Sunday, December 7, 2008
နှစ် (၆၀) ပြည့် နိုင်ငံတကာ လူ့ အခွင့်အရေးနေ့  ( BPPU တွင် ကျင်းပပြုလုပ်ပါမည်)
လူ့ အခွင့် အရေး ကို တို့ မြန်မာတွေ ဘယ်လောက်
သိပြီးပြီလဲ ကိုယ်တွေဆုံးရှုံးနေရမှု ဟာဘာတွေလဲ
ဆိုတာ သေချာသိရင်ငါတို့ မြန်မာတွေကရောကမ္ဘာ့
လူသားတွေထဲကလူတွေပဲဖြစ်နေလျှက်နဲ့ လူတွေရဲ့
တန်းတူအခွင့်အရေး တွေဘာ့ကြောင့်မပြည့်ဝခဲ့တာ
လဲ ဆိုတာ သုံးသပ်ရမယ်။
အဲလို သုံးသပ် လိုက်ရင် ဘွင်းဘွင်းပေါ်တာက စနစ်ဆိုးနဲ့ ရိပ်မိုးပြီး တို့ မြန်မာတွေကိုယ်၌ကလည်း
လေ့လာမှုအားနည်းခဲ့လို့ ပဲ ။ပြီးတော့အမြဲပြောနေတဲ့ အကြောက်တရားပဲ -ကျမကတော့ သူများလို
အကြောက် ကို တရား ဆိုတဲ့စကားလုံးနဲ့ယှဉ်မပြောချင်ဘူး။အကြောက်ဆိုတာအဓမ္မ ပဲဓမ္မမှမဟုတ်
တာ --ဒီတော့ ကျမတို့ တတွေ က ဦးဆောင်ပြီးလူ့ အခွင့်အရေးရဲ့ အခြေခံမူ အချက်(၃၀) ကို ပြည်
သူတွေ အားလုံးသိနိုင်အောင် ဖတ်နိုင်မှတ်နိုင်အောင်လက်ဆင့်ကမ်း ဖြန့် ဝေ အသိပေးရမယ် --
ခု မှလုပ် တာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂၀၀၃ (၁၀) ဒီဇင်ဘာမှာထဲက NLD က ရဲရင့် တဲ့လူငယ်တွေ
လူ့ အခွင့်အရေးကြေညာစာတန်း အချက်(၃၀) ပါကိုကားဂိတ် မြို့ လည် တွေထဲဖြန့် ဝေခဲ့ကြတယ် --
ဒီတော့ ဒီနှစ်ဒီနှစ် တွေထဲမှာလည်း ပြည်သူတွေဆီ ရောက်ဖို့ လိုတယ် ဆိုတာမမေ့ကြဖို့ ပါ။
မေအိခင်(လယ်ဝေး)
အာဖရိက က ကားစီးသူတွေ နဲ့  မြန်မာပြည်ကကားစီးသူတွေရဲ့
Subscribe to:
Post Comments (Atom)
2 comments:
တကူးတက တင်ပြပေးတဲ့ ဓာတ်ပုံတွေအတွက် ကျေးဇူးပါ၊
http://winzaw-mdy.blogspot.com
ဂျစ်ကားသမား ဘယ်လို မောင်းသလဲ မသိဘူး။ မြင်ကွင်းတောင် ရှင်းရဲ့လားနော်။ ဆိုးလိုက်ပါဘိ။
Post a Comment