Tuesday, December 9, 2008

လူ့အခွင့်အရေးတပ်လှန့်သံ

ညီလေးရေ
လူ့အခွင့်အရေးတမ်းချင်းအတွက်
ကြမ်းခင်းဈေးက (၃)နှစ်
၈၈ တုန်းကပေါ့
ခု မင်းတို့ခေတ်
ဈေးတက်သွားလိုက်ပုံများ
`` ၆၅ နှစ်တဲ့လားကွာ"....။
ညီလေးရေ
၂၀၀၉ မှာ မဖြောင့်မရိုးတဲ့သူတွေက
၂၀၁၀ မှာအပျောက်တွယ်လိမ့်မယ်
ဓမ္မ နဲ့ အဓမ္မ လွန်ဆွဲ
လက်ဝှေ့ ပွဲစကားနဲ့ပြောရရင်
ရေကုန်ရေခန်းဆိုပါတော့.....။
ကျေးဇူးပြု၍
ဝိဥာဉ်များကိုအားနာပါ
အမှန်တရားအတွက် ကာကွယ်ပါ
ယုံကြည်ချက်နဲ့အသက်ရှင်ပါ
ငတ်ရင်းမသေတိုက်ရင်းသေမဟေ့
ပြည်သူ့စကား ပြည်သူကြား၍
ပြည်သူ့တရား ပြည်သူ့အားနဲ့
ပြည်သူ့ဓါးတွေ
သွေးကြပေတော့ တိုက်ပါတော့
အာဏာရှင်နဲ့ နောက်ဆုံးပွဲ.......။


ဇော်မြင့်

1 comment:

သားစိုးလေး said...

အမ ရေ ကဗျာလေးက ကောင်းတယ် ............. ဖတ်ပြီးပြီးချင်းချင်း မျက်ဝန်းလေးက မျက်ရည်စတွေကြနေမိတယ်လေ.......... ရင်ထဲမှာ စူးလေးကျန်ခဲ့သလိုပဲ အမ................