ဗိုလ်ကြီးဝင်းထိန် ကိုစစ်အုပ်စု အငြိုးတကြီးပြန်ဖမ်းပြီလား
အန်ကယ်ဦးဝင်းထိန် ပျောက်နေတယ် အဖမ်းပြန်ခံရသလိုလိုဆိုတဲ့ သတင်းကို ကျမဆီ အီးမေး(လ်)
တစ်ခုရောက်လာပါတယ်ကျမရင်ထဲအလွန်အမင်ဝမ်းသာနေတဲ့ မနေ့ ကအခြေအနေဟာတော်တော်
ဆုတ်ယုတ်သွားပါတယ် ခင်ပွန်းသည်ပြန်လာမှာ ကိုမျော်နေမဲ့ ဇနီး ဒေါ်သိန်းမြင့်ကြည်(ခ)အန်တီ ဒုံ
ဖခင် သတင်းကို ၀မ်းသာစွာကြားလိုက်ရလို မျော်လင့်နေမဲ့သမီးကြီး သားကြီးသားငယ်သမီးငယ်လေး
ဘယ်လောက်ကြေကွဲနေမယ် ဆိုတာကျမ သုံးသပ်လို့ ရပါတယ် ။
အန်ကယ်ဦးဝင်းထိန်ရဲ့တစ်ခြားကျမ်းမာရေးကျမမသိဘူး ကျမသတိထားမိတာတစ်ခုက သူ ထိုင်ပြီး
ရင်သူများလိုဆက်ကနည်မထနိုင်ဘူး ဒီလိုဖြစ်နေတာ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ် ထဲက ၁၉၉၆ အစော
ပိုင်းကအခြေအနေ ခု ဆို ပိုဆိုးမယ် ထင် တယ်။
အန်ကယ်ဦးဝင်ထိန်ဟာ ၁၉၉၆ကနေ ယနေ့ အထိ ထောင်ထဲ၁၂ နှစ် နေရတာ စစ်အုပ်စုဟာ နိုင်ငံ
ရေးအင်အားစုမှန်သမျှမတရားဖမ်းတာပဲ လွှတ်လွှတ်ချင်း အန်ကယ်က သူရင်ထဲက အမှန်တရား
တွေပြောတဲ့အခါ စစ်အုပ်စု ဆတ်ဆတ်ခါတယ် ထင်ရဲ့ ---ချက်ချင်းလွှတ် ချက်ချင်း ဖမ်း အရူး
အနှမ်း တွေလို ဥပဒေဆိုတာ အာဏာ အောက်မှာ ခုလိုရှိနေသ၍ ပြည်သူ့ ဘ၀နှစ်မွန်း သထက်
နှစ်မွန်းနေရမှာပါပဲ --
အန်ကယ်ဦးဝင်းထိန်ဟာလက်ရုံးရည်ရောနှလုံးရည်ပါပြည့်ဝတဲ့ အပြင် ထေရ၀ါဒ သာသနာတော်
ကိုလည်းအများကြီး အကျိုးပြုခဲ့တဲ့ သူတော်ကောင်း တစ်ယောက်ပါ ပရိယတ္တိ စာသင်သားတွေ
မြောက်များစွာကိုဆွမ်းကျွေးအမှုပြုစု ခဲ့သလို ဘုရားဒကာရဟန်းဒကာဖြစ်ပါတယ် ဒါ့အပြင်ကျ
မတို့ ရဲ့ လူထုခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည် အင်မတန် ယုံကြည်အားထားရသူဖြစ်ပါတယ်။
အကယ်၍သာစစ်အုပ်စုကဗိုလ်ကြီးဝင်းထိန် ကို ပြန်လည်ဖမ်းဆီးလိုက်မယ်ဆိုရင် ဒီထက်ဆိုးဝါးတဲ့
နိုင်ငံတကာ ဖိအား ကုလသမဂ္ဂ မီတင် လုပ်နေချိန်မှာ စစ်အုပ်စု ကကိုယ်စားလှယ် ကိုမောင်းထုတ်
နိုင်မှာပိုသေချာ နေပါပြီ တဖက် ကတော့ သူတော်ကောင်းယောင်ဆောင်ကြည့်ချင်သေးပေ မဲ့အမှန်
တွေထွက်ဆိုရဲတဲ့သူတွေထွက်လာတော့ သူတို့ မထင်မှတ်တာ ပိုဖြစ်လာပါလားဆိုပြီး ရမ်းကားဖို့ 
စစ်အုပ်စု ကြံစည်စဉ်းစားနေမှာအသေအချာပါ။
စစ်အုပ်စုကိုကျမပြောချင်တာက ထောင်ထဲမှာနှစ်ရှည်ထားဖိနှိပ်လေ အဲဒီသူတွေဟာမတရားမှုကို
ပိုမြင်လာလို့ ပို တွန်းလှန်ရဲ ပိုပြောရဲ တဲ့သတ္တိတွေတိုးလာလေပါ ပြောတဲ့ပါးစပ်တွေကိုပိတ်မယ်ဆို
ရင် ငါတို့ ပြည်သူအားလုံးရဲ့ ငါတို့ တော်လှန်ရေးအင်အားစု တွေအားလုံးရဲ့မျက်လုံးတွေကိုပါဖောက်
ပစ်ပါတော့လား ဦးဝင်းထိန် ကိုခေါ်ထားတဲ့နေရာကနေ ခုပြန်လွှတ်ပေးပါ ။။။
Subscribe to:
Post Comments (Atom)
1 comment:
သူငယ်ချင်းညီမလေးအတွက်တစ်တကယ်စိတ်မကောင်းပါဘူး.. ဒီနေ.ဟာသူ့ဘ၀မှာအပျော်ဆုံးနေ့ ဘဲ တဲ့..ဆိုတော့ .. ဘာကြောင့်လဲလို့ မေးတော့ အဖေလွတ်လာပြီတဲ့ ထောင်ထဲကနေတဲ့..
ကျောင်းအတူတက်နေပေမဲ့ညီမလေးအဖေဟာ နိုင်ငံရေး ကြောင့်ထောင်ကျတာအဲ့ဒီနေ့မှသိရတယ်..ကိုယ်ကတော့ အပျော်တွေကူးပြီးဝမ်းသာတယ်.. ညီမလေး ရေလို ... နောက်တစ်ရက်တော့ သတင်းဖတ်ရတော့ မေးရင်ကောင်းမလား မမေးရင်ကောင်းမလားစဉ်းစားနေတုန်း.. ညီမလေးကိုတွေ့ လို့ .....
မ ရယ်မလွတ်ရင်လဲအစကမလွတ်နဲ့ပေါ့ အခုတော့.. ...ဘာလို့ အဲ့လိုလုပ်တာလဲတဲ့..ဘယ်လောက်ထိကြေကွဲ ရမလဲဆိုတာခန့် မှန်းလို့ ရပါတယ်..
ညီမလေးကို NO, Rule of Law in Myanmar လို့ ပြန်ပြောလိုက်ပါတယ်.. မြန်မာပြည်သားတွေရဲ့ ဘ၀ဟာ အစိုးလက်ထဲမှာဘဲ depand လုပ်နေရမှာလား..မြန်မာပြည်ရဲ့ လူ့ အခွင့် အရေးကဘာလဲ လို့ ပြောတဲ့ညီမလေးရင်ထဲမှာဘယ်လောက်ခံစားရမလဲဆို တာ....
ိ
Post a Comment