Tuesday, November 4, 2008
ကျမကိုမွေးဖွါးခြင်း ၃၆ နှစ်ပြည့် (၅-၁၁-၂၀၀၈)
နမောဗုဒ္ဓဿ
ဆရာသမားတွေ သူငယ်ချင်းတွေ ရဲဘော်တွေ မိတ်ဆွေတွေ
ပြီးတော့လူမမြင်ဖူးပဲအွန်လိုင်းမှာတွေတဲ့ ဘလော့ရောင်းရင်း
တွေ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။။
ဒီကနေ့  ကျမ လူဖြစ်ခဲ့တဲ့ ၃၆ နှစ်ပြည့်ပါ ။ မွေးနေ့ ရယ် လို့ 
ကြီးကြီးကျယ်ကျယ်မကျင်းပဖြစ်ပေမဲ့အသက်အရွယ်ကြီးရင့်
လာတဲ့အခါ သေဖက် နီးနီးလာတာသိတော့ ကိုယ့် သေနေ့ 
ကိုယ်ကိုယ်တိုင်မှ မကျင်းပ နိုင်တာမသိနိုင်တော့တာပဲနော်
ဒီတော့ မွေးနေ့ လေးကိုတော့ ကိုယ်ကိုယ်တိုင်အမှတ်တရ
လုပ်လိုက်မယ် -- ပေါ့
ပုံက ကျမမေမေ့ရဲ့ပုံပါ မကွယ်လွန်ခင် ကပေါ့
မွေးနေ့ ဆိုရင် မိဘ နှစ်ပါးမှာ မေမေ သေလုမျောပါး ဖြစ်ခဲ့ရတဲ့နေ့ ပဲလေ ပိုဆိုးတာကျမကသမီးဦးကိုး
အဖွါးပြောပြတယ်။သမီးကို လယ်ဝေး ဆေးရုံ မှာသမီး မေမေ ဗိုက်နာတာ (၇) ရက်တဲ့ မမွေးနိုင် လို့ 
သမီး အဖိုးဆို စိတ်တွေဆိုးလိုက်တာ တဲ့ သမီး လည်း မွေး လာရော ကြည့်တောင် မကြည့်ဘူး တဲ့ ။
သူ့ သမီးကျမ မေမေ ကိုသနားလို့ ဖိုးအေက မျက်ရည်တောင်ကျခဲ့တယ်ဆိုပဲ ။မေမေက သူ့ ဇာတိမှာ
ပြန်မီးဖွါးခဲ့တာပါ။
ဖေဖေ ကမြန်မာလေကြောင်းပို့ ဆောင်ရေးက ၀န်ထမ်းလေအလုပ်ပြုတ်ရင်ပြုတ်ပါစေ ဆိုပြီး ကျမကို
မေမေ မွေးပြီးတဲ့အချိန်ထိစောင့်တယ်တဲ့ အဲတကယ်လည်းမွေးရောအဖိုးက နာမည်ပေးမယ်အဖေက
နာမည်ပေးမယ်ဆိုပြီးလုကြရာကလယ်ဝေးမြို့  ရုပ်ရှင်ရုံမှာရုံတင်ပြသတဲ့မင်းသမီး ခင်သန်းနုရဲ့ ရုပ်ရှင်
ကားနာမည်ကိုပေးလိုက်ကြတယ်တာတဲ့လေ ။နာမည်ကတော့လှတယ် ကျမက မလှတော့ ဒီနာမည်
သိတ် သဘောမတွေ့ ခဲ့ဘူးကြီးလာမှပါ ဒါပေမဲ့မိဘဖိုးဖွါးတွေချစ်စနိုးနဲ့ ပေးခဲ့တဲ့နာမည်ကိုကျမတန်ဖိုး
ထားရမယ်လေ။
ကျမ မွေးနေ့ လေး ကို ပို့ (စ်) တင်တဲ့ သဘော ကတော့ မေမေ ကျေးဇူးကို ဆပ်ခွင့် မရတဲ့ အတွက် မ
ဆပ်မိတဲ့အတွက် မေမေ့ ရဲ့ စိတ်ထားလေး ကို ကြေညာချင်လို့ ပါ ဖေဖေ က တော့ ရှိနေတယ် သမီး
အတွက်လည်းဂုဏ်ယူနေတယ်။သမီးဘာလဲဆိုတာမသိသွားတဲ့အသေစော တဲ့ မေမေ့ ကိုဒီပို့ (စ်)လေး
ရေးပြီးကန်တော့ပါတယ်။
လောကမှာ စုန်ရေသာရှိတာဆန်ရေ မရှိပါဘူးကြွေးသစ်တွေကိုသာချနေကြတာကြွေးဟောင်းမဆပ်ကြ
တာများတယ်ပြောကြပါတယ်။အရင်ခေတ် နဲ့ဆိုကျမလက်ခံနိုင်ပေမဲ့  ကျမပြည်ပ ကိုရောက်လာတဲ့အခါ
အရွယ်နဲ့ မမျှအောင်မိဘကိုလုပ်ကျွေးနေတဲ့ မောင်ငယ်ညီမငယ် ဒါအပြင် ဈေးဗန်းလေးရွက်ပြီးဟိုပြေး
ဒီပြေး နဲ့ လုံးပမ်းနေတဲ့ ကလေးငယ်တွေကို အင်တာဗျူးကြည့်တဲ့အခါတကယ်ဆုန်ရေပါပဲ။သူတို့ လေး
တွေမိဘ လုပ်ကျွေးသလိုများ ငါ လုပ်ကျွေးခဲ့ရင် တော်တော်ကုသိုလ်ရမှာပဲလို့ တစ်ခါတစ်ခါဆင်းရဲတာ
ကများ ကောင်းမြတ်တဲ့ ပါရမီကိုဖြည့်ကျင့်နိုင်သူတွေဖြစ်လေရော့သလားလို့ တွေးမိပြီးကျေးဇူးဆပ်ခွင့်
အရလိုက်တဲ့မရနိုင်တော့တဲ့ကျမစိတ်ထဲမေမေ့ကိုသွားသတိရပါတယ်။
ကျမမေမေ က အင်မတန်မှနူးညံ့သိမ်မွေ့ သူပါ စကား ကျယ်ကျယ် မပြောသလို ကျ ဖခင်အပေါ်လည်း
အင်မတန်မှသီးခံနိုင်သူပါ ။ ပြည့်စုံချမ်းသာတဲ့ လယ်ဝေးမြို့ ရဲ့မြို့ မျက်နှာဖုံးတွေကမွေးလာပြီး ဖေဖေ
တောသား {(ကျိုက်ထီးရိုးတောင်ခြေလောက်က ) အဖိုးဘုန်းကြီး ကျောင်းနေပြီး ဆယ်တန်း အောင်
အောင် ရွတ်ရွတ်ချွံချွံ ကြိုးစားခဲ့တဲ့ } ကျမဖေဖေကို မိဘ ပေးစားလို့ ယူခဲ့တာပါ ။
မေမေတို့ မျိုးရိုးကအနုပညာဝါသနာပါတော့
မေမေကရန်ကုန်ပန်တျာတက္ကသိုလ်ကျောင်း
ဆင်းပေါ့အဲဒီခေတ်ကအစိုးရဌါနဆိုင်ရတွေ
မှာအနုပညာဌါန တွေ ၇ှိတဲ့အခါ မေမေက
( B B I )မှာ အနုပညာ နည်းပြဆရာမလုပ်ခဲ့
ဲပါတယ်။မေမေအသက် ၃၈နှစ်မှာတော့ကျမ
ဘာကျေးဇူးမှဆပ်ခွင့်မရလိုက်ပဲမေမေလော
ကကြီး ကို ကျောခိုင်း သွားခဲ့တယ်ခုချိန်မှာ
ကျမ သိတ်နောင်တရပါတယ်
ကျမပထမအကြိမ်အသက် ၁၆ နှစ် နဲ့ ထောင်ထဲဝင်စဉ်က ဖေဖေ ရောမေမေပါ ငိုတာ -၈၈ မှာဆို ဖေဖေ
ရယ်လေသူ့ သမီးသေ ပြီဆိုလို့ အရူးကြီးလိုပဲတဲ့မေမေကတော့ သွေးအေးသူပါ ။
ဒီလိုမိခင် ကမွေးဖွါးခဲ့တဲ့ကျမ က အမေနဲ့ ဘယ် နေရာမှမတူခဲ့ပါဘူး နေရာတကာ မှာ ပြဿနာ တက်
တက်သူပါ ဘယ်သူ့ ကို မှ လည်း သီးမခံပဲ ဆတ်ဆတ်ကြဲ လို့ လူသိများ ခဲ့ပါတယ် ။ ကျမ ဟာ အမေ
က မွေးတဲ့သမီးမို့ ကျမ နှလုံးသား နူးညံ့ တယ်လို့ ကျမ ကိုယ်ကိုယ် ယုံနေတုန်းပါ ။အချို့ က ကျမကို
လန့် တယ် ဆတ်ဆတ်ကြဲ သွားမထိနဲ့ ပြောတာ မျိုး ရှိခဲ့ကြတယ်။ ဟုတ်ပါလိမ့် မယ် ကျမကို အဖေ
ဟာယောင်္ကျားလေးတစ်ယောက်လို သွန်သင်ခဲ့မှုတွေကြောင့်လို့ ကျမထင်တယ်။
ဒီ့အတွက်ဖေဖေ့ကိုလည်းကျေးဇူတင်ပါတယ် မိန်မမဆန်တဲ့မိန်းမ ဖြစ်ခွင့်ရခဲ့တာကကိုပဲ အမှန်တရား
တွေအတွက် ရဲရဲတင်းတင်းပြောရဲ ဖြေရှင်းရဲ ရင်ဆိုင်ရဲ အားနည်း သူတွေဖက်က ရပ်တည်ရဲ ခဲ့တာပါ ။
ကျမ သိတက်တဲ့အရွယ်က စပြီး ဒီကနေ့  ၃၆ နှစ်ပြည့်မှာ ဘ၀တစ်ခုလုံးမှာ မှားတာ မှန်တာ တွေပြန်
သုံးသပ်တဲ့အခါမှာတော့ မှားခဲ့ဖူးပါတယ် ယုတ်မာတဲ့အမှားမျိုး မ၇ှိခဲ့ဖူးပါဘူး ။
မှန်တာတွေ ကတော့ အဘိဓမ္မာသင်ကြားခဲ့တာ ပရိယတ္တိစာပေ တွေသင်ယူခဲ့တာ တွေ နဲ့  ဒီလမ်းကို
လျောက်မိခဲ့ လိုက်တာ အမှန်တရားပါပဲ ။ဒီလမ်းထဲမှာ သိတ် လေ တိုက်ခံလာရတာခု ၃၅ နဲ့  ၃၆ နှစ်
မှာပါ ဒီအချိန်မှာ မေမေ့ ကိုပိုတမ်းတ မိ တာတော့ လူတွေ ကို မေမေ့လို သီးခံစိတ် သမီး ကို မွေးပေး
ပါလို့ ရေရွတ် မိတဲ့အခါတွေ များခဲ့လို့ ပါ ။ ဒါကြောင့် ကျမ ၃၆ နှစ်ပြည့်မွေးနေ့  ကစပြီး ကျမ မေမေ
နဲ့ တူတဲ့ သိမ်မွေ့ သီးခံ ပြီးကိုယ်ရည်ရွယ်ချက် ကို အပမ္မညာလေးပါး နဲ့ လျော်ညီစွာ လျောက်လှမ်း
မယ်လို့  ဘ၀တစ်ပါးကိုပြောင်းသွားတဲ့မေမေနဲ့ မြန်မာပြည်မှာရှိနေတဲ့ ဖေဖေကိုဂတိပေးပါတယ် ။
ချစ်ခင်လေးစား တဲ့ မိတ်ဆွေ ရဲဘော် တို့ ရေ ကျမ လူဖြစ်ရတဲ့ဘ၀ ကို ကြေနပ် အားရပါတယ် ဒါနဲ့ 
အတူလူဖြစ်ရကျိုးနပ်အောင် ကောင်းမှုတွေ နဲ့နေထိုင်ကျင့်ကြံသွားမှာပါလို့  ကျမ မွေးနေ့ မှာကျမဆန္ဒ
လေး ဆင့်ကမ်းတင်ပြလိုက်ပါတယ်။
မေအိခင်
Subscribe to:
Post Comments (Atom)
13 comments:
ကျုပ်တို့ကို မဟုတ်မမှန် စွပ်စွဲပြောဆိုတာကြောင်င့်လည်း
အလုပ်တာဝန် မပျက်ကွက်ပါစေနဲ့ အဖွဲ့အစည်းကိုပြိုကွဲ
အောင် ခြောင်းခြောက်တာကိုလည်းမကြာင့်ပါနဲ့ ကျုပ်တို့
ကိုထောင်ထဲ သွင်းမှာကိုလည်း မကြောင့်ပါနဲ့ အမှန်တရားသာ အားအရှိဆုံးဆိုတာကို လေးလေးနက်
နက်ယုံကြည်ကြပါ ကျုပ်တို့တာဝန်ကို အဲဒီယုံကြည်မူ
အပြည့်နဲ့ သတ္တိရှိရှိ ကျေကျေပွန်ပွန်ဆောငိရွက်ကြပါစို့
အီဗရာဟင်လင်ကွန်း
( ၂၇.၂.၁၈၆၀ )
၃၆ နှစ်မှတိုင် နှစ်ပေါင်း ၁၀၀ ထိ နိုင်ငံ ၊ လူမျိုး နှင့်
ဘာသာတရားအား ဆထက်တပိုး ထမ်းရွက်နိုင်ပါစေလို့
ဆုမွန်ချွေလိုက်ပါတယ် ခင်ဗျား ။
ခင်သန်းနုရဲ့ ရှင်ရုင်ကားနံမည်တဲ့လားဗျာ့ ဘာပါလိမ့်...
ပထမဦးဆုံး အမကို ကိုးလလွယ် ဆယ်လဖွားပေးသော မမမေရဲ့ မေမေမှအစချီ၍ အန္တတောအန္တဂိုဏ်းဝင် မမမေရဲ့ဖေဖေ၊သင်ဆရာကြားစရာမြင်ဆရာအားလုံး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများအားလုံး၊ ဘဝလက်တွဲဖော် အမရဲ့ခင်ပွန်းနဲ့မိသားစု၊ မမြင်ရပေမယ့်ခင်ရပါသော ကမ္ဘာအရပ်ရပ် မမမေရဲ့စာဖတ်ပိရိသတ်အပေါင်း အားလုံးပဲပေါ့နော် မွေးနေ့ရှင်နှင့်အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ဆိုတောင်းပေးပါတယ်။
မုန်းတီမှု၊နာကြည်းမှုဆိုတာမသိရလေအောင် ဘဝမှာပျော်ရွှင်မှုအပြည့်ခင်းနေနိုင်ပါစေ။ အမရဲ့မိသားစုလေးနဲ့အတူ သားသမီးကျင့်ဝတ် ၅ ဖြာ၊ မယားကျင့်ဝတ် ၅ ဖြာ၊ မိဘကျင့်ဝတ် ၅ ဖြာနှင့်ညီသော တော်လေးဝဝင် မြန်မာအမျိုးသမီးကောင်းတယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
http://moeoowailwin.blogspot.com/2008/11/blog-post_05.html
အဲဒီပိုစ်လေးကိုလည်း ဖတ်ပေးပါနော်
ခင်မင်လေးစားစွားဖြင့်
ဖြိုးဝေတိုး(MoetAin)
ရွှေစင် အသက် ၁၂၀ ကျော်ထိ တိုင်းပြည်အကျိုးသယ်ပိုးနိုင်စေသောဝ်
မမရဲ့ မေမေက ချောလိုက်တာ၊ ဒါဆို မမလည်း ချောမှာပဲနော်။ ကျမလည်း မေမေကို လွမ်းတယ်သိလား။ မကြာခင် မွေးနေ့ ရောက်တော့မယ်လေ။ မမလိုတော့ မေမေ့အကြောင်း ပြောပြတတ်ဘူး။ မမရေးထားတာလေး ကောင်းတယ်သိလား။
ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေနော်။
ဆန္ဒနဲ့ ဘ၀ ထပ်တူကြနိုင်ပါစေ...
မမရေ ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေနော်....
ချစ်မမမေ... ဟက်ပီးဘက်ဒေးပါနော်...
မွေးနေ့မှာ အမေ အကြောင်း လွမ်းစရာလေးရေးထား တော့.. အိမ်ကိုလွမ်းနေတဲ့ ညီမလေးတို့တွေ.. မျက်ရည်တွေ ၀ဲကုန်တယ်. မမမေ ကိုလဲ ကိုယ်ချင်းစာမိပါတယ်... နားလည်ပါတယ် မမေရယ်...
မမေလုပ်သမျှ အရာအားလုံး အဆင်ပြေ ချောမွေ့ပါစေ..နိုင်ငံနဲ့ လူမျိုးအတွက် ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ... လို့ ဆုတောင်းလိုက်ပါတယ်..
ပျှော်ရွှင်ပါစေ မမေ..
ံHappy BirthdaY !
မွေ့နေ့မှသည် နှစ်ပေါင်းတရာတိုင်ပါစေ..................
မင်္ဂလာပါအစ်မ
မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ
မွေးနေ့မှဒီကမ္ဘာဆုံးတိုင်အောင်
အောင်မြင်မှုတွေ အဆင့်ဆင့်ဆောင်းနိုင်ပါစေ
လို့ဆန္ဒပြုပါတယ်
လေးစားခင်မင်လျက်
http://winzaw-mdy.blogspot.com
ဟတ်ပီးဘတ်ဒေးပါတီတီမေ... အလုပ်မအားလို့
နောက်ကျမှ ရောက်လာတာခွင့်လွတ်နော်..
တီတီမေရဲ့ မေမေ ကတော်တော်ချောတယ်နော်
တီတီလည်း အမေတူသမီးဖြစ်မှာ ကျိန်းသေတယ်
နော်... မွေးနေ့လက်ဆောင်အဖြစ် တီတီမေ့ကို
အာဝါးးးးး အမြှောက်တစ်သိန်းပေးလိုက်တယ်နော်.
ဟိးဟီး
:P
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ။
အမရေမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာကိုပျော်ရွှင်ဖွယ်ကောင်းသောနေ့လေးများပိုင်ဆိုင်၍ လိုအငဆန္ဒများပြည့်ဝပါစေနော်
ယခုမွေးနေ့ မှ စ ၍ နစ် ရာ ကျော် တိုင် အ မ တောင်း တဲ့ ဆန္ဒ လေး တွေ ပြည့် ဝ ပါ စေ လို့ ဆု မွန် ကောင်း ခြွေ လိုက် ပါ တယ်။
Post a Comment