ကိုဖုန်းမြင့် ကဒီနေ့ TAG ထားတယ် ညီမလေး ဒရင်း(မ်) ကလည်းTAG ထားတယ်
ညီမလေးဒရင်း(မ်)ကတော့မသေခင်(၁၀)ရက်ဘာလုပ်မလဲတဲ့ မသေသေးချင်ပါဘူး
ဒါပေမဲ့ကလေးစိတ်ချမ်းသာအောင်ပြောပြမယ် နော့ စိတ်ထဲမှာရှိတာအမှန်ပြောမှာ
ကျမသာ နောက်ဆယ်ရက်နေ သေမှာသိရင် -တကယ်ပြောတော့မှာနော် -
သေမှာသေချာမှ - ပထမ ငါးရက်လုံးတရားစခန်းသွားမယ်သေဖို့ အတွက်ပြင်ဆင်
မယ် ၆ ရက်မြောက်နေ့ မှာသမီး နှစ်ယောက် အတွက်နောင်ရေးစီမံပေးမယ် သူတို့ 
လေးတွေနဲ့ အချိန်ကုန်မယ် ရ ရက်မြောက်နေ့ မှာ ဖေဖေ နဲ့ တစ်နေကုန်နေမယ်
ဖေဖေကြိုက်တာတွေချက်ပြုတ်ကျွေးမယ် ၈ နေ့ မနက် မှာ မိတ်ဆွေတွေအား
လုံးနဲ့ ဖုန်းပြောမယ် ဥရောပ က မောင်လေးနဲ့ အကို ကိုနုတ်ဆတ်မယ် အဲဒီ့ ၈ ရက်
နေ့ မှာပဲ ရန်ကုန်ပြန်မယ် ကား တစ်ရက်ခွဲစီးပြီးတစ်လမ်းလုံးမေတ္တာပို့ မယ် ဘ၀နာ
ပွါးမယ် ရန်ကုန်ရောက်တာနဲ့  သိမ်ကြီးဈေး လူစည်ကားချိန်မှာ ဆန္ဒပြ မယ် ။
ဆန္ဒပြ မဲ့နေ့ က (၁၀) ရက်ပြည့်တဲ့နေ့ ပဲ --ကဲ ညီမငယ် ဒရင်း(မ်)ရေ ဟုတ်ပြီလား
(တဆက်တည်း)
ကိုဖုန်းမြင့် TAG တဲ့ ပထမဆုံးတွေကို ပြောမယ်နော်
ပထမဆုံးလူဖြစ်တာ - ၅-၁၁-၁၉၇၂ တနင်္ဂနွေနေ့ 
ပထမဆုံးတက်တဲ့ကျောင်း - အ မ က (၄) အင်းစိန်
ပထမဆုံး ဆရာ - မေမေ
ပထမဆုံး ကျင့်တဲ့ဘာဝနာ - အာနာပါန (၈နှစ်သမီးက)
ပထမဆုံးရွတ်တဲ့ကဗျာ - သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ
ပထမဆုံး သူငယ်ချင်း မိန်းခလေး - မိတာ မျိုးပပထွန်း တင်တင်မိုး (တစ်ပြိုင်နက်ဖြစ်လို့ ပါ)
ပထမဆုံးသူငယ်ချင်းယောင်္ကျားလေး - မျိုးမျိုး (ချီးထုတ် ရဲ အုပ် လုပ်နေတယ်)
ပထမဆုံးချစ်သူ - လယ်ဝေးမှာလေ
ပထမဆုံးအသဲကွဲတာ - ၁၉၈၇ (ဖိုးဖိုး တို့ ကသူနဲ့ ခွဲလိုက်တာ ငယ်သေးတာကိုး)
ပထမဆုံးနိုင်ငံရေးလုပ်ဖြစ်တာ - ၈-၈-၈၈ မြို့တော်ခန်းမ ဆီစချီတက်ခဲ့ရာက
ပထမဆုံးထောင်ထဲရောက်တာ - ၂၇-၃-၁၉၈၉ ( ၁၆ နှစ်ပြည့်ပြီး ၄ လမှာပေါ့)
ပထမဆုံးတက်ဖူးတဲ့သင်တန်း - ခရာတေး
ပထမဆုံးရဖူးသောဆု - အ သုံးလုံး ပို့ စကတ် ပန်းချီ ဆု
ပထမဆုံး ဆိုဖူးတဲ့သီချင်း -မြမန်းဂိရီ
ပထမဆုံးမဟုတ်တာလုပ်တာ - အဖွါးဆီက ပိုက်ဆံ တွမ် တာ
အဘိဓမ္မာ ဌီကာကျော် ပထမဆုံးသင်ဆရာ - ဦးတိလောကဘိဝံသ (ရွာမပရိယတ္တိ)
ဆရာများစွာထဲမှာ လက်ဦးဆရာဖြစ်သဖြင့် ရိုသေစွာဂုဏ်တင်ပါသည်။
ပထမဆုံးထမင်းငတ်တာ - ဆေးရုံကြီးမှာအစာငတ်ခံဆန္ဒပြစဉ်က (ဗိုက်ထဲမှာတ
ကျွတ်ကျွတ်နဲ့  တံတွေးတွေမျိုချ မူးလိုက်တာ )
ပထမဆုံးဖတ်ဖြစ်တဲ့ ဘလော့ကာ - ရည်မွန်ထိတ်ထား (--သူစိမ်းမဟုတ်လို့  ချစ်သမီး )
ပထမဆုံးခင်တဲ့ ဘလော့ကာ - သေသွားပြီ
ဘလော့ပထမဆုံးရေးဖြစ်တာ -သတင်းသမားတွေကို မကြေနပ်လို့ ( နာမည်ကြီးမီဒီယာအချို့)
အွန်လိုင်းတက်တိုင်း ပထမဆုံးဖွင့်ဖြစ်တဲ့ဘလော့ -ဓမ္မရသ ဘလော့
ပထမဆုံးရောက်တဲ့ပြည်ပနိုင်ငံ - သောင်ရင်းပဲခြားတဲ့ ယိုးဒယား
ကဲ ကိုဖုန်းမြင့်ရေ ဒီလောက်ဆို ဟုတ်ပါပြီနော့ ကျမလည်းအစဉ်အလာအရ ကျမဘလော့လေး
စတင်စမှာ အားမလျော့ဖို့ တိုက်ခိုက်မှုတွေကိုမမှုဖို့  အားပေးရပ်တည်ခဲ့တဲ့ သူနှစ်ယောက်အပါ
အ၀င် သူငယ်ချင်းတစ်ချို့ ကို Tag လုပ်ပါတယ် နော့
မောင်လေးရဲဝင့်သူ
ကိုကနေဒါမြန်မာ
မောင်လေးရင်ခတ်နွယ်
ညီမလေးငွန်ငယ် နဲ့  ပန်းစကား တို့ ပေါ့ နော် -- အားလပ်ချိန်လေးမှာပေါ့ --နော့
Subscribe to:
Post Comments (Atom)
4 comments:
ပထမ လူ့ လောကထဲရောက်တဲ့ နေ ... ၁၈ ရက် ဇွန်လ
အင်္ဂါနေ့  ။ ပထမဆရာ - အမေနဲ့ အဖေ ၊ ပထမဦးဆုံး
ရောက်တဲ့ နိင်ငံ တရုပ်ပြည် ယူနန်ပြည်နယ် ။ ပထမဆုံး အနောက်နိုင်ငံ လေယဉ်ပျံစီး၍သွားရသောနိုင်ငံ ဆွက်ဇာ လန် အစီးအဝေး ။ ပထမအသဲကွဲ နေ့  ပြည်ပကို ထွက်ပြေးလာရသောနေ့ နှင့် သူ ကိုထားခဲ့ ရန် ဆုံးဖြတ်ရသောနေ့ ။ အထမဆုံးသင်တန်း
ဘင်ခရာသင် တန်း ၊ အခြားသိချင်တာများရှိက ဆက်မေး
နိုင်ပါသည် ။။။။
ပထမဆုံးနိုင်ငံရေးအစ ။ ဒီမိုကရက်တစ်လူငယ်ညီညွတ်ရေး
အဖွဲ ချုပ် ( ၉။၁၁။၈၈ ) ပထမဆုံး ပုံးရှိုထွက်
ပြေး ရသော ၊ နေ့  အိမ်ကို ရဲ ၊နှင့် စစ်သား
အချို့ ကျွန်တော် ကို လာရောက် ရှာဖွေဝိုင်းဝန်းသောနေ့ 
မသေခင်လုပ်ချင်သောအရာ မြန်မာပြည်မှ အမေနှင့် ရွှေမျိုး
ညီကိုမောင်နှမများနှင့် ပြန်တွေလိုသည်။
မသေခင် မြန်မာပြည်ကို ကမ္ဘာ့ အဆင့် အတန်းမှီ ဒီမိုကရေ
စီနိုင်ငံ အခုအဖြစ်မြင်လို ပါသည်
အစ်မရေ..။ Tag ထားတယ်ဆိုလို့ ဘယ်လို tag တာလဲလို့။ အမှန်အတိုင်းပြောတာပါ ကျွန်တော် ခုထိ tag တယ်ဆိုတာ ကြားဖူးယုံပဲရှိသေးတာ။ ဘယ်လိုမှန်းမသိသေးဘူး။ သူများတွေ မေးခွန်းတွေ ဖြေထားတာတွေတော့ ဖတ်မိပါတယ်။ ဒါပေမယ့် ကိုယ့်ကို ဘာတွေမေးတယ်ဆိုတာ ဘယ်လိုသိရမှာလဲ။ ဘာကိုဖြေရမှာလဲ။ အရင်ဆုံးပြောပြ ဦးနော်။ အဖြေနောက်မှပေါ့။ ကျွန်တော်ကလဲ တော်တော် တုံးပါတယ်။ :p
မမ ပထမဆုံးအသည်းကွဲဖူးတာ ဝေလေးမွေးတဲ့နှစ်.. ဟိ ဟိ... :)
Post a Comment