အချိန်လည်းမရဘူးအလုပ်တာဝန်တွေများနေတယ်လေ ပို့ (စ်) အသစ်လေးလည်းတင်ချင်တယ်
ဒီနေ့ သတိရမိသူတစ်ဦး နဲ့ပတ်သတ်တာလေးပဲ ဖတ်ကြည့်ကြပါနော့ ကျမနေ့ ခင်းကသမီးလေး
သိပ်ရင်း အိပ်ယာထဲနားမိချိန်လေး တွေးမိတာ ဒီအချိန်မှာ မီဒီယာ ခေတ် တို့ သတင်းခေတ်တို့ 
အတွေအခေါ်အမြင်တွေ ဒီဘိတ် လုပ်နေချိန်မှာ ဗိုလ်တစ်ထောင်သတင်းစာအယ်ဒီတာချုပ် ဖြစ်
ခဲ့တဲ့ ဦးထိန်လင်း သာရှိခဲ့ရင် သိတ်ကောင်းမှာပဲ လို့ အဘကိုသတိရမိတယ်။
ကျမတို့ ရဲ့ဆရာလို့ ပြောရရင် အဘဦးထိန်လင်း ကို အားနာပါတယ် ဘာလို့ လည်းဆိုရင် သူမှာ
စွမ်းတဲ့အရည်အသွေး ရဲတဲ့သတ္တိသွေးတွေကျမတို့ ခြေဖျားမမှီလို့ ပါဘဲ ဖက်ဆစ်တော်လှန်ရေး
မှာဆေးတပ်ကြပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်တစ်ထောင်သတင်းစာအယ်ဒီတာဟောင်း
အဘ ဦးထိန်လင်းဟာသေဆုံးခါ နီးအထိ မီဒီယာ ကနေ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား စစ်အုပ်
စုကို တိုက်ရင်း သေသွားတာမျိုးကတော့ ခု ယောင်ကြီးလျှင်ငိုက်လူကြီးလျှင်မိုက် ဆိုတဲ့စာဆိုနဲ့ 
ကိုက်တဲ့ သေခါနီးမှသမိုင်းအကွေးခံ အရွယ်နှောင်းမှ သူကြွယ်လောင်းလုပ်ချင်ကြတဲ့ ဟိုပုဂ္ဂိုလ်
သည်ပုဂ္ဂိုလ် နဲ့များ အဘဦးထိန်လင်းရပ်တည်ခဲ့ပုံများကွာလှပါလားလို့ တွေးမိတာကြောင့်ကျမ
တစ်ရက်အချိန်ယူပြီး အဘဦးထိန်လင်းရဲ့ ပရဟိတ္တ နိုင်ငံရေးတွေကို သိမှတ်သလောက်ဂုဏ်ပြု
ရေးပါဦးမယ်ဒီနေ့ တော့ အလုပ်မအားသေးတာနဲ့ အဘရဲ့စကားလေးလက်ဆောင်ပါးရင်း ပို့ အ
သစ် အဖြစ်တင်ပြလိုက်ပါတယ်။။။
ခုလိုနိုင်ငံရေးစကားတွေပြောနေတာဟာ
မျက်စိကန်းတစ္ဆေမကြောက်
ပြောနေတာမဟုတ်ဘူး-----
မျက်စိလည်းကောင်းတယ် တစ္ဆေက
ဘယ်လောက်ကြောက်စရာကောင်းတယ်
်ဆိုတာလည်းသိတယ်
ဒါပေမဲ့
သတင်းစာသမားတစ်ယောက်အနေနဲ့ 
ပြီးတော့
နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ 
ပြောသင့်ပြောထိုက်တာကို ပြောရမယ်လို့ 
ယုံကြည်တဲ့အတိုင်း ပြောနေတာ ။
ဦးထိန်လင်း(ဗိုလ်တစ်ထောင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment