Tuesday, January 13, 2009

အကျဉ်းကျခံရတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ မင်းကျော်အေးနိုင်(မော်လမြိုင်ထောင်) ရဲ့ မိခင် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်း မှတ်တမ်း


မဖြစ်မနေ ရေးရမဲ့ ၀မ်းနည်းမှတ်တမ်းမို့  အလုပ်မအားတဲ့
ကြားက ရေးဖြစ်အောင်ရေးတင်လိုက်ပါတယ် ။
ကျမတို့ ရဲဘော်ညီအကိုမောင်နှမတွေ ဆယ်စုနှစ်နှစ်ခုကို
ကျော်ဖြတ်ပြီးကြုံရဆုံရဝေးကွာရ ပြန်တွေ့ လိုက်ကြမာန်
အပြည့်နဲ့ အားတင်းပြီး ဆက် တော်လှန် နေကြရနဲ့ 
ကျမတို့ တတွေကတော့ ဇွဲတွေမာန်တွေနဲ့ ရည်မှန်းချက်
တွေအားသန်နေသ၍ ထောင်ထဲ ရောက်ရောက်တောထဲ
ရောက်ရောက် ပြဿနာတွေ ကြား မူးနောက်နောက်
တွေဖြစ်နေပါစေ --သိတ်ပူဆွေးမနေကြတော့ဘူးပေါ့ --








လောကဓံ ထက် ခါးသီးတဲ့ 
စစ်အုပ်စု အောက် က ဒုက္ခဒဏ် တွေ ပိုခံစား နေရတာတော့ အမေ တွေ မိသားစုတွေပါ ။ ဒီကနေ့ 
ကျမ ပင်ပမ်းလို့ ကွန်ပျူတာ မဖွင့်တော့ဘူးစဉ်းစားပေမဲ့ ပွင့် နေရက် ကျမအမျိုးသားရဲ့ ကွန်ပျူတာကိုခန
လေးမေး(လ်) စစ်လိုက်ဦးမယ်လေ လို့ ကြည့် လိုက် တဲ့အခါ ကျမ ရင်ထဲနင့်သွားပါတယ် ။ ကျမတို့ ရဲ့
ရဲဘော် မင်းကျော်အေးနိုင် ရဲ့မိခင် သူ့ သား ထောင်ကအလွတ်ကို မျော်ရင်းစောင့်ရင်း ပြန်မလာနိုင်သေး
တဲ့ သား ကို သူကျော်ခိုင်းသွားခဲ့ရပြီ ။။ ကျော်အေးနိုင် ဘယ်လောက်ကြေကွဲမယ် ဆိုတာ ကျမတို့ ရောင်း
ရင်းချင်းတွေ နားလည် ကြမယ် ။ ကျော်အေးနိုင်ဟာ မွန် တစ်ယောက်ဖြစ်ပါတယ် မွန်းစကားကို သေသေ
ချာချာတက်ပြီး ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  မရမ်းကုန်းမြို့ နယ် လူငယ်တာဝန်ခံ ဖြစ်တဲ့အပြင်
ကျမတို့ မြို့ နယ်စု (၅) ရဲ့  မြို့ နယ်စု တာဝန်ခံ လည်းဖြစ်ပါတယ် ။သူတို့ မိသားစု ဟာ ရိုးသားတဲ့
အသက်မွေးမှုနဲ့  ဘ၀ကို ချို့ ချို့ တဲ့တဲ့ ကျော်ဖြတ်ခဲ့ကြတာပါ ကုသိုလ်လည်းရ ၀မ်းလည်းဝ နိုင်တဲ့ ဘုရား
ပေါ်မှာရောင်းတဲ့ပဉ္စ၀င်္ဂီ ပုံလေးတွေဆေးရေးပြီး ဖခင် ကမိသားစု ဘ၀ကိုဦးဆောင် ခဲ့ သူပါ ။
ကျော်အေးနိုင် ဟာ ၁၉၉၅-၉၆ မှာ ဘွဲ့ ရခဲ့ပေ မဲ့ မိဘကို ပြန်မလုပ်ကျွေးနိုင်ပဲ ပါတီနိုင်ငံရေးမှာသာ တာဝန်
တွေယူပြီး ၁၉၉၈ မှာစစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ် ။
ထောင်ထဲမှာ ၁၀နှစ်ကျော်ပြီဖြစ်တဲ့ကျော်အေးနိုင်းကို သူ့ မိခင် တော့ မစောင့် နိုင်ရှာပဲ မနေ့ ကပဲ စွန့် ခွါသွားခဲ့ပြီ
ဒီလိုပဲ ကျမတို့ နော်တော် အမတော်တွေလည်း ထောင်ထဲရှိစဉ် မိခင် ဖခင် တွေကိုဆုံတွေ့ ခင် ပြန်မရပဲ သေကွဲ
ကွဲခဲ့တဲ့မိသားစုတွေ ဒု နဲ့ ဒေး ပါ ။။ ဒီခံစားမှုတွေ အတွက် တနေ့ စစ်အုပ်စု န အ ဖ တွေ ပြန်လည်ပေးဆပ်
ကြရမှာအသေ အချာပါပဲ ။ မိမိယုံကြည်ချက် အတိုင်း ဆောင်ရွက် ခဲ့လို့ အကျဉ်းကျခံရသူတွေ တိုင်းဟာ
သူတော်ကောင်းတွေ ကျင့် တဲ့ ပါရမီတွေကို ကျင့်ကြံနေရသူတွေပါ လို့ ဆို ရင် ငြင်းနိုင်သူမရှိပါဘူး ။
ဒီ့အတွက် မိသားတစ်စုလုံးနဲ့ ဆယ်စု တစ်ခု လုံးရှင်ကွဲ ကွဲ ရပြီး အခု အမိဖြစ်သူနဲ့ သေကွဲကွဲ ခဲ့ရတဲ့ ကျမတို့ 
ရဲ့ ရဲဘော် ကျမတို့ မြို့ နယ်စုရဲ့ ခေါင်းဆောင် ဖြစ် ခဲ့တဲ့ မင်းကျော်အေးနိုင်နဲ့ ထပ်တူကြေကွဲရကြောင်းတင်ပြရင်း
စစ်အုပ်စု ကို ဒီဆိုးဝါးတဲ့ပေးဆပ် ခဲ့ ပေးဆပ်နေရတဲ့ ကျမ တို့  ရဲဘော်တွေ အတွက် တသက် မကြေ ဘယ်
တော့ မှ ကမ္ဘာမကြေ ဘူး လို့  အံကြိတ် မာန်တင်းရင်း -- မင်းကျော်အေးနိုင်ရဲ့ မိခင် ကောင်းရာသုဂတိလားပါစေ---

မေအိခင်(လယ်ဝေး)

3 comments:

ATN said...

လူကောင်းတယောက်ရဲ့ မိခင်ကောင်းတယောက် ဆုံးရှုံးရတဲ့အတွက် ထပ်တူ ကြေကွဲ ၀မ်းနည်းမိပါတယ်...

Myo Win Zaw said...

အေးဗျာအမပြောတော့မှ ဒီလိုအဖြစ်မျိုးတွေအများကြီး ဘဲဆိုတာ အမှတ်ရလာတယ် ခံရသူတွေအတွက် ပြုလုပ်သူတွေ ဘယ်လောက် ၀ဍ်ကြီးမလဲ ဗုဒ္ဓဘာသာ စစ်ရင်ကြောက်ဖို့သိပ်ကောင်းပါတယ်..
အော် သူတို့ကဗုဒ္ဓဘာသာဝင်တွေမှမဟုတ်တာကိုး

ခေါင်ခေါင် said...

ရဲဘော်မင်းကျော်အေးနိုင် ရဲ့မိခင် ကောင်းရာသုဂတိလားပါစေ....