Monday, September 15, 2008

CRPP ပြည်သူ့ လွတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ စည်းခြင်း (၁၀) နှစ်ပြည့် အခမ်းအနား
















ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ စည်းခြင်း ၁၀ နှစ်ပြည့်အခမ်းအနားကို ယနေ့ 
နယ်စပ်တစ်နေရာတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနား တွင်သဘာပတိများအဖြစ် NCUB မှ ဦးခိုင်စိုးနိုင်အောင် NLD(L-A) မှ ဦး
တင်အောင် MPU မှ ဦးထွန်းဝင်း ဦးလှဦး တို့ ကသဘာပတိအဖြစ် အခမ်းအနားကို
ဦးဆောင် ကျင်းပခဲ့ကြသည် ။

အခမ်းအနားတွင်CRPP ရဲ့ဖြစ်စဉ် ကြိုးစားအားထုတ်ခဲ့မှု ပေးဆပ် အနစ်အနာခံခဲ့ရမှု
ဆက်လက်ဆောင်ရွက်နေမှုများကို အလှည့်ကျဟောပြောတင်ပြသွားပါသည်။
သဘာပတိဦးလှဦးမှာစီအာပီပီ ဖွဲ့စည်း ခဲ့ပုံနှင့်စပ်လှဉ်း၍တင်ပြသွားရာတွင် ဂန္ဒီ ခန်းမ
ဂန္ဒီ ဟော တွင်လွတ်တော်ခေါ်ယူရန်စီစဉ် ခဲ့ရာမှစ၍ နောက်ခြေတစ်လှမ်းပြန်ဆုတ်ခဲ့ရပုံ
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပြီး ၁၉၉၅ မှစ၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်
အောင်ဆန်းစုကြည်တို့ ၏ စဉ်းစားတွေးခေါ်မှုများ မှအမြူတေ ပြီး ၁၉၉၈ တွင် တိုင်း
ရင်းသားခေါင်းဆောင်များ စုပေါင်းကြိုးစားမှုကြောင့် ခက်ခက်ခဲခဲပေါ်ထွက်လာရခြင်း
ဖြစ်ကြောင်းနှင့် CRPP ပေါ်ထွက်လာမှုနှင့်အတူပေးဆပ်ရမှုများလည်း အများကြီးရှိခဲ့
ကြောင်း တင်ပြသွားသည်။

ယနေ့ ဆိုလျှင် CRPP နှင့်တစ်ဆက်တည်းရှိနေသည့် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်
MPU ဆိုလျှင် ဂုဏ်သိက္ခါအရ ။ယှဉ်ပြိုင်မှုအရ ။အားရှိမှုအရ ။ ကမ္ဘာပတ်နေသော်လည်း
ပြည်တွင်းမှ ဦးအေးသာအောင်တို့ အပါအ၀င်CRPP မှ ဒါဟေ့ ဟု မတ်စိတ် တစ်ချက်ရိုက်
လိုက်လျှင် အားလုံးပါပြီးသားဖြစ်သည်။

စသည်ဖြင့် စီအာပီပီအား ရှမ်းအမျိုးသားဒီမိုကရေစီ။ရခိုင်အမျိုးသားဒီမိုကရေစီ ။မွန်အမျိုး
သားဒီမိုကရေစီ။ဇိုမီးအမျိုးသားကွန်ကရက် ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်
များနှင့် နိုင်ငံရေးတပ်ပေါင်းစုကြီးတစ်ရပ် CRPP ဟု ခေါ်သောတိုက်ပွဲဝင်တပ်ပေါင်းစုကြီး
ပေါ်ပေါက်လာရမှုကို အကျယ်တ၀င့်ရှင်းပြသွားသည်။

ထို့ အပြင် ပြည်ပရောက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် MPU များအနေနှင့်လည်း
ဒီနေ့ ဒီကာလတွင် လုပ်ရပ်အနေနှင့် မှားကောင်းမှားမည် နိုင်ငံရေးခံယူချက်အနေနှင့်
မမှားကြောင်း ။ နိုင်ငံရေးဗျူဟာအနေနှင့် မှားချင်မှားပါလိမ့် မည် တိုက်ပွဲအပေါ်တွင်
ထားသောသစ္စာ မမှားကြောင်း အတိအလင်းပြောကြားသွားသည်။

မှတ်ချက် ။ ။ မိမိအနေနှင့်ထည့်သွင်းပြောဆိုလိုသည်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စား
ပြုကော်မတီ အား စစ်အုပ်စုသည် အင်မတန် မှ ကြောက်လန့် ပါသည် ။ထိုကော်မတီအား
နိုင်ငံရေးဆောင်ရွက်မှု တစ်စုံတစ်ရာမပြုလုပ်နိုင်ရန်ပြင်းပြင်းထန်ထန်ဟန့် တားနှောက်ယှက်
နေသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပါဝါ နှင့်လုပ်
ပိုင်ခွင့်တို့ ကို စိုးရိမ်ကြောင့်ကျ နေသည်မှာထင်ရှားပေသည်။သို့ အတွက် ပြည်သူ့ လွှတ်တော်
ကိုယ်စားပြုကော်မတီ အားမိမိတို့ မှာ ၀န်းရံကြရန် အလွန်အမင်အရေးကြီးလှပါကြောင်းယနေ့ 
တွင်ကျရောက်သည့် CRPP ဖွဲ့ စည်းခြင်းဆယ်နှစ်ပြည့်နှစ်ပတ်လည်တွင် တင်ပြအပ်ပါသည်။
မေအိခင်

No comments: