ကျွန်တော်ဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ ၁၉၅၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ နိုင်ငံရေးလှုပ်ရှား မှုတွေမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီကာလအတွင်း မိမိဖတ်ရှုခဲ့ရတဲ့ သဘောတရားများနဲ့ နိုင်ငံရေးအတွေ့ အကြုံ တွေကိုပေါင်းချုပ်သုံးသပ်ပြီး ဒီစာတမ်းကို ပြုစုခြင်းဖြစ်ပါတယ်။ အဲဒီလိုပြုစုတင်ပြရာမှာ ပုဂ္ဂိုလ်ရေး အာဃာတ တွေဂိုဏ်းဂဏစိတ်ဓါတ်အတွေးအခေါ်တွေကို ပါယ်သတ်ပြီးအမှားအမှန်တွေကို ဝေဖန်ကြည့်မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀-၅၀) အတွင်းက မိမိရဲ့ လုပ်ဖော်ကိုင်ဖက်အများစုဟာ လူ့ လောကတွင်မ ရှိကြတော့ပါ။ ဒါပေမဲ့လဲ နောင်လာ နောက်သားတွေအတွက် သင်ခန်းစာယူနိုင်ရေးအတွက် လိုအပ်တဲ့နေရာ တွေမှာ လူပုဂ္ဂိုလ်နာမည် တချို့ ကိုဖော်ပြမှာဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိနှစ်ပေါင်း (၂၆) နှစ်ကြာကာလတွေမှာ လက်ဝဲအယူဝါဒနဲ့ အ တွေးအခေါ်တွေကို ယုံကြည်စိတ်နဲ့ မိမိဘ၀ကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာတော့ မိမိရဲ့ အတွေးအခေါ်တစ်ချို့ ကို တော်လှန်ပြောင်းလဲလိုက်ပြီး လက်ယာနိုင်ငံရေးသမားအဖြစ်ရပ်တည်ခဲ့သူဖြစ် ပါတယ်။ ကမ္ဘာ့နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မိမိရဲ့ အတွေးအမြင်တွေကို ပြောင်းလဲခံ ယူခဲ့ခြင်းဖြစ်ပါတယ်။ လက်ဝဲ၀ါဒအတွေးအမြင်တစ်ချို့ ဟာလဲ ယနေ့ တိုင်ခံယူထားဆဲဖြစ်ပါတယ်။
လက်ဝဲ၀ါဒမှ လက်ယာဝါဒဆီပြောင်းလဲမှုမှာ အောက်ပါအကြောင်းတွေကြောင့်ဖြစ်ပါတယ်။
(၁) ၁၉၆၃ ခုနှစ်မှ ၁၉၇၀ ခုနှစ်ကာလများက တရုတ်-ဆိုဗီယက်(ရုရှား) သဘောတရားရေး နိုင်ငံ ရေးတိုက်ပွဲများ-
(၂) ၁၉၇၂ ခုနှစ်မှာ တရုတ်ပြည်သူ့ သမတနိုင် ကုလသမဂ္ဂအဖွဲ့ ဝင်ဖြစ်လာခြင်း (အမေရိကန် နယ်ချဲ့ ဝါဒကျရှုံးခြင်း)
(၃) ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲအဆုံးသတ်ခြင်း (အမေရိကန်နယ်ချဲ့ ဝါဒအဆုံးသတ်ခြင်း) (၄) ၁၉၇၈ ခုနှစ်တွင်တရုတ်ပြည်အစိုးရက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်ခြင်း (စီးပွားရေးအရအရင်း ရှင်စနစ်ကိုကျင့်သုံးလာခြင်း)
(၅) ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုကျခြင်းနဲ့ ၁၉၉၁ ခုနှစ်တွင်း ဥရောပဆိုရှယ်လစ်အုပ်စု ပြိုကျပျက်စီးခြင်း ( စစ်အေးခေတ် အဆုံးသတ်ခြင်း) ။
အထက်ပါအကြောင်းအချက်တွေက မိမိရဲ့ အတွေးအမြင်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ တစ် ပြိုင်နက်ထဲမှာဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပြိုကွဲကျဆုံးမှုတွေက မိမိရဲ့ အ တွေးအမြင်တွေကို ဆက်တိုက်လိုလိုပြောင်းလဲခံယူစေခြင်းဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ အကြောင်းအချက်တွေကိုခံယူပြီးနောက် ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အ ထိ ကာလတွေအတွင်း မြန်မာနိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့နိုင်ငံရေးပါတီတွေရဲ့ လမ်းစဉ်တွေကို ဝေဖန်ပိုင်းခြား ကြည့်မှာဖြစ်ပါတယ်။
ဒီလိုဝေဖန်ပြရာမှာ ပစ္စုပ္ပန်မြန်မာ့နိုင်ငံရေးနဲ့ အနာဂတ်ကာလ နိုင်ငံရေးလမ်းစဉ်တွေကို မှန်ကန်စွာ ရေးဆွဲချမှတ်နိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်။ အတိတ်ကာလ အမှားတွေအပေါ် သင်ခန်းစာရယူပြီး ပစ္စုပ္ပန်မှာ လမ်းစဉ်မှန်တွေချမှတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
အနီးခေတ်နောက်ပိုင်း မြန်မာ့သမိုင်းထဲက စံပြုလောက်တဲ့ ခေါင်းဆောင်ကြီးများ
၁၉၂၀ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ စံပြုထိုက်တဲ့ ခေါင်းကြီးများကတော့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ၊ သခင်တင်မြ၊ သခင်အောင်ဆန်း ၊ သခင်ဗဟိန်းနဲ့  ဂျာနယ်ကျော်ဦးချစ်မောင်တို့ ဖြစ်ကြပါတယ်။ သူတို့ ဟာ ကိုလိုနီစနစ်ဆန့် ကျင်ရေး ဖက်ဆစ်ဆန့် ကျင်ရေးကာလတွေမှာ ပြည်သူတို့ နဲ့ တစ်သားတည်း ရပ်တည်ကြပြီး သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာထမ်းရွက်ပြုကြသူတွေဖြစ်ကြတယ်။ သူတို့ ဟာ ရိုးသား ဖြောင့်မတ်သူတွေ ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကြီးမားသူတွေ ၊ အမြှော်အမြင်ကြီးသူတွေ ၊ ကိုယ်ကျိုးစွန့် အ နစ်နာခံသူတွေဖြစ်ကြတယ်။ သူတို့ ရဲ့ တွေးခေါ်မြှော်မြင်မှုတွေကို လေ့လာကြရမယ်။ အတုယူလိုက်နာကြရ မယ်။ ဒီနေ့ ခေတ်နိုင်ငံရေးသမားတိုင်းဟာ ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လမ်းစဉ် ပေါ်လစီတွေကို ရေးဆွဲချမှတ်နိုင်စွမ်းရှိကြရမယ်။
ဒီနေ့ ခေတ်ဟာ နယ်ချဲ့ ဆန့် ကျင်ရေး သမိုင်းခေတ်မဟုတ်တော့ စစ်အာဏာရှင်စနစ် ဗြူရိုကရက် အရင်းရှင်စနစ်၊ မြေယာလက်ဝါးကြီးအုပ်စနစ် ၊ ဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်တို့ ကို ဆန့် ကျင်ပြိုပျက်ပြီး ဈေး ကွက်စီးပွားရေးစနစ် လက်ငုတ်လယ်သမား ၊ လယ်ယာမြေပိုင်ဆိုင်ရေးံစနစ် ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်တို့ ကိုဖောဆောင်ကြမယ့် သမိုင်းခေတ်ကြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ထူ ထောင်ရေးဟာ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။
၁၉၄၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးအခြေအနေများ
အများသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ပွဲကြီးဟာ ၁၉၃၉ ခုနှစ် ၊ စက်တင်ဘာလမှာ စတင်ခဲ့ပါ တယ်။ ကိုလိုနီ နိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာလဲ စစ်ဘေးစစ်ဒဏ်ခံခဲ့ရပါတယ်။ ဂျပန်ဆက်ဆစ်တပ်တွေနဲ့ မြန် မာ့လွတ်လပ်ရေးတပ်မတော်တို့ ပူးတွဲပြီး အင်္ဂလိပ်နယ်ချဲ့ စစ်တပ်တွေကို ၁၉၄၁-၄၂ ခုနှစ်တွေမှာ အနိုင်တိုက် ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် သြဂုတ်လမှာ ဖက်ဆစ်ဆန့် ကျင်ရေးတိုက်ပွဲအတွက် ဗိုလ်ချုပ်အောင်ဆန်း ၊ သခန်စိုး သခင်သန်းထွန်းတို့ လျှို့ ဝှက်စွာ စည်းရုံးပြင်ဆင်ခဲ့ကြတယ်။ အဲဒီ (ဖတပလ) အဖွဲ့ ချုပ်မှာ အင်အားစု (၃) မျိုး ပါဝင်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့ အရေးတော်ပုံပါတီကာကွယ်ရေးတပ်မတော်တို့ ပါဝင်ခဲ့ကြပါ တယ်။
၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းမှာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ကြီးထူထောင်ခဲ့ပါတယ်။ ပါဝင်သူဗဟိုဦးစီး အဖွဲ့ ဝင်များကတော့-
(၁) ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး ၊ သခင်သန်းထွန်း ၊ သခင်တင်မြ ။
(၂) ပြည်သူ့ အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) မှ ဦးဘဆွေ ၊ ဦးကျော်ငြိမ်း ၊ သခင်ချစ် ။
(၃) တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်မှူးကြီး လက်ယာ၊ ဗိုလ်မှူးကြီး နေ၀င်း တို့ ဖြစ်ကြ တယ်။
အာဏာပိုင်ခေါင်းဆောင်(၃) ဦးမှာ-
နိုင်ငံရေးခေါင်းဆောင် - သခင်စိုး
စစ်ရေးခေါင်းဆောင် - ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် - သခင်သန်းထွန်း တို့ ဖြစ်ကြတယ်။
ဖက်ဆစ်ဆန့် ကျင်ရေးတိုက်ပွဲကို ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့ မှာ စတင်ခဲ့ပြီး အဲဒီနှစ် ဆက်တင်ဘာ(၁၄)ရက်နေ့ မှာ စစ်ပွဲပြီးဆုံးခဲ့ပါတယ်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး အောင်မြင်မှုနဲ့ ပါတ်သက်ပြီး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့  သုံးသပ်ချက်တွေကို တင်ပြလိုက်ပါတယ်။
ပထမမှာ တော်လှန်ရေး၏ခေါင်းဆောင်မှု ရဲရင့်မှန်ကန်ကောင်းမွန်မှု ကြောင့်ဖြစ်တယ်။
ဒုတိယမှာ တစ်တိုင်းပြည်လုံးစည်းလုံးညီညွတ်မှုဖြင့် (ဖတပလ) ဖက်ဆစ်တော်လှန်ရေး အ မျိုးသားညီညွတ်ရေး တပ်ပေါင်းစုအဖွဲ့ ချုပ်ကြီးဖွဲ့ စည်းပြီး လက်ဝဲ ၊ လက်ယာ နိုင်ငံရေးပါတီအဖွဲ့ အစည်းများ လူပုဂ္ဂိုလ်များ ၊ ရဟန်းသံဃာတော်များ ၊ လူမျိုးစုအဖွဲ့ အစည်းများနှင့် လူထုကြီးတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးလှုံဆော်နိုင်သောကြောင့်ဖြစ်တယ်။
တတိယမှာ ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွင် တော်လှန်သောပြည်သူ့ စစ် သဘောတရားများနည်းနာများအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ ယင်းမှာ မိမိတို့ ဘ၀အသိဖြင့် ဖက်ဆစ် တို့ ကို အလွန်တူးခါးစွာ မုန်းတီးရွံရှာနေကြသော ပြည်သူတစ်ရပ်လုံးက အဖက်ဖက်က တိုက်ခိုက်ရေး ထောက်ပံ့ကူညီရေးအမျိုးမျိုးတွင်ပါဝင်ကာ ပြည်သူများအတွင်းမှ ပေါင်းစပ်ပါဝင်တဲ့ ပြည်သူ့ စစ်ပွဲကြီး ဆင်နွှဲ နိုင်ပြီး ပါဝင်တိုက်ခိုက်သူအားလုံးက အလွန်ရဲရင့်တက်ကြွပြောင်မြောက်စွာ တိုက်ခိုက်ခြင်းကြောင့်ဖြစ်တယ်။
စတုထ္ထမှာ ကျွန်တော်တို့ တော်လှန်ရေးမှာ တစ်ဦးတည်းမဟုတ် တစ်ကမ္ဘာလုံးက ဆန့် ကျင် တိုက်ခိုက်ကြတဲ့ ကမ္ဘာ့တော်လှန်ရေးတပ်ပေါင်းစုထဲ အပါအ၀င်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးမျိုးသော အထောက်အပံ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့်ဖြစ်တယ်။
(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏အထ္ထုပ္ပတ္တိမှ) ဒုတိယ ကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဆန့်  ကျင်ရေးစစ်ပွဲကြီးကို (၆)လအကြာမှာ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါတယ်။ စစ်အေးလွန်ခေတ်မှာ မြန်မာ့ဖက် ဆစ်အုပ်စိုးမှုကို နှစ်ပေါင်း(၂၀) ကြာတိုက်ပွဲဆင်နွှဲခဲ့သော်လည်း ယနေ့ တိုင်အောင်မြင်မှု မရဖြစ်နေပါသေးပါ တယ်။ (နိုင်ငံရေးသမားတိုင်း ဆင်ခြင်သုံးသပ်ရမှာ ဖြစ်ပါတယ်။)
ဒုတိယကမ္ဘာစစ်အပြီး မြန်မာ့နိုင်ငံရေးအခြေအနေအပြောင်းအလဲများနဲ့ အမှား အမှန်သုံးသပ်ချက် များကို ဆက်လက်ဖော်ပြလိုပါတယ်။
၁၉၄၅ ခုနှစ်သြဂုတ်လ(၁၄)ရက်နေ့ မှာ ဂျပန်ဖက်ဆစ်တွေလက်နက်ချလိုက်တာကြောင့် စစ်ကြီး ပြီးဆုံးသွားပါတော့တယ်။
မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့ အရေးတော်ပုံပါတီနဲ့  ဗမာ့မျိုးချစ်တပ်မတော်တို့ ဟာစစ်ပြီးစမှာ အထင်အရှားပေါ်ထွက်လာပါတယ်။
ဆက်လက်တင်ပြပါဦးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment