Saturday, November 1, 2008

မ က ဒ တ နှစ် နှစ်ဆယ်ပြည့် အခမ်းအနား

ဒီနေ့  မ က ဒ တ ရဲ့ နှစ် ၂၀ ပြည့် မွေးနေ့ ပါ ။ ကျမ မြန်မာပြည်ထဲမှာရှိနေစဉ်ကအင်မတန်မှစိတ်ဝင်စား
အားထားမျော်လင့် ခဲ့ တဲ့ ကျောင်းသားတပ်မတော်ပါ ။။ ပထမဆုံးသော ဥက္ကဌ ကိုထွန်းအောင်ကျော်
လေးစားဂါရ၀ ဦးစွာပြုအပ်ပါတယ်။

ကျမ အတိတ်ကတွေးမြင်ခဲ့တာနဲ့ မျက်မောက်ကို စိတ်ထဲက ရိုးသားတဲ့စေတနာနဲ့ ရင်ဖွင့်ပါရစေ ။ကျမ
ကပဲညံ့ လို့ လား သတင်းအချက်အလက်တွေ မလေ့လာလို့လားတော့မသိပါ အေဘီ လို့ ပြောရင်
ပြည်တွင်းမှာထဲ က မိုးသီးဇွန် ကိုပဲမျက်စိထဲမြင်ပြီးယုံကြည်အားကို မျော်လင့်ကြတာပါကျန် အဖွဲ့ဝင်
တွေခေါင်းဆောင်တွေကိုမမြင်တာတော့ မဟုတ်ဘူးနော် ဦး ဆုံး အာရုံပြုမိတာကိုမိုးသီးပါပဲ။

ကျမ ပုဂိုလ်ရေး ဘာမှမရှိပါဘူး ။ ကိုမိုးသီး ကို ကျမ ကျမတို့ ရဲ့ခေါင်းဆောင် တွေထဲက ခေါင်းဆောင်
တစ်ယောက်အဖြစ် အာ(ရ်)အိုင်တီ ယခု ၀ိုင်အိုင်တီ ၀န်းထဲမှာကိုဖုန်းမော် အမှတ်တရနေ့ ကထဲ ကစ
အသိအမှတ်ပြုနိုင်တာပါသူ့ ကိုတွေ့တယ်သူပြောတဲ့စကားလုံးတွေပြည်သူကျောင်းသားကို ဆွဲယူသွား
စေနိုင်တယ် ။

သူဟာ တရားဟောရင် ပြတ်သားတယ်တွေးခေါ် နိုင်တယ်။သူမြန်မာပြည်မှာပြောခဲ့တဲ့စကားလုံးတွေ
အတိုင်းလည်းကမ္ဘာမှာမရှိဖူးသေးတဲ့ကျောင်းသားတပ်မတော်မှာခေါ်င်းဆောင်တွေထဲကခေါင်းဆောင်
တစ်ယောက်ဖြစ်ခဲ့တယ် ။

ရှည်လျားတဲ့တော်လှန်ရေးမှာပြောင်းလဲမှုအမျိုးမျိုးရှိပေမဲ့ကိုမိုးသီးတစ်ယောက် နဲ့ အေဘီအက်ဒီအက်
ကို ခွဲမြင်လို့ ကိုမရသေးတာ ပြည်သူ နဲ့ ကျောင်းသား ထုရဲ့ခံစားမှုပါ ။

ဒီနေ့ အခမ်းအနားမှာလက်ရှိဥက္ကဌ ကိုသံခဲ ပြောသွားတဲ့ စကားရပ် တွေ အင်မတန်မှ အားအင်ပြည့်ဝ
လှပါတယ် ။ လက်ရှိ အေဘီရဲ့ခေါင်းဆောင်ပိုင်းတွေဟာလည်း အကြပ်အတည်း အခက်အခဲကြားမှာ
ရည်ရွယ်ချက်တွေပြီးမြောက်အောင်သူတို့ ရဲ့မူဝါဒဖြစ်တဲ့ လက်နက်စွဲကိုင်တော်လှန်ရေးကို တစိုက်မတ်
မတ်ဆက်သွားနေတာ ကျမ အင်မတန် မှ လေးစားပါတယ် ။ အေဘီအက်ဒီအက် နှစ်ပတ်လည် ကို
မှာ တော်လှန်ရေးတစ်ခုလုံး အောင်မြင်ပြီးမြောက်ဖို့ အတွက်ဘက်ပေါင်းစုံမှ နည်းပေါင်းစုံနဲ့ တော်လှန်
်ရေး အပေါ် သစ္စာ ကြီးစွာ ဆက်လက်လျောက်လှမ်းနေတဲ့ ရဲဘော်အပေါင်းကို သူရဲကောင်း တွေပါလို
့ဂုဏ်ယူ ပြောကြားလိုပါတယ်။


အေဘီမှာ လက်၇ှိ တာဝန်ယူ နေတဲ့ခေါင်းဆောင်များ
ကိုလည်း မိမိယုံကြည်ချက်ကို အသက်တွေဘ၀တွေ
ပေးပြီး တစိုက်မတ်မတ် သွားနေတဲ့ အတွက် ဥက္ကဌ
ကိုသံခဲ ပြော သွားတဲ့ မြန်မာပြည် မှာ မ က ဒ တ
ရှိတယ် လွတ်မြောက်နယ်မြေ မှာ လည်းမ က ဒ တ
ရှိတယ် တတိယ နိုင်ငံတွေ မှာ လည်း မ က ဒ တ
တွေ ရှိသလို ၈၈ တော်လှန်ရေး ထဲက ယနေ့ ထိ
ကျမ နှလုံးသား ထဲ မှာ လည်း မ က ဒ တ ရှိတယ်
ဆိုကြောင်း ဂုဏ်ယူလေးစားစွာ မ က ဒ တ နှစ် နှစ်
ဆယ်ပြည့်မှာတင်ပြလိုက်ပါတယ်။



No comments: