Tuesday, December 2, 2008

သေခြင်းမြတ်စေ့ချင်ပေမဲ့

ကျမ မောင်ဝမ်းကွဲ ရှာရှားပါးပါး မောင်အကြီးဆုံး မေမေ့အောက်ကမေမေ့ညီမ ဒေါ်လေးကမွေး
တဲ့ မောင် မနေ့ က ဆုံးပါးသွားပါတယ် သူကအကောက်အခွန်ဦးစီးဌါနကပေါ့ ကျမ ဆုံးမထား
ပြောထားလျှက်နဲ့  စစ်အုပ်စုရဲ့ စနစ်ဆိုးယန္တယားမှာပျက်ဆီးခဲ့တဲ့အပြင် ဘ၀ပါ ပြီးသွားခဲ့ တယ်
မဆုံးခင် တစ်ရက် က ကျမ ဆီသူငယ်ချင်းတစ်ယောက် ကဖုန်းဆက်တယ် ဟဲ့ နင့်မောင် အသဲ
အသန်ဖြစ်နေတယ် ငါတို့ သွားကြည့်တယ် နင်ဘာမှာမလဲတဲ့ ခု သူ့ အသက်ထွက်ချိန်ကိုစောင့်
နေကြတာ ဆိုပဲ ကျမကိုဘာမှာချင်လဲတဲ့ကျမ ရင်ထဲ ဒေါသနည်းနည်းဖြစ်တာကလွဲရင် နှမျော
မှုကင်းခဲ့ပါတယ် ပြောလိုက်တယ် သူငယ်ချင်းကို ပြောလိုက်ပါ နင့် အမကြီးက နင်မသေခင်မှာ
တယ်နောင်ဘ၀လူဖြစ်မယ်ဆိုရင် တန်ဖိုးရှိတဲ့ လူဖြစ်နိုင်မှလူ့ ဘ၀ ကိုလာလို့ ဒါနဲ့  သူငယ်ချင်း
က ဟယ် နင့် စကား ကြီးကလဲ ပြောရခက် လိုက်တာ တဲ့ အေးပြောနိုင်ရင်ပြော မပြောနိုင်ရင်မ
ပြောနဲ့ လို့ ပြောလိုက်တယ် သူငယ်ချင်း ကကျမအကြောင်းသိသူဆိုတော့ ပြောလိုက်မယ်ထင်
တာပဲအင်းမနေ့ ကတော့သူဆုံးသွားပြီတဲ့ ဘန်ကောက်ကဖုန်းတစ်လုံးဝင်လာတာအင်းသတ္တ၀ါ
တွေသူ့ ကံနဲ့ သူပဲ လို့ နှလုံးသွင်း မိပါတယ် စိတ်ထဲမှာ သာမာန်ပဲ လူတစ်ယောက်ယောက် ဆုံး
ပါးသွားသလိုမျိုးလောက်ပဲ ရှိခဲ့တယ် --သူ့ ကို ကျမ ဘာလို့ နှမျောတသမဖြစ်ခဲ့တာလဲ သူ့ ကို
ကျမငယ်ငယ်ကသိတ်ချစ်ခဲ့တယ်ယောင်္ကျားလေးတွေအဖက်မတင်တဲ့မေမေ မှာသားမရှိတော့
မေမေ့ညီမရဲ့ သားဟာ ကျမမောင်ရင်းလေးပါ ကျမ ငယ်ငယ်ထဲ က အမေလုပ်ချင်ဆရာ လုပ်
ချင်တော့ အဲဒီ့မောင်ကိုပဲ ကျမ မုန့်ဖိုးရသမျှ နဲ့ မုန့်ဖိုးပေး နာရီဝယ်ပေး ကျူ၇ှင်ထားပေး အစစ
တာဝန်ယူခဲ့တာ သူ့ မိဘမတက်နိုင်တာမဟုတ် ကျမ မောင်လေးကို မေတ္တာတွေပေးခဲ့တာပါ။။

ကျမ ၁၆ နှစ် နဲ့ထောင်ထဲဝင်သွားတယ် ပြန်လာတော့ မကြီးလုပ်တဲ့အလုပ် မောင်လေး ကြောက်
တယ်တဲ့ကျမကကျောင်းအထုပ်ခံရတော့မောင်လေးကဆယ်တန်းကိုအမှတ်မြင့်မြင့်နဲ့အောင်တယ်
ပိုက်ဆံကတော့ သူ့ မှာအမြဲမလုံလောက်ပါဘူးကျမဆီဘယ်လိုအကြောင်းကြောင်းပဲရောက်လာ
လာ ကလေးလို ငွေလိုနေတာချည်းပါ ။ ကျမ ကအမြဲထာဝရ အမပါ -- မောင်တွေညီမတွေ သွေး
သားမတော်တဲ့ ရဲဘော် မောင်တွေ ရဲဘော်ညီမတွေ အတွက် အမြဲ အမကြီးလိုရပ်တည်ချင်သူပါ ။
ဒါပေမဲ့ ၁၉၉၆ မှာကျမထောင်ထဲ (၇) နှစ်ဝင်ပြီး ပြန်လာတဲ့အခါ အဲဒီ့မောင်လေးဟာ ဆိုင်ကယ်
တ၀ီဝီစီးပြီး အကောက်အခွန်က အခွင့်အလမ်းတွေနဲ့  လူရမ်းလေးဖြစ်နေပါပြီ ။

ကျမရှေ့မှာငွေတွေ ထုပ်ရည်တွက်ပြ ကျမ က ငွေရယ် မိန်းမရယ် အရက် ရယ်ကိုမောင်လေးသတိ
ထားဖို့  မင်းတို့ ဖာသာ ကာစတန်ဘ၀ကိုရွေးချယ်တာ မင်းတို့ သဘောဖြစ်ပေမဲ့ ဒီဌါနရဲ့ ပြဿနာ
တွေ ကတော့ အမနားယဉ်နေပြီ ဒီတော့ ကိုယ်ကျင့် တရား လုံအောင်ထိမ်း ဖို့ ပြောခဲ့ပေ မဲ့ ကျမရဲ့ 
သွေးသားထဲက မောင်ရင်း က ကျမ တို့  လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကိုဆော်ကားလိုက်တာ
မကြီးကိုတော့ ကန်တော့ --- ဆိုပြီး န အ ဖ ရဲ့ မှိုင်းသွင်းလမ်းစဉ်တွေ ရေတွက်မကုန်အောင် ပြော
တဲ့အခါ ပထမ ခွင့်လွတ် ဒုတိယအကြိမ် ကျတော့ ငြင်းခုန် ဆွေးနွေး ပြန်ရှင်းပြ -တတိယအချိန်ကျ
တော့ ကျမ ဥပေက္ခါပြုလိုက်ပါတယ် -- အဲဒီဥပေက္ခာ ဟာ ဘယ်လောက်ခိုင်သလဲ ဆိုတော့ ခုချိန်
မှာ ရဲဘော် တွေ က ထောင်ကျများ ကိုယ်နဲ့ ထောင်ထဲ တစ်ခန်းထဲ တစ်တိုက်တည်းနေခဲ့တဲ့ မီးမီး
နီလာသိန် ။ လေးလေးမွန် နဲ့ အစရှိတဲ့ ရဲဘော်တွေထောင်ကျစာရင်း ရတိုင်း ငါကတော့ လွတ်
မြောက်တဲ့နေရာမှာ ငါမတရားဘူးလို့ မျက်ရည်တွေတွေတွေကျနေပေမဲ့ သွေးသားထဲက မောင်ဆုံး
တဲ့အခါ လူ့ ဘ၀ကို အသက် (၃၀) ကျော်အထိ သူ ရပ်တည်ရှင်သန်မှုဟာ အမိအတွက်အကျိုးမပြု
ညီလေးနှစ်ယောက်အတွက် ဘာပေးဆပ်ခဲ့မှုမှမရှိသလို တိုင်းပြည်အတွက် ပြည်သူအတွက်ဆိုတာ
တောင် သူ့ နှလုံးသားထဲ မှာ စဉ်းစားမိခဲ့ဖူးလေရဲ့လားလို့ ကျမတွေးထင် မိပါတယ် ။။ ဒါကြောင့်ထင်
တယ် သိတ်သနားတက်တဲ့ကျမ သူသေတဲ့အခါ မသနားတော့ ဘူး
မခံစားမိတော့ဘူး စိတ်ထဲမှာတော့ဒီမျိုးဆက်ဒီသက်တန်း
မှာရှိတဲ့ လူဖြစ်ခဲ့တဲ့လူငယ်တစ်ယောက် ဘာမှအနှစ်မရှိပဲ လူ့ ဘ၀ထဲကထွက်ခွါသွားခဲ့ပြီမို့  ငါတို့ တိုင်း
ပြည်တိုးတက်နေတဲ့ခေတ်သာဆိုရင် --------လို့ တွေးပြီး မနက်ဖန်ခါ မြေကျမဲ့ မောင်လေးရဲ့ နောက်
ဆုံးခရီးကို စိတ်ထဲက အမနာပ ပြောချလိုက်ချင်သေးတာ -
မေအိခင် (လယ်ဝေး)

No comments: