မနက်ဖန် ကျမမွေးနေ့ ပါ ကျမမေမေဖေဖေရဲ့ကျေးဇူးတရားတွေကျမ မလိမ္မာခဲ့တာလေးတွေ ပို့ (စ်)တင်ဖို့ 
စဉ်းစားမိတုန်းကျမခေါင်းထဲဘာဝင်လာသလဲဆိုတော့ကျမမွေးနေ့ မတိုင်ခင်တစ်ရက်မှာကွယ်လွန်သွားတဲ့
ကျမတို့ တွေအင်မတန်မှလေးစားအားထားတဲ့ဗိုလ်တစ်ထောင်သတင်းစာအယ်ဒီတာချုပ်ဘဘဦးထိန်လင်း
ကွယ်လွန်တဲ့ နေ့ ပဲလို့  အတွေး ၀င်လာတယ်။ဒါနဲ့  ကျမရဲ့ မွေးနေ့ ကိုနောက်ထားပြီး ဗိုလ်ထိန်လင်း လို့ 
အများခေါ်ကြတဲ့ သတင်းစာဆရာကြီးရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းလေး နဲ့ လူသေခဲ့သော်လည်း အသက်
နဲ့ ခန္တာ မခွါမချင်း ပြည်သူဖက် ကမားမားမတ်မတ် ရပ်တည်ခဲ့တာလေး တွေတင်ပြလိုက်ပါတယ်။
ကျမ ဗိုလ်ထိန်လင်း နဲ့ ကိုကျေးဇူးဆပ်တဲ့ဆောင်ပါးလေးတွေတက်သလောက်ရေးခဲ့ပါတယ်ဘဘရဲ့အထုပ
တ္တိကိုတစ်ခါမှမရေးဖြစ်ခဲ့ပါဘူး ခုရေးသားတင်ပြတာမျိုးဆက်သစ်တွေအတုယူနိုင်ဖို့  တင်ပြလိုက်ပါတယ်။
ဦးထိန်လင်း (၁၉၂၆ - ၂၀၀၄)
၁၉၂၆ - ဇူလိုင်လ ၁၀ ရက်နေ့ စနေနေ့ တွင်မော်လမြိုင်ကွန်းမြို့ နယ် လှိုင်းဘုန်းကျေးရွာ ၌ ဖွါးမြင်သည်။
မိဘ များမှာလယ်သမားများဖြစ်ကြသည်။အဘ ဦးကံ နှင့်အမိ ဒေါ်သင် တို့ ဖြစ်သည်။
၁၉၃၂ - ကျေးရွာဘုန်းကြီးကျောင်းတွင်ပညာသင်ခဲ့သည်။
၁၉၃၄-၁၉၄၂ - ကိုရင် ၀တ်နှင့်ပညာဆက်လက်သင်ကြားနေခဲ့သည်။
၁၉၄၃ - မြန်မာလွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့သည်။
၁၉၄၅ - ဖက်စစ်တော်လှန်ရေးတွင် တိုင်း -၁ ပဲနွယ်ကုန်း၌ဆေးတပ်ကြပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇ - ပြည်သူ့ ရဲဘော်တပ်ဖွဲ့ သို့ ဝင်ရောက်ခဲ့သည်။
၁၉၄၉ - ပြည်သူ့ ရဲဘော် တပ်ဖွဲ့  နဲ့အတူ တောခို ပြီး ဧရာဝတီတိုင်းတာဝန်ခံအဖြစ်တာဝန်ယူခဲ့သည်။
၁၉၅၃ - တောထဲ ၌ ပင်အဖမ်းခံခဲ့ရသည်။
၁၉၅၄ - ၁၉၅၇ - မြောင်းမြထောင် ရန်ကုန်ထောင် တို့ တွင် နိုင်ငံရေးအကျဉ်းသားဘ၀ နှင့်ဖြတ်သန်း နေ
ထိုင်ခဲ့ရသည်။
၁၉၅၇ - ထောင်မှလွတ်ပြီးချိန်တွင်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ( ပ မ ည
တ ) သို့ ဝင်ရောက်ပြီး နိုင်ငံရေးလုပ်ခဲ့သည်။
၁၉၅၈ - ဗိုလ်တစ်ထောင်သတင်းစာထူထောင်ရာတွင်ပါဝင်၍သတင်းစာဖြစ်မြောက်ရေးစတင်လုပ်ကိုင်ခဲ့
သည်။
၁၉၆၀ - ပ မ ည တ အမတ်အဖြစ် မြောင်းမြမြို့ နယ်မှအရွေးခံခဲ့သည်။တရုတ်နိုင်ငံသို့ သတင်းစာကိုယ်
စားလှယ်အဖြစ်သွားရောက်ခဲ့သည်။
၁၉၆၄ - ဗိုလ်တစ်ထောင် သတင်းစားအယ်ဒီတာအဖြစ်စတင်တာဝန်ယူခဲ့သည်။
၁၉၆၅ - အနောက်ဂျာမဏီနိုင်ငံသို့ သတင်းစာကိုယ်စားလှယ်အဖြစ်သွားရောက်ခဲ့သည်။
၁၉၆၆ - အနောက်ဂျာမဏီ ခရီးသွား မှတ်တမ်းအဖြစ် ( အနောက်၏တစ်စွန်းတစ်စ)စာအုပ်ကိုရေးသား
ထုပ်ဝေခဲ့သည်။
၁၉၇၁ - ၇၂ - မဆလ နေ၀င်းအစိုးရမှ တစ်နှစ်ထိမ်းသိမ်းခြင်းခံခဲ့ရပြန်သည်။
၁၉၇၂ - အယ်ဒီတာချုပ် အဖြစ်မှရပ်စံခြင်းခံခဲ့ရသည်။
၁၉၈၈ - ဒီမိုကရေစီရေးတွင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၁၉၈၉ - ရက်ပေါင်း ၂၀ ထိမ်းသိမ်းခြင်းခံခဲ့ရသည်။
၁၉၉၁ - ၉၂ နိုင်ငံရေးပုဒ်မ ၅ ည ဖြင့် ပြစ်ဒဏ် (၃) နှစ်ကျခံခဲ့ရပြန်သည်။
၂၀၀၄ - နိုဝင်ဘာလ (၄) ရက်နေ့  နံနက် ၄း၄၀ တွင် ကွယ်လွန်ခဲ့သည်။
ဗိုလ်တစ်ထောင်သတင်းစာ ။ မြ၀တီမဂ္ဂဇင်း။ မိုးဂျာနယ် ။ နွယ်နီမဂ္ဂဇင်းတို့ တွင် ထိန်လင်း။ဂြိုလ်ထု
အမည်များဖြင့် ဆောင်းပါး အများ အပြားရေးသာခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး နှင့် သားသမီး
ခြောက်ယောက်ကျန်ခဲ့သည်။
ဤသည်က ဦးထိန်လင်း ရဲ့ ဘ၀ တစ်လျောက် မှာ နိုင်ငံအရေး တွေကို မိမိ ယုံကြည်တဲ့နေရာတွေ
က နေဆောင်ရွက်ခဲ့မှု တွေ ဖြစ်ပါတယ်။ ကျမထပ်မံဖြည့်စွက်တင်ပြလိုသည်မှာ ဗိုလ်ထိန်လင်းရဲ့
အန္တယယ်ကြားကရဲရဲ တောက်အင်တာဗျူး တွေ ပါပဲ သူ ဟာ ဒီပဲယင်းဖြစ်ပြီးချိန် သူ့ ကျမ်းမာရေး
အတော်ယိုယွင်းနေချိန်မှာတောင် စစ်အုပ်စုရဲ့မတရားမှုတွေကို အချိန်တိုင်း လိုလို ပြည်သူ ကိုတင်
ပြနေတာ အံ့လောက် စရာပါ ထိုနည်းတူ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရဲ့ရန်ကုန်းတိုင်း ဥက္ကဌ
လည်းဖြစ် စီအီးစီ လည်းဖြစ်တဲ့ သခင်စိုးမြင့် နှင့်ဆိုလျှင် နိုင်ငံအရေးပါတီအရေးအကြံပေးတိုင်ပင်
နေတာတွေကျမ ကြိမ်ဖန်များစွာကြုံတွေ့ ခဲ့ရပါတယ်။ဒီလိုပဲလူငယ်ထုအပေါ်မှာလည်းခိုင်ခိုင်မာမာ
ပြတ်ပြတ်သားသားရပ်တည်ပေးတက်သူ အဆိုးအကောင်းတွေကိုဝေဖန်ပိုင်းခြား အကြံဥဏ်များ
ပေးနိုင်သူ တစ်ဦးပါ ။
ကျမတို့ လျောက်ခဲတဲ့ဒီမိုကရေစီလမ်းကြောင်းမှာနိုင်ငံရေးသဘာတွေလို့ ပြောနိုင်တဲ့ ဦးထိန်လင်း
လိုဦးကြည်မောင် လို ဦးတင်ဦး (နေအိမ်အကျယ်ချုပ်) လို ခေါင်းဆောင် များဟာ သူတို့ တစ်တွေ
ကျော်ဖြတ်ခဲ့တဲ့ နိုင်ငံရေးရင့်ကြတ်မှု ရေချိန်တွေအပေါ်မှာ ဘ၀င်မြင့်မနေပဲ မာန်မာနထောင်လွား
မနေပဲငါတို့ ကတော့ဘယ်လိုပေးဆပ်ရသူတွေပဲဟေ့ ဆိုပြီး ၀င့်ကြွား မနေပဲ လိုသူဟူသမျှ အသိ
သညာပညာတွေ ပေးခဲ့မှုတွေကတော့ တကယ်ကို ဂုဏ်ယူ အားထားလောက်တဲ့ ခေါင်းဆောင်
ကောင်းတွေပါ ။
သူတို့ သာ ဆယ်စု နှစ် နှစ်ခု လောက် နိုင်ငံရေးကျော်ဖြတ်လာမှု နဲ့ ထောင်လွား နေခဲ့မယ်ဆိုရင်
လက်ဆင့်ကမ်း မဲ့ ခု ကျမတို့ လို နိုင့် ငံအရေး ပြောင်း လဲစေ့ချင်တဲ့ တော်လှန်ရေးသမား တွေ
လည်းပေါ်ပေါက်လာမှာမဟုတ်ပါဘူးဒီတော့ ဘဘ ရဲ့ ကွယ်လွန်ခြင်းလေးနှစ်ပြည့်ကို တင်ပြရင်း
ကျမတို့  ညီညီညာညာ အတုယူကြရအောင်လား။။
(ဗိုလ်ထိန်လင်း ကောင်းရာသုဂတိလားပါစေ)
မေအိခင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment