ဖြစ်နေတယ်၊ တကယ်တော့ သမ္မတက ဗိုလ်ချုပ်တွေရဲ့ လက်ခုပ်ထဲက ရေပါ၊ ပြည်သူတွေ လိုချင်
တဲ့ ဒီမိုကရေစီစနစ်မဟုတ်ဘူး၊ တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်လည်းမဟုတ်ဘူး၊
သူတို့အာဏာကိုထိပါးလာမယ်ဆိုရင် အရေးပေါ်ကြေ ငြာချက်ထုတ်ပြီး စစ်ဗိုလ်ချုပ်များက အာဏာကိုဆက်လက်ဆွဲကိုင်
သွားမယ်၊ သမ္မတနဲ့လွှတ် တော်ဆိုတာ ပြယုဂ်လေးပါ၊
ပြည်တွင်းမှာ ဆိုရင်လည်း စစ်အာဏာရှင်များက စစ်မှန်တဲ့ဒီမိုကရေစီနဲ့ပြည်ထောင်စု စနစ်ကို တောင်းဆိုနေသူများကို
ပြင်းပြင်းထန်ထန်နှိပ်ကွပ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထင်ရှားတဲ့တိုင်းရင်းသားခေါင်းဆောင်တွေ
ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြား ရဟန်းသံဃာခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်စက်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်များ
ကို ချမှတ်ခဲ့တယ်၊
NLD အနေနဲ့လည်း ပါတီတစ်ရပ်အဖြစ်အသိအမှတ်ပြုထားတာပဲဖြစ်တယ်၊လှုပ်လို့မရဖြစ်နေတယ်၊ဒီအချိန်မှာ ပြည်တွင်း၊
ပြည်ပဒီမိုကရေစီအုပ်စုများက ဘာလုပ်နိုင်မလဲ မစဉ်းစားရင် မဖြစ်တဲ့အချိန်မှာ ရောက်နေတယ်၊ နအဖ ရဲ့ဖွဲ့စည်း
အုပ်ချုပ်ပုံဟာ စစ်အာဏာရှင် စနစ်ကို တည်ထောင်မဲ့ဖွဲ့စည်းပုံဖြစ်တယ်ဆိုတာ သိနားလည်မယ်ဆိုရင်တော့မပျက်ပျက်
အောင်တိုက်ခိုက်ဖို့ ဒီမိုကရေစီအင်အားစုများမှာ တာဝန်ရှီတယ်၊ ပြည်တွင်းမှာ လှုပ်ရှားလို့ မရလို့ ထိုင်နေရတယ်ဆို
တာမဟုတ်ဘဲကြိုတင်ပြင်ဆင်ထားဖို့လိုတယ်၊ ဒီအချိန်မျိုးမှာ အဓိကတာဝန်ကျတဲ့အင်အားစုကတော့ နယ်စပ်မှာရှိတဲ့
ခေါင်းဆောင်မှုကိုယူထားတဲ့အဖွဲ့ အစည်းဖြစ်တယ်လို့ ထင်တယ်။
၂၀၀၉ နှစ်ဦးမှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)ရဲ့ထုတ်ပြန်ကြေငြာချက်ကို ဖတ်မိရတဲ့အခါ မူ
အရငြင်းစရာမရှိဘူး။ မျှော်လင့်ထားတဲ့နိုင်ငံရေး ပေါ်လစီဖြစ် နေတာမို့ ၀မ်းသာအားရမိတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ ဖြစ်လာတဲ့အခက်အခဲများကို ကျော်လွှားပြီး စစ်အာ ဏာရှင်စနစ်ကိုဘယ်လိုဘယ်ပုံ
တိုက်ခိုက်မလဲဆိုတဲ့မေးခွန်း၊ ငြင်းခုံမှုများထက် အင်တာနက် ပေါ်ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနဲ့ပြည့်နှက်နေတာမို့ အလွန်
စိတ်ပျက်စရာကောင်းတယ်၊ ဒီလိုသာဆိုရင်ဒီမိုကရေစီနဲ့ဝေးနေအုံးမှာပဲလို့ စိုးရိမ်မိတယ်၊ တကယ်တော့မြန်မာနိုင်ငံသား
တိုင်းရဲ့ ပထမတာဝန်ဟာ စစ်အာဏာရှင်စနစ်ပပျောက်ရေးဖြစ်တယ်။ နောက်ပြီးခေတ်မှီပြီး နိုင်ငံတကာစံနှုန်းနဲ့ ညီတဲ့
အစိုးရအဖွဲ့အစည်းမျိုးကို ဖန်တီးနိုင်မယ်ဆိုရင်အကျင့်ပျက်ချစားတဲ့ ခေါင်းဆောင်များကို နိုင်ငံရေး
စင်မြင့်ပေါ်က ဆင်းနိုင်အောင်လုပ်ဘို့ဆိုတာ လွယ်ပါတယ်။
အခုစစ်ခေါင်းဆောင်များက သူတို့တည်ထောင်လိုတဲ့ စစ်အာဏာရှင်နိုင်ငံတော်ကို၂၀၁၀ ခုနှစ်မှာ ဖန်တီးဘို့ စိုင်းပြင်းနေ
တယ်၊ ဒါကြောင့် ညီညွတ်ရေးနဲ့ သွေးစည်းရေးပေါ်မှာအခြေခံပြီး စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ဖို့အချိန်တန်လာပြီဖြစ်
တယ်။ ဒါပေမယ့်လက်ရှိ အဝေးရောက်အစိုးရဖြစ်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) မှာ
ပါဝင်နေတဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများရဲ့ အဆိုအရ အစိုးရ(၂)ရပ်ဖြစ်ပေါ်လာပါက မိမိတို့လမ်း။ မိမိတို့လျှောက်မယ်လို့
ပြောသံကြားရတဲ့အခါ ပိုမိုစိတ်မကောင်းဖြစ်ရပြန်တယ်၊ဒါကြောင့်မို့ NCUB နဲ့ NCGUBတို့အကြောင်းကောင်းစွာနားလည်
တဲ့ပုဂ္ဂိုလ်များအား မေးမြန်းစုံစမ်းကြည့်တဲ့ အခါအဖြစ်မှန်ကို သိလာရတယ်။
NCUB ဆိုတာ DAB/NDF/NLD-LA နဲ့ MPUဆိုတဲ့ မဏ္ဍိုင်ကြီး(၄)ရပ်နဲ့ဖွဲ့စည်းထားတာဖြစ်တယ်၊NCUBရဲ့ဌာနချုပ်မှာ
အတွင်းရေးမှူးအဖွဲ့နဲ့သဘာပတိအဖွဲ့ဆိုတာရှိ တယ်၊ အတွင်းရေးမှူးအဖွဲ့မှာ အဖွဲ့ဝင် (၈)ဦးရှိတယ်၊ (၄)ဦးကမဏ္ဍိုင်
်ကြီးလေးတိုင်မှာတတိုင်လျှင်တစ်ဦးကျ (၄)ယောက်ကိုအတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်သတ်မှတ်တယ်၊ ကျန်(၄)ဦး အား
မဏ္ဍိုင်ကြီး (၄)ရပ်မှ စာရင်းတင်သွင်းလာတဲ့ ပုဂ္ဂိုလ်များထဲမှ မဲနဲ့ (၄)ဦးရွေးချယ်သည်။ အဲဒီစုစုပေါင်း (၈)ဦးထဲမှ
တဖန်ရွေးကောက်ပွဲစနစ်ဖြင့် အထွေထွေအတွင်း ရေးမှူး။ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁)၊တွဲဘက်အထွေထွေ
အတွင်းရေးမှူး(၂)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၃)တို့ကို တင်မြှောက်တယ်၊ အရွေးမခံတဲ့သူနဲ့အရွေးမခံရတဲ့
ကျန်အဖွဲ့ဝင်(၄) ဦးဟာ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာတယ်၊ အတွင်းရေးမှူးအဖွဲ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့
NCUB ၏ သဘာပတိအဖွဲ့နှင့်အဖွဲ့ဝင်များမှချမှတ်ထားသောပေါ်လစီများကို လည်းကောင်း၊သဘာပတိအဖွဲ့မှချမှတ်ထား
သောပေါ်လစီများကိုလည်းကောင်းအကောင်အထည်ဖော်ရန်ဖြစ်သည်။
သဘာပတိအဖွဲ့ဝင်မှာတော့ (၉)ဦးရှိတယ်၊ အတွင်းရေးမှူးအဖွဲ့မှာလို (၄)ဦးဟာ မဏ္ဍိုင်လေးတိုင်မှာ တိုက်ရိုက် ခန့် 
ထားသော အဖွဲဝင်တွေဖြစ်ပါတယ်။ ကျန်(၄)ဦးကတော့ မဏ္ဍိုင်ကြီးလေးရပ်မှ စာရင်တင်သွင်းလာတဲ့ ပုဂ္ဂိုလ်များထဲမှ
မဲနဲ့ ရွေးချယ်တယ်။ အဲဒီသဘာပတိ(၈)ဦးထဲမှ အထွေထွေအတွင်းရေးမှူးများရွေးချယ်သလိုဥက္ကဌ၊အမှတ်(၁)ဥက္ကဌ၊
အမှတ်(၂)ဥက္ကဌ၊ အမှတ်(၃)ဥက္ကဌတို့ ကို မဲစနစ်ဖြင့်ရွေးချယ်တယ်။ အရွေး မခံတဲ့သူနဲ့  အရွေးမခံရတဲ့ ကျန်အဖွဲ့ 
့ဝင် (၄)ဦးဟာ သဘာပတိအဖွဲ့ ဖြစ်လာတယ်။
တိုက်ရိုက်ခန့် အပ်ထားသောကိုယ်စားလှယ်တွေဟာအတွင်းရေးမှူးအဖွဲ့ ဝင်ဖြစ်စေ၊သဘာပတိအဖွဲ့ ဝင်ဖြစ်စေ၊မိခင်အဖွဲ
့အစည်း၏ပေါ်လစီအား ဆန့် ကျင်ပါက ထိုကိုယ်စားလှယ်အားရပ်ဆိုင်း၍ ကိုယ်စားလှယ်သစ်ကို ခန့် အပ်နိုင်တယ်၊
ကျန်(၉)ဦးမြောက်သဘာပတိအဖွဲ့ ဝင်တွေဟာ MPU မဏ္ဍိုင်ကနေပြီး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ထားတဲ့
ဝန်ကြီးချုပ်ဖြစ်တယ်။အဝေးရောက်ညွှန့် ပေါင်းအစိုးရNCGUB ရဲ့  ၀န်ကြီးချုပ်ဟာ NCUBရဲ့ သဘာပတိအဖွဲ့ ဝင်လည်း
ဖြစ်တယ်။
ဒါကြောင့်မို့  NCUBနဲ့ NCGUB ဆိုတာ ဖွဲ့ စည်းပုံမှာ ပန်းနဲ့ ခေါင်း လိုဖြစ်ရမယ်။ ဒါပေမဲ့ ညီညွှတ်မှု၊သွေးစည်းမှုမဖန်
တီးနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ၀န်ကြီးချုပ်ကို မဏ္ဍိုင်တတိုင်သာဖြစ်တဲ့ MPU ကနေပြီးရွေးခဲ့တာဖြစ်တယ်။အခြား
(၃)တိုင်နဲ့  ဘာမှမပတ်သတ်တဲ့ အားနည်းချက်ကို တွေ့ ရတယ်။ NCUBရဲ့ သဘာပတိအဖွဲ့ ဝင်ဖြစ်တဲ့ ၀န်ကြီးချုပ်ဟာ
အစည်းအဝေးကို တခါမှ မတက်ရောက်ခဲ့တာကိုလည်း တွေ့ ရတယ်။ ပန်းနဲ့ ခေါင်းဟာ ကင်းကွာနေသလိုဖြစ်နေတယ်။
အရင်တုန်းက NCUB မပေါ်ခင် DAB က လွှတ်တော်ပုံဏ္ဍန်ကိုဆောင်ပြီး NCGUB ကလွှတ်တော်ကတင်မြှောက်တဲ့အစိုး
ရပုံစံမျိုးဖြစ်လာမို့  အပြန်အလှန်ဆက်သွယ်မှု အပြန်အလှန်ထိန်းချုပ်မှုရှိနိုင်တယ်။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့်
ဆက်လက်ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘူးလို့ သိရတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံညွှန့့်ပေါင်းအစိုးရ NCGUBဆိုတာကလည်း (၉၀)ရွေး ကောက်ပွဲ မကျင်းပစဉ် ကတည်းက
တိုင်းရင်းသားခေါင်းဆောင်များနဲ့  ဒီမိုကရေစီခေါင်းဆောင်များက စီစဉ်ထားတဲ့ အစီစဉ်တရပ်ဖြစ်တယ်။
ဒေါက်တာစိန်ဝင်းနဲ့ အမတ်အချို့  မာနယ်ပလောဌာနချုပ်ကို ရောက်လာတဲ့အခါ ဒေါက်တာစိန်ဝင်းကိုယ်တိုင်ကကြိုက်သ
လိုဖွဲ့ စည်းရန် ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီခေါင်းဆောင်များဖြစ်ကြတဲ့ ဦးတင်မောင်ဝင်းနဲ့ ကိုမိုးသီးဇွန်တို့ က
(၉၀)ရွေးကောက်ပွဲရလာဒ်ကို တရားဝင်ရှိမှုဖြစ်ရန်အတွက် ဒေါက်တာစိန်ဝင်းနဲ့  ကျန်(၉၀)ရွေး ကောက်ပွဲ၌ရွေးချယ်ခံ
ရသောအမတ်များနဲ့  ဖွဲ့ စည်းရန်အကြံဥာဏ်ပေးခဲ့တာမို့  တိုင်းရင်းသား ခေါင်းဆောင်များက ညီညွှတ်ရေးနဲ့ သွေးစည်း
ရေးအတွက် လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ဒေါက် တာစိန်ဝင်းနဲ့  တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ အဝေးရောက်
အစိုးရ အင်အားရှိလာပါ က လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များဖြင့် တိုးချဲ့ ဖွဲ့ စည်းမယ်လို့  ကတိဂ၀တ်ပြုခဲ့
တယ်။ မာနယ်ပလောသဘောတူညီချက်စာချုပ်မှာလည်း ဒေါက်တာစိန်ဝင်းကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်။
အဝေးရောက်အစိုးရဖွဲ့ ပြီးသည့်နောက် ဒေါက်တာစိန်ဝင်းက အမေရိကန်သို့  ရောက် ပြီးကတည်းက နယ်စပ်ကို တခါမှ
ပန်ရောက်လာခြင်းမရှိခဲ့တာမို့  တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်ဒီမိုကရေစီအင်အားစုများနဲ့ ကင်းဝေးလာခဲ့တယ်။
၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့  အမတ်တွေ နယ်စပ်မှာများလာတဲ့အခါ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့  MPU
အဖြစ်ဖွဲ စည်းတည်ထောင်ကာ MPU ဟာ NCUB ၏ မဏ္ဍိုင်တရပ်အဖြစ် ရပ်တည်လာတယ်။ MPU က NCGUB ကို
လေးနှစ်တခါ ၀န်ကြီးချုပ်တဦးကိုဘဲ ရွေးချယ်တင်မြှောက်ခွင့်ရှိတယ်။ NCGUB ကို ထိန်းချုပ်ခွင့်မရှိဘူး။ နောက်ပြီး MPU
မဏ္ဍိုင်တတိုင်ထဲမှ NCGUB ကို ရွေးချယ် တင်မြှောက်ထားတာမို့  အပြန်အလှန်ထိန်းချုပ်မှုဆိုတာဟာအားနည်းလာရတယ်။
အစိုးရအ မည်ခံသော်လည်း အစိုးရလို မဆောင်ရွက်နိုင်တာလည်း ထိုအချက်ပင်ဖြစ်တယ်လို့  သုံး သပ်ချင်တယ်။
အစိုးရက တသီးတခြားဖြစ်နေတော့ အသစ်ပေါ်လာတဲ့ NCUB တပ်ပေါင်း စုလည်းဘဲ ပီပြင်သောလွှတ်တော်အသွင်သို့ 
ကူးပြောင်းနိုင်ခြင်း မရှိတော့ဘူး။ အစိုးရကို မ ထိန်းချုပ်နိုင်တော့တာမို့ ပြည်သူတွေက မျှော်လင့်နေတဲ့ထင်လင်းမြင်သာ
မှုဆိုတာလည်း မပေါ်နိုင်ဘူး။ လူတစုကဘဲ နှစ်ပေါင်းများစွာ ကိုင်တွယ်လာတော့ ပြောစရာဖြစ်လာရတော့ တယ်။
ကြာလာရင် အာဏာရှင်ဖြစ်လာနိုင်တယ်။
ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ NCGUB ဟာ(၁၈)နှစ်တိုင်ကြာခဲ့ပြီးဖြစ်တာမိုMPUအတွင်းသာမကNCUB ခေါင်းဆောင်
များအတွင်းမှာလည်း အပြောင်းအလဲကို မျှော်လင့်ကြတယ်။ အဲဒါကြောင့် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလမှာကျင်းပတဲ့ MPU
အထူးအစည်း အဝေးမှာ တိုင်းရင်းသားခေါင်းဆောင်များနဲ့  တိုးချဲ့ ဖွဲ့ စည်းမယ်လို့  ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါပေမဲ့
တိုင်းရင်းသားခေါင်းဆောင်များနဲ့  တိုးချဲ့ ဖွဲ့ စည်းရေးပြဿနာဟာ NCGUB ဖွဲ့ စည်း ပြီးကတည်းက ပေါ်ခဲ့ဖူးတယ်။
အဲဒီတုန်းက တိုင်းရင်းခေါင်းဆောင်များ ပါဝင်ရေးကို တောင်းဆို ကြတဲ့အခါ NCGUB က လက်နက်ကိုင်တိုင်းရင်းသား
ခေါင်းဆောင်များနဲ့  တိုးချဲ့ ဖွဲ့ စည်းရမည့် အစား(၉၀)ရွေးကောက်ပွဲ၌ ရွေးချယ်ခံရတဲ့ ဦးခွန်မားကိုဘန့် ၊ ဦးသာနိုး
စတဲ့အမတ်များကိုဝန် ကြီးချုပ်များခန့် အပ်၍ တိုးချဲ့ ဖွဲ့ စည်းခဲ့တယ်။အဲဒီပြဿနာကြောင့်ကချင်ခေါင်းဆောင်များစေ့စပ်
ဆွေးနွေးရေးလမ်းကြောင်းကို လိုက်သွားကြရတယ်လို့  ပြောဆိုသူမျာ ရှိကြတယ်။ အဖြစ်မှန်က ဒီမိုကရေစီ ရရှိပါက
သမိုင်အမှန်အား ဖော်ထုတ်နိုင်မယ်လို့  ထင်တယ်။
မကြာမီကျင်းပမဲ့ MPU ညီလာခံမှာ ဒီပြဿနာမျိုး ထပ်မံမကြုံစေရန်အတွက် MPU အပါအ၀င် မဏ္ဍိုင်ကြီးလေးရပ်
ကိုယ်စားလှယ်တွေဖြစ်တဲ့ NCUB ခေါင်းဆောင်များအပြင် မဏ္ဍိုင်လေးရပ်က အတွင်းရေးမှူးများပါဝင်၍ အကြိမ်ကြိမ်
အဖန်ဖန်ဆွေးနွေးခဲ့တယ်။ သွေးစည်းညီညွှတ်ရေးကိုဖန်တီးရေးအတွက် MPU ညီလာခံမှာပထမအဆင့်အနေနဲ့  MPU
ညီလာခံမှာရွေးချယ်တင်မြှောက်မဲ့ MPU ရဲ့ ဝန်ကြီးချုပ်ဟာ စစ်ခေါင်းဆောင်များက ရေးဆွဲ ထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရင်ဆိုင်အားပြိုင်ရန် ယှဉ်ပြိုင်အစိုးရ တည်ဆောက်ရေး၊ သတ်မှတ်ထားသော အချိန်
ကာလ၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ များ ရဲ့  ခေါင်းဆောင်များနဲ့  တိုးချဲ့ ဖွဲ့ စည်းရေးနဲ့  အစိုးရကို ထိန်းချုပ်
နိုင်မဲ့ ပီပြင်တဲ့ လွှတ်တော်ပေါ် ပေါက်ရေးကို ဆုံးဖြတ်ထားတယ်။ အခုအမတ်သမဂ္ဂ MPU မှာအဖွဲ့ ဝင်(၃၂)ဦး ပါဝင်
နေတာမို ဒီ(၃၂) ဦးဟာ ဒီမိုကရေစီအင်အားစုများရဲ့  သွေးစည်းညီညွှတ်ရေး၊ စည်းလုံးရေးနဲ့ အင်အားသန်မာတောင့်
တင်းတဲ့ ယှဉ်ပြိုင်အစိုးရပေါ်ပေါက်ရေးဟာ သူတို့ ရဲ့ ပခုံးပေါ်မှာ ကျရောက်နေ တယ်။ တနည်းဆိုရရင် ပြည်သူများရဲ့က
ံကြမ္မာဟာ သူတို့ ရဲ့ လက်ဝယ်မှာ တည်ရှိနေတယ်။ လက်ရှိ NCGUB အဝေးရောက်အစိုးရအဖွဲ မှာတာဝန်ထမ်းဆောင်
နေတဲ့ ၀န်ကြီးအဖွဲ့ (၅)ဦးရဲ့  ပြောဆိုသံများကို သုံးသပ်ရပါရင် အဝေးရောက်အစိုးရကို ၁၉၉၀ ရွေးကောက်ပွဲရလဒ်
အပေါ် မှာ အခြေခံချင်နေတာမို့  တိုင်းရင်းသားခေါင်းဆောင်ရဲ့  အဓိပ္ပါယ်ဟာ ရွေးကောက်ပွဲမှရွေးချယ်တင်မြှောက်ထား
တဲ့ တိုင်းရင်းသားအမတ်များကို ဆိုလိုချင်ဟန်ရှိတယ်။
သူတို့ ရဲ့ အဆိုက ၁၉၉၀ ရွေးကောက်ပွဲရဲ့  ရလာဒ်ဟာ နိုင်ငံတကာအသိအမှတ်ပြုထား တယ်။ ထောက်ခံထားတယ်။
တရားဝင်မှု "Legitimacy" ရှိတယ်လို့  ဆိုတယ်။ တကယ့်လက် တွေ့ အရပြောရမယ်ဆိုရင်တော့ စစ်ခေါင်းဆောင်
များရဲ့  ၂၀၀၈ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံကို အတည်မပြုခင်ကဆိုရင် ဒီအဆိုကို ငြင်းစရာမရှိဘူး။ တကယ်လို့  ၂၀၁၀ ရွေးကောက်ပွဲကျင်း ပပြီးသွားရင် ၁၉၉၀ခုနှစ်ရလာဒ်ဟာ သဲထဲရေသွန်သလို ဖြစ်သွားမယ်။ ဒါကို ဒီမိုကရေစီအင်အားစု
များက စည်းလုံးညီညွှတ်ရေးအပေါ်မှာ အခြေခံပြီးတော့ စစ်အာဏာရှင်စနစ်ကို ယှဉ် ပြိုင်တိုက်ခိုက်သွားဖို့  ခေတ်မှီပြီး
နိုင်ငံတကာစံနှုန်းနဲ့ ညီတဲ့ အစိုးရနဲ့ လွှတ်တော်ပေါ်ပေါက် ရေးကို တောင်း
ဆိုနေရခြင်းဖြစ်တယ်။
အခြားတဘက်မှာနိုင်ငံရေးကိုနားလည်တဲ့သူများကိုမေးကြည့်တဲ့အခါတိုင်းရင်းသားပြဿနာကိုပြေလည်အောင်မဖြေရှင်းနိုင်
သရွေ့ ဒီမိုကရေစီရပေမဲ့လည်း ငြိမ်းချမ်းရေးဆိုတာမရနိုင်ဘူး။ မတည်ငြိမ်နိုင်ဘူး။ မတိုးတက်နိုင်ဘူး။ မဖွံ့ ဖြိုးနိုင်ဘူးလို့ 
ပြောတယ်။ ဒါကြောင့်မို့  တိုင်းရင်းသားတွေက တောင်းတနေတဲ့ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်တဲ့လူ့ အ ခွင့်အရေးကို
အခြေခံတဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်(ဖက်ဒရယ်)ကို တည်ထောင်ဖို့ လိုတယ်။ ဒါကြေင့်မို့  မြန်မာနိုင်ငံပြဿနာ ကို
တကယ်ဖြေရှင်းချင်တယ်ဆိုရင်တော့ ၁၉၉၀ ရွေးကောက် ပွဲရလာဒ်နဲ့  ဖက်ဒရယ်စနစ် (စစ်မှန်တဲ့ပြည်ထောင်စုစနစ်)
ဆိုတဲ့ ပန်းနဲ့ ခေါင်း ပေါ်လစီမှာ ညီညွှတ်ရေးနဲ့  သွေးစည်းရေးကို တည်ဆောက်သွားတဲ့လမ်းက သားရွှေအိုးထမ်းလာမဲ့
လမ်း ဖြစ်တယ်။
ဒါကြောင့်မို့  ဘယ်သူက မှားတယ် မှန်တယ်ဆိုတာ ငြင်းရမဲ့အချိန်မဟုတ်ဘူး။ အချိန ဆိုတဲ့ကာလက ဆုံးဖြတ်ပေးပါ
လိမ့်မယ်။ ဒီမိုကရစီအင်အားစုမှာ တိုတောင်းတဲ့အချိန် ကာလဘဲ ကျန်ပါတော့တယ်။ စစ်အာဏာရှင် လက်အောက်မှာ
ပိပြားနေတဲ့ ကျနော်တို့  မြန်မာ ပြည်က ပြည်သူတွေကိုကြည့်စေချင်တယ်။ ဒါကြောင့်မို့  စစ်အာဏာရှင်နိုင်ငံ လက်
အောက်မှာ ဆင်းရဲကြီးစွာနေရတဲ့ဘ၀က လွတ်လပ်၊ တရားမျှတမှုရှိပြီး သာယာဝပြောအေးချမ်းမယ့်၊ဥပဒေအပေါ်အခြေ
ခံတဲ့လမ်း လူ့ အခွင့်အရေးကို အခြေခံတဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ် (ဖက်ဒရယ်)ကို တည်ဆောက်ရေးအတွက်
ညီညွှတ်ရေးနဲ့ သွေးစည်းရေးကိုဖန်တီးပြီး စစ်အာ ဏာရှင်စနစ်ကို တိုက်ဖျက်မလား၊ မတိုက်ဖျက်ဘူးလားဆိုတဲ့ လမ်း
နှစ်သွယ် ဘယ်လမ်းကို ရွေးကြမလဲ။
ဦးဖိုးလှိုင်
Posted by tharrhtoo at 8:16 AM 0 comments Links to this post
ကိုသားထူး (ပြခန်း) မှကူးယူတင်ပြသည်။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment