Monday, October 6, 2008

၂၀၁၀ ရွေးကောက်ပွဲ နဲ့ လက်ဝဲ လက်ယာ အမြင်မှောက်မှားမှုများ

ဒီနှစ်မေလ (၁၀) ရက်နေ့ မှာ ဆန္ဒခံယူပွဲ ကျင်းပပြီး ဖွဲ့ စည်းပုံဥပဒေသစ်ကို စစ်အစိုးရက အတည် ပြုကြောင်း
ကြေညာလိုက်ပါတယ်။မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အခုပြဌာန်းလိုက်တဲ့ ဥပဒေဟာ(မြန်မာ နိုင်ငံရေး သမိုင်းမှာ )
တတိယ အ ကြိမ်မြောက် ပြဌာန်းခြင်း ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေ က ပါလီမန်
စနစ်ကို အခြေခံပါတယ်။

၁၉၇၄ ခုနှစ်က ပြဌာန်းလိုက်တဲ့ ဥပဒေကတော့ တစ်ပါတီ အာဏာရှင်စ နစ်ကို အခြေခံခဲ့တယ်။ မေလ(၁၀) ရက်
မှာ ဆန္ဒခံယူခဲ့တဲ့ ဥပဒေကြတော့ အပေါ်ယံအသွင်သဏ္ဍန် အရ ပါတီစုံဒီမိုကရေစီစနစ် လို့ အမည်ခံထားပေမယ့်
အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ် ကျင့်သုံးမယ်ဆိုတာ ကြေညာလိုက်ခြင်းဖြစ်တယ်။

၁၉၆၂ ခုနှစ်က စတင်ခဲ့တဲ့ အာဏာရှင် စနစ်ပုံစံမျိုးစုံတို့ ဟာ ခုဆိုရင် နှစ်ပေါင်း(၄၆) နှစ်ကြာရှည်ခဲ့ ပါပြီ။ ရာစု နှစ်
ဝက်နီးပါး အာဏာရှင်စနစ်တွေ တည်တံ့နေရတာဟာ ဒီနှစ်ကာလတွေ အတွင်းမှာ မြန်မာ့ နိုင်ငံရေး ဇာတ်ခုံတွေ
ပေါ်မှာ ပါဝင်ခဲ့ကြတဲ့ လက်ဝဲ လက်ယာ နိုင်ငံရေးသမားတွေရဲ့  သဘောတရားရေးအမှာ မူဝါဒ လမ်းစဉ် အမှားတွေ
ကြောင့်လို့ ဝေဖန်ကြမယ်ဆိုရင် ငြင်းဆန်ကြ မယ့် နိုင်ငံရေး သမားများ ရှိနိုင်မှာ မဟုတ်ပါ။ မျက်စိစုံမှိတ် ငြင်းကြ
မယ်ဆိုရင်လည်း အနီးကပ် မြန် မာ့သမိုင်းက သက်သေ အလုံအလောက် ပြခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း ၂၀၁၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာလိုက်ပြန်ပါ တယ် ထုံးစံ
အတိုင်း လက်ယာ လက်ဝဲ အတွေးအမြင် မှောက်မှားမူတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာပြန်ပါတယ်။
လက်ဝဲလေသံတွေက အားပျော့နေပြီး လက်ယာ လေသံတွေက ပိုမို ကျယ်လောင်နေတယ်။ စစ်ဝါဒီတွေရဲ့  ဖိအား
ပေးမှုများနဲ့ လည်း ဆက်စပ်နိုင်ပါတယ်။

လက်ဝဲ လေသံတွေကတော့ ပြည်သူ့ ဒီမိုကရေစီ စနစ်နဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်တို့ ဟာ သဘောတရား အရ ခေတ်မှီသေးတယ်ဆိုတာမျိုး စစ်အစိုးရဟာကိုလိုနီ လက်သစ်ဝါဒကိုကိုယ်စား ပြုဆဲ ဆိုတာမျိုး လိပ်-ကန် တို့ ဟာ
ကိုလိုနှီ လက်သစ် ၀ါဒကို ကျင့်သုံးနေဆဲ ဖြစ်တယ် ဆိုတာမျိုး ပါတီစုံ ဒီမိုကရေစီ စနစ်ဆိုတာ နည်းဗျူဟာ လမ်း
စဉ် ဖြစ်တယ်ဆိုတာမျိုးကုလသမဂ္ဂနဲ့နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို သေးသိမ်အောင်
် ပြောဆိုတာမျိုး စတာ တွေကတော့ လက်ဝဲ အမှားတွေလို့ ပြောနိုင်ပါတယ် ။စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တာ
မှန်ပေ မယ့် မဟာမိတ်အင်အား စုဆောင်းရာမှာ အားနည်းစေပါတယ်။သွယ်ဝိုက်နည်းအရ စစ်ဝါဒီတွေကို အင်အား
ဖြစ်စေပါတယ်။

လက်ယာ တိမ်းစောင်းမှု အတွေး အမြင် အမှားတွေကတော့ ဥပဒေမရှိရာက ရှိတာကောင်းတယ်။ လာမယ့်ရွေး
ကောက်ပွဲမှာ စစ်ဗိုလ် အမတ်များက ၂၅% သာ ပါဝင်မှာဖြစ်ပြီး အရပ်သား နိုင်ငံရေး သမားတွေက ၇၅% ပါဝင်မှာ
ဖြစ်တယ်။ ဒါကြောင့် အရပ်သား အစိုးရ ပေါ်ပေါက်နိုင်တယ်လို့  ၀ါဒ ဖြန့် ကြတယ်။ ဥပဒေ သစ်မှာ ဖော်ပြထားတဲ့
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကော်မတီ (၁၁) ဦးမှာ စစ်ဦးစီးချူပ်နဲ့  ဒုဦးစီးချူပ်တို့ က အာဏာရှင်တွေ
နေရာမှာ ရှိကြတာကို သူတို့ က ဖုံးကွယ် ထားကြတယ်။ စစ်ဗိုလ် ဟောင်းတွေ ဦးစီးတဲ့ ကြံ့ဖွတ် ပါတီက အမတ်နေ
ရာ ၅၀% ရရှိအောင် ကြိုး စားမှာကို လျစ်လျူရှုထားပါတယ်။ ဒါကြောင့်မို့  ဥပဒေသစ်အရ ကျင်းပမယ့် ၂၀၁၀ ရွေး
ကောက်ပွဲဆိုတာစစ်ဦးစီးချူပ်နဲ့ ဒုဦးစီးချူပ်တို့ က နိုင်ငံတော်အာဏာသုံးရပ်ကိုချူပ်ကိုထားမှာ သေချာနေပါတယ်။

ဈေးကွက် စီးပွားရေးစနစ်နဲ့ ပါတီစုံ ဒီမိုကရေစီစနစ် လက်ခံယုံကြည်သူတိုင်း လာမယ့်ရွေး ကောက်ပွဲ
အပေါ်မှာ စိတ်ကူးယဉ်စရာ အကြောင်းမရှိပါ။
စစ်ကောင်စီအလိုကျရွေးဆွဲထားတဲ့ စစ်ဗိုလ် တမတ်သား ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကိုသခင်တင်မြ
ဦးချစ်လှိုင်(အညမည) တက္ကသိုလ်မြတ်သူ ပေါက်စ ကျောင်းသားခေါင်းဆောင်အမည် ခံ အေးလွင်နဲ့ 
ကလောင်ရှင်ကြီးဦးချမ်းအေးတို့ က ၀ါဒဖြန့်  လှုံ့ ဆော်မှုတွေ အပေါ် တွေဝေယိမ်း ယိုင်မှု မရှိကြပဲ
ဲပြတ်သားစွာ တန့် ပြန် ဆန့် ကျင်ကြဖို လိုပါတယ်။ ဗိုလ်ချူပ်သန်းရွှေ ဗိုလ်ချူပ် မောင်အေးတို့ ရဲ့ 
အာဏာရှင်မင်းဆက် ထူထောင်ရေးကြိုးပမ်းချက်ကို ရဲရင့်စွာတိုက်ပွဲကြရမှာဖြစ် ပါတယ်။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ဗိုလ်ချူပ်နေ၀င်း ကို ပါလ်ီမန်လွှတ်တော်မှ ၀န်ကြီးချူပ်ရာထူး အပ်နှင်း ပွဲ မှာ ဦးနု
ဦးကျော်ငြိမ်းတို့ ရဲ့ သမိုင်းရေးရာ အမှားတွေကို သတိရကြမယ်။ ၁၉၆၂ ခုနှစ်မှာ အာဏာ သိမ်းခဲ့တဲ့ စစ်ကောင်စီရဲ
့မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ထောက်ခံခဲ့ကြတဲ့ ဗိုလ်မှူးဖိုးကွန်း ဦးထွန်း ဖေ(ထွန်းနေ့ စဉ်) ဆရာကြီး ဦးသာဒင်
် မန်းသာမြိုင် ICS ဦးဘငြိမ်း ၀ိဒူရ သခင်ချစ်မောင် ဦးအောင် သန်းနဲ့  ဦးသိန်းဖေမြင့် တို့ ရဲ့ သမိုင်းရေးရာ အမှားတွေ
မျိုး မကျူးလွန်မိကြဖို့ အထူးဂရုစိုက်ကြဖို့  သတိပေးလိုပါတယ်။

ပြည်သူတွေလိုလား တောင့်တနေတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရေးကို လှိုက်လှိုက်လှဲလှဲ ထောက် ခံကြတယ်။
အားပေးလိုကြတယ်ဆိုရင်

(၁) ၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားကြရမယ်။

(၂) ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည်နဲ့  မျိုးဆက်သစ်ကျောင်းသားများ ပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုကြရမယ်။

(၃) အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ရှေ့ ရှုတဲ့ နှစ်ပွင့်ဆိုင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် အရေးဆိုကြရမယ်။

(၄) ကုလသမဂ္ဂနဲ့  နိုင်ငံတကာ ထောက်ခံမှုတွေရရှိအောင် သံခင်း တမံခင်း ဆွေးနွေးပွဲတွေဖြစ် မြောက်အောင် အားထုတ်
်ကြရမယ်။

ပြည်သူတွေရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်ကို အကြွင်းမဲ့ ယုံကြည်ကြဖို့  တိုက်တွန်းလိုက်ပါတယ်။

စိန်ကျော်ဝင်း
၎.၁၀.၂၀၀၈

1 comment:

Anonymous said...

မမေ
လက်ယာ တိမ်းစောင်းမှု အတွေး အမြင် အမှားတွေကတော့ ဥပဒေမရှိရာက ရှိတာကောင်းတယ်။ လာမယ့်ရွေး
ကောက်ပွဲမှာ စစ်ဗိုလ် အမတ်များက ၂၅% သာ ပါဝင်မှာဖြစ်ပြီး အရပ်သား နိုင်ငံရေး သမားတွေက ၇၅% ပါဝင်မှာ
ဖြစ်တယ်။ ဒါကြောင့် အရပ်သား အစိုးရ ပေါ်ပေါက်နိုင်တယ်လို့  ၀ါဒ ဖြန့် ကြတယ်။ ဥပဒေ သစ်မှာ ဖော်ပြထားတဲ့
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကော်မတီ (၁၁) ဦးမှာ စစ်ဦးစီးချူပ်နဲ့  ဒုဦးစီးချူပ်တို့ က အာဏာရှင်တွေ
နေရာမှာ ရှိကြတာကို သူတို့ က ဖုံးကွယ် ထားကြတယ်။ စစ်ဗိုလ် ဟောင်းတွေ ဦးစီးတဲ့ ကြံ့ဖွတ် ပါတီက အမတ်နေ
ရာ ၅၀% ရရှိအောင် ကြိုး စားမှာကို လျစ်လျူရှုထားပါတယ်။ ဒါကြောင့်မို့  ဥပဒေသစ်အရ ကျင်းပမယ့် ၂၀၁၀ ရွေး
ကောက်ပွဲဆိုတာစစ်ဦးစီးချူပ်နဲ့ ဒုဦးစီးချူပ်တို့ က နိုင်ငံတော်အာဏာသုံးရပ်ကိုချူပ်ကိုထားမှာ သေချာနေပါတယ်။
ဒါတင်ပဲမကပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါ
ဝင်သော အမျိုးသား လွတ်တော် ဖွဲ့စည်းခြင်းတွင်ပါဝင်
သော အမျိုးသား လွတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး
သည် ( မည်သူ့ကို မည်သူက မည်ကဲ့သို့ ရွေးချယ်
တင်မြှောက်လိုက်သည်မသိရချေ )