Friday, December 12, 2008

အတုနဲ့ အစစ်

အတုနှင့်အစစ် အနှစ်နှင့်အကာ
အမာနဲ့ အပျော့ အချော့နှင့်အခြောက်
လမ်းပေါက်မတူ အယူချင်းလွဲ
သဘောကွဲလည်း အတုဟာအတုပဲ။
အတုဟာအစစ်ဖြစ်၍မလာ
ဓမ္မတာထုံး ရေးသီကုန်းလျှင်
အဆုံးဘယ်မှာရှိအံ့နည်း။

ဒေ၀ဒတ်တန်ခိုး မိုးလောက်နီးနီး
ကြီးပင်ကြီးလည်း
အပြီးသတ်မှာ ဒေ၀ဒတ်သာ
မှန်ရာလမ်းထွင် ဘုရားရှင်ကို
ခုံမင်ဦးချ ကန်တော့ရ၏
အမှောင်နှင့်အလင်းစစ်ပြိုင်ခင်းရာ
အလင်းသည်သာအောင်မြင်ရာ၏
အတုသည်အစစ်ကို
တုရစ်ပါလည်းတုနိုင်ခဲ၏

အတုဟာအတုအစစ်ဟာအစစ်
အတုဟာအစစ်ဖြစ်၍မလာ
ဖားတုလို့ ခရုပွက် အိုင်ပျက်ရုံရှိ

အစစ်ကိုသာရလိုပါလျှင်
တူစွာအရည်အသွေး ကြိုးစားပေးမှ
မနှေးဖြစ်မှာအစစ်ပါ။

ကိုကိုအောင် (ဆန်ဖရန်စစ္စကို)

သူများအစွမ်းအစ တွေကိုမှီနိုင်အောင်ကြိုးစားကြဖို့  မိမိမှာမရှိတဲ့အရည်အသွေးတွေကို အရည်အသွေး
ရှိလေဟန်ဆောင်တုပ နိုင်းယှဉ်ပြီးနိမ့်ကျတဲ့ ပြုမူပြောဆိုလုပ်ဆောင်နေမှုတွေ ခုတလောမှာသိတ်ကြား
နေရပါတယ် ဥပမာ --န အ ဖ ကို တရားဝင်အစိုးရ မဟုတ်ကြောင်း တရားစွဲဆို ကြိုးစားနေမှု အပေါ်
ဒီတရားစွဲမှု CHEDENTIALS CHALLENGE ကို ပြန်ရုပ်သိမ်းဖို့ တော်လှန်ရေးနယ်မြေထဲကိုအရှက်မဲ့ စွာ
လာဆွေးနွေးနေတဲ့  ကုလသမဂ္ဂမှ လေ့လာသူ ပရိတ်သတ်လိုနားထောင်နေခွင့်ရတာကို ပဲ ရရှိပြီးသား
အခွင့်အရေး လို့  အကြောင်းပြရဲတဲ့ တော်လှန်ရေးသမားပါ နာမည်ခံနေတဲ့ ဒေါက်တာ တစ်ယောက် ရဲ့
ကြိုးပမ်းနေမှုဟာ သူဟာပြည်သူအတွက် လုပ်တာလား န အ ဖ အတွက် လုပ်တာလား သုံးသပ်ကြပါ။
မြန်မာ ပြည်ထဲကိုလည်း ရက်ပိုင်းအတွင်းမှာပဲအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အီးစီတွေကို တိုက်ခိုက်ဖို့ 
အမတ်ရှုပ် တစ်ယောက် ကို ငွေပေးပြီးစည်းရုံးခဲ့ပါတယ် အမှန်တစ်ကယ်တော့ ကျမ တို့ တော်လှန်ရေး
ဒီလောက်ကြာနေတာလည်း န အ ဖရဲ့ သပ်လျိုထိုးခွဲ တာတွေရှသလိုခုလိုမျိုးကိုယ်ကျိုးအတ္တတွေကြည့်
ပြီး ရန်သူကိုအမြင်ပြတ်ပြတ် မတိုက် နိုင်ကြလို့ ပါပဲ ။။ ခုတော့ ရှင်းပါတယ် တော်လှန်ရေးနယ်မြေထဲ ကို
ကိုယ်တိုင်လာရောက်ပြီးCHEDENTIALS CHALLENGE ကိစ္စ ရုပ်သိမ်းပေးဖို့  လိုက်ဆွေးနွေးနေတဲ့
နိုင်ငံရေးသမားအမည်ခံထားတဲ့ပုဂိုလ် အပေါ် တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းပြတ်သားတဲ့ အ
ဖြေ ပေးပြီး မောင်းထုပ် လိုက်ဖို့ တော့ လိုနေပြီ -- ကျမ ကပြောချင် တာလည် ခင်ဗျား တို့ ဖာသာ ခင်ဗျား
တို့ အမေရိကန် မှာဇိန်ပဲခံနေနေ မပြီးပြတ်သေးတဲ့ ကျမ တို့  တာဝန်တွေကြားမှာ သူတော်ကောင်းယောင်
ဆောင်ပြီး စေတနာအတုအပ တွေနဲ့  ပြည်သူတွေ ကိုဒုက္ခ မပေးကြပါနဲ့ တော့ လို့  တောင်ပန်ပါတယ်ဗျို့ ။

No comments: