Monday, September 8, 2008
အာရှနေ၀န်း ဆရာတော်ဦးဥတ္တမနေ့  (၉-၉-၂၀၀၈)
ပုဂ္ဂိုလ်ထုးဆရာတော် ရှင်ဥတ္တမ သည် ရခိုင်ပြည်နယ် ၊ စစ်တွေ မြို့  ၊ ရူပ ရပ် အဖ ဦးမြ ၊ အမိ ဒေါ် အောင်ကျော်သူတို့  မှ ၁၈၇၉ ခုနှစ် ၊ ဒီဇင်ဘာ လ ၊ ၂၇ ရက် တနင်္ဂနွေ နေ့  တွင် ဖွားမြင် ခဲ့  သည် ။ မွေးချင် သုံးဦး ဖြစ်သော -
၁ ။ ပေါ်ထွန်းအောင်
၂ ။ ကျော်ထွန်းအောင်
၃ ။ မအိမ်စိုး …….တို့ အနက် အကြီးဆုံး ပေါ်ထွန်းအောင် မှာနောင် အခါ ဦးဥတ္တမ ဖြင်လာသည် ။ ညီအကိုနှစ်ဦး မှာ ၉ နှစ် အရွယ်နှင့်  ၆ နှစ် အရွယ်သို့ ရောက် ကြသော အခါ အင်္ဂလိပ်စာ သင်ကြားလို ၍ မိဘ များအား ပူစာရာမရသဖြင့်  အိမ်မှထွက်ပြေး ခဲ့သည် ။ ၁၅ ရက်ခန့်အကြာတွင် မှ သစ်ပင်တပင်အောက် တွင် ညီကို နှစ်ဦးအား မိဘ များမှ ပြန်တွေ့ ခဲ့ ကြသည် ။
ထိုနောက်မိဘ များမှ ကလေး နှစ်ယောက် ၏ ဆန္ဒအား ပြည့် ဝ စေရန်အတွက် စစ်တွေ မြို့  ရှိ အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ သင်သောကျောင်းသို့  အပ်နှံ ခဲ့ ရ သည် ။ ကျောင်းအပ်နှံ ရာတွင် အကြီး ဖြစ်သူပေါ်ထွန်းအောင် မှာ သူငယ်တန်း မှ စတက် ရသည် ကိုမကြေနပ်ပဲ ကျောင်းအုပ် ဆရာကြီးအား သုံးတန်း မှ စတက် ခွင့်  ပြု ပါရန် ရဲ ၀ံ စွာဖြင့်  ပြောလေ ရာ ဆရာကြီး မှ သုံးတန်း တွင်သင်ကြားသော အင်္ဂလိပ် စာတို့  ကို ဖတ် ခိုင်းရာ တွင် အထစ်အငေါ့  မရှိဖတ် ပြနိုင်ခဲ့ သဖြင့်  ဆရာကြီး မှ နှစိတန်း မှ စတက် ခွင့်  ပြု ခဲ့ ရ သည် ။ ( ကျောင်းမနေ ရသေး ပဲဖတ် ပြနိုင် ခြင်း မှာ အင်္ဂလိပ်ကျောင်း တက် သော သူငယ် ချင်း များထံ မှ ကြို တင် သင် ကြားထားခြင်း ဖြစ်သည် ဟုနောင် အခါ မှမိဘ များသိခဲ့ ရ သည် ။ )
ကျောင်းတက်၍ ၂ နှစ်အကြာ ၅ တန်းသို့ အရောက် တွင် အတန်းတင် စာ မေး ပွဲ တွင် အင်္ဂလိပ်လူမျိုး ရခိုင်တိုင်း မင်းကြီးကိုယ်တိုင် ချီးမြှင့် သောဒုတိယ ဆုရသည် ကို ဆုယူပြီးပြီးခြင်းမှာ ပင် ညီငယ် အား စစ်တွေကမ်းနားသို့ ခေါ်သွားပြီး ဆိပ်ကမ်းအရောက်တွင် “ ‘ ဒီမှာငါ့ ညီ ဆုယူရင် ပထမ ဆုက လွဲ ရင် ဒုတိယ ၊ တတိယ ဆို ဘယ်တော့  မှ မယူဘူး “ ဟုဆိုကာ ရရှိခဲ့ သောဆုအား ချိုးဖဲ့ ဆုတ်ဖြဲ ပစ်ခဲ့ လေ သည် ။
ထိုနှစ် မှာပင် ၎င်း တို့  ညီအကိုနှစ် ဦးအား မိဘများ ထံ မှ ခရစ်ယန် ဘုန်းတော်ကြီး တပါး မှာ မွေးစားခွင့် တောင်း ပြီး ကလကတ္တား တွင် ကျောင်း ထားမည့် ကြောင်း ပြောဆိုလာရာတွင် မိဘ များမှ ခွင် မပြု ခဲ့ သဖြင့်  နိုင်ငံခြားတွင် ပညာသင်ကြားရ မည့် အခွင့် ရေးတို့ ဆုံးရှုံး ခဲ့ရ သည် ။ ၁၃ နှစ်သားအရွယ်တွင် ပေါ်ထွန်းအောင် မှာ နိုင်ငံ ခြားတွင် ပညာ သင် ယူလို စိတ် ပြင်းပြလာပြီး ငွေ ရှိလျှင် ဖြစ် နိုင်သည် ဟု ယူဆကာ ဦးလေးတော်သူ ထံ ကူညီ လုပ်ကိုင်ရင်းငွေ စုခဲ့ သည် ။ သို့ သော် ဆန္ဒ ရှိသည့် အတိုင်း ဖြစ်မလာသောအခါတွင် မိဘ များထံ သို့ မပြန်တော့  ပဲ စစ်တွေ မြို့ ရှိရွှေစေတီကျောင်း ဆရာတော် ထံ သို့  သွားရောက် ကာ ပရိယတ္တိ စာပေ တို့  သင်ကြားပေးပါရန် လျှောက် ထားရာ ရဲရင့် တက်ကြွသော စိတ်ဓါတ် ကိုသဘောကြ သဖြင့်  ဆရာတော်မှ ဖိုးသူတော် အဖြစ် ၀တ်ခွင့်  ပြု လိုက် သည် ။
ဖိုးသူတော် အဖြစ် နှင့်  ၂ နှစ် ခန့်  ပရိယတ္တိ စာပေတို့ သင်ကြားပြီးသောခါ အသက် ၁၆ နှစ် အရွယ် တွင် ညီ ငယ် ကိုပါခေါ်ဆောင် ပြီး သာမနေ ၀တ်ခဲ့ ကြသည် ။ ပေါ်ထွန်းအောင် မှ ရှင်ဥတ္တမ ၊ ကျော် ထွန်းအောင် မှာ ရှင် အရိယ ဖြစ်လာ သည် ။ထို့  နောက် ရှင် ဥတ္တမ သည် ပရိယတ္တိ သင် ကြားရာတွင် ထင် ရှားသော ပခုက္ကူ သို့  သွားရောက်လိုသော ဆန္ဒ ပြင်းပြလာသဖြင့်  လူဝတ်လဲပြန်ကာ ဆရာတော် ဦးဂန္ဓမာနှုင့် အတူ စစ်တွေ မြို့  မှ ထွက် ခွာလာ ရာ တောင် ငူ မြို့  သို့ အရောက် တွင် စာပြန်ပွဲ နှင့် ကြုံ ကြိုက် လေ သဖြင့်  ၀င်ေ၇ာက် ဖြေ ဆိုရာပထမ အဆင့်ရရှိခဲ့ လေ သည် ။
ပထမ ဆုရ သည် အတွက် လူသိ များလာပြီး တောင်ငူမြို့ ၊ ကျွန်းကုန်း ရပ် ရှိ ရှမ်းအမျိုး သမီးတဦး မှ ဆရာတော် ဦးဂန္ဓမာ အား ပေါ်ထွန်းအောင် ကိုမွေးစား ခွင့် ပြုပါရန် လျှောက်ထားရာ ဆရာတော် မှ ပေါ်ထွန်းအောင်၏ သဘောကို မေးမြန်းလေ သည် ။ ထိုအခါမိမိ အား မွေးစာ လိုပါက ကာလကတ္တား သို့  ပညာ သင် စေလွတ် ရမည် ဟု ဆို ရာ ရှမ်းအမျိုး သမီး မှ လဲ သဘောတူသဖြင့်  ခေါ်ယူမွေးစား ပြီး ၁၇ နှစ် အရွယ်တွင် နိုင်ငံ ခြားသို့ပညာသင် သွားရ လေတော့ သည် ။
၁၉ - နှစ်သား အရွယ်တွင် ကာလကတ္တား မှ ၁၀ တန်းအောင် မြင် ပြီး မြန်မာပြည် သို့  ပြန်လာကာ သာမဏေ ပြန်ဝတ်သည် ။ ထို့ နောက် ပခုက္ကူ သို့  ကြွရောက် ပြီး ပရိယတ္တိ စာပေ တို့ ကို သင် ကြားပြန်သည် ။ အသက် ၂၀ အရွယ်တွင် စစ်တွေ မြို့  ဘုံဘေဘားမား ကိုယ်စား လှယ် ဖြစ် သူ ဦးထွန်းအောင်ကျော် မှ ဒကာခံယူပြီး ရဟန်းဘောင် သို့ တက်ရောက်ခဲ့ သည် ။
ရဟန်း ဖြစ်ပြီး အခါတွင် အန္ဒိယသို့  ဒုတိယ အကြိမ် ပြန်လည် ကြွ ချီ ပြီး ဒေသန္တရ ဗဟုသု တနှင့်  သက္ကတ ၊ ဘင်္ဂလီ ၊ နာဂလီ စသော ရှေးဟောင်း စာပေ များ ကို့  အထူးလိုက် စား ပြန် သည် ။ အန္ဒိယ ပြည် ၌ ရှိ စဉ် အမျိုးသား ကောလိပ်ကြီး တခုတွင် ပါဠိ နှင့်  ဗုဒ္ဓဘာသာ ပညာရပ် များကို ပို့ချ ပေးရသော “ ပါဠိ ပရော်ဖက်ဆာ “အဖြစ် တာဝန် ယူခဲ့ ပြန်သည် ။ ထိုကာလ အတွင်း အန္ဒိယ ပြည်သူတို့  ၏ ကြည် ညို ခြင်း ကို အထူးခံ ခဲ့ ရပြီး အိန္ဒိယ ရှိ အကျော် အမော် များနှင့်  ယှဉ် ပြိုင် ပြီး ဟိန္ဒူမဟာ ဆမ္မ အသင်းကြီးတွင် ဥက္ကဌ ရာထူး ရခဲ့  သည် ။ အန္ဒိယ တွင် (၈) နှစ်ကြာ ပြီးနောက် ပြင်သစ် သို့ ပညာသင်ကြားရန် ထွက် ခွာသွားပြန်သည် ။ ပညာသင်ကြားနေ စဉ် ( ၁၉၀၅ -ခုနစ် ) ၀န်းကျင်၌ ရုရုား နှင့်  ဂျပန် စစ်ဖြစ် ပွားရာတွင် နိုင်ငံငယ်လေး ဖြစ်သော ဂျပန်နိုင်ငံ မှ အနိုင် ရရှိခဲ့ သဖြင့် သွားရောက် လိုသောဆန္ဒ ဖြစ်ပေါ်လာပြန်သ ဖြင့် ရန်ကုန်သို့  ပြန်လည် ကြွရောက် ခါ ၁၉၀၇ -ခုနစ် ၊ ဖေဖော်ဝါရီလ ( ၄ ) ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူ သို့  ကြွ လေတော့  သည် ။ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ တွင် စင်္ကာပူ မှတဆင့်  ဂျပန်သို့  ကြွရောက်လေ ရာ မတ်လ ၇- ရက်နေ့ တွင် ဂျပန်ပြည် ယိုကိုဟား ဆိပ်ကမ်းသို့  ရောက်ရှိခဲ့ လေ သည် ။ ဂျပန်ပြည် ၌ ၅- နှစ်ကြာမျှ ပရ်ာဖက်ဆာ အဖြစ် နေထိုင်ခဲ့ စဉ် တရုတ်ပြည် မှ တိမ်းရှောင်လာသော ဒေါက်တာဆွန်ယက်ဆင်နှင့်  သိကျွမ်းခဲ့ သလို တရုတ်ပြည်အတွက်လဲ အကြံ ညဏ် တို့  ပေးနိုင် ခဲ့ သည် ။
ထိုမှတဖန် မြန်မာပြည် သို့  ပြန်လည်ကြွချီ ရာတွင် အင်ဒိုချိုင်းနား ရှိ ဆေ ဂုံ ( ဟိုချီမင်း ) မြို့ သိုအရောက်တွင် မင်ကွန်းမင်းသားကြီး၏ ဖိတ်ကြား ချက် အရ ဆွမ်းစာကြွရောက် ပြီး မြန်မာ ပြည် အရေးဆွေးနွေး ခဲ့ ရာတွင် ဆရာတော် မှ အရေးမလှကြောင်းပြော ပြ သဖြင့်  မင်းသားကြီးခမျာ မျိုးချစ်စိတ် ကြောင့် မျက်ရည် ကျ ခဲ့ ရှာ သည် ။
၁၉၁၀ -ခုနှစ်လောက်တွင် မြန်မာပြည် သို့ ပြန်လည် ရောက် ရှိလာသော အခါတွင် ဘာသာစကားပေါင်း ( ၉ ) မျိုး ခန် တတ်ကျွမ်းသော ဆရာတော် အား ၀ိုင်အမ်ဘီအေ အသင်းသားများနှင့် အတူ ပြည်သူများက လေးစာကြည်ညိုကြသည် ။့ ထိုအခါတွင် ဆရာတော် မှာ ပြည်တွင်းသို့  လှည့် လှည် ကာ နိုင်ငံရေးတရားတို့  စတင် ဟောပြောစ ပြုလာသည် ။ ၁၉၁၂- နှစ် တွင် နှမ ဖြစ်သူ ဒေါ် အိမ်စိုး နှင့် အတူ မြန်မာလူငယ် ( ၃၁ ) ယောက် အား ဂျပန် နိုင်ငံ ပညာသင်ကြားစေရန် အတွက် ထွက်ခွာလာခဲ့  ပြန် သည် ။ ၁၉၁၉ -ခုနှစ်တွင် ဂျပန်မှ ပြန်ကြွလာ ပြီး သူရိယ သတင်းစာတိုက် တွင်သီတင်းသုံးကာ သတင်းစာ မှနေ၍ နိုင်ငံရေးဆောင်းပါများ ရေးသား ခဲ့ သည် ။
ပြည်သူတို့  အမျိုးသားရေးတွင်စိတ်ပါလာစေရန် နိုင်ငံရေးတရား များကိုစတင် ဟော ပြောလေတော့  သည် ။ အစ တွင် ရုပ်ရှင် ရုံ များ အားလပ် ချိန် ပေးစဉ် တွင် ဟော ပြောခဲ့ ရ သည် ။ ၁၉၁၂ - နှစ် ခုနှစ်လောက် တွင် နှမ ဖြစ်သူ မအိမ်စိုး နှင့်  မြန်မာ လူငယ် ( ၃၁ ) ဦး ကို ဂျန်ပန်နိုင်ငံ သို့ ခေါ်ဆောင် သွားပြီး ပညာသင် ကြားစေ သည် ။ ၁၉၁၉ -ခုနှစ်တွင် မြန်မာနိုင်ငံ သို့  ပြန်လာ ပြီး သူရိယ သတင်းစာ တိုက် တွင် သီတင်း သုံးကာ နိုင်ငံရေး တရားများစတင် ရေသားလေတော့  သည် ။ ထို့  နောက် ကမာရွတ်တွင် ပြောင်းရွှေ့  ပြီး တပါး တည်း သီတင်းသုံး ကာ နိုင်ငံရေးတရားပွဲ များ လှည့် လှည် ဟော ပြောလေတော့  သည် ။ တရားဟောရာတွင် အလွန်ကောင်းသဖြင့်  လူမျိုးပေါင်းစုံ က ဆရာတော်အား ပင့်  ဆောင် ရာ့ ကားလမ်းမပေါက် သည် နေရာများတွင် ထမ်း စင် ဖြင့်  တရားဟော ပလင် ထိ ပင့်  ဆောင် ကြသည် ။ ထို့  သို့  နိုင်ငံရေး မျိုးစေ့  ချပေး ခဲ့ သော ကျေးဇူး ကြောင့် ( ၁၉၂၀ - ၂၁ ) ခုနှစ် တွင် တက္ကသိုလ် ကျောင်းသားများစတင် သပိတ် မှောက် ကြလေတော့  သည် ။ ထိုအချိန် ဘုရင်ခံ မှာ အင်္ဂလိပ်လူမျိုး ဆာရယ် ဂျီနယ်ကရက်ဒေါက် ဖြစ်သည် ။
မျိုးချစ်စိတ် တို့  ပေါ်ပေါက် လာရန် အတွက် အဓိ က လှုံဆော် ပေးသော သတင်းစာ ၊ ဂျာနယ် များကို အစိုးရ မှ ပိတ်ပစ်နိုင်ရန်အတွက် အာမခံကြေး များတောင်းခံလာ သဖြင့်  ဂျာနယ် အချို့  ပိတ် ပစ်လိုက်ရ ပြီး သူရိယ ၊ မြန်မာ့  အလင်း ၊ ပညာ့  အလင်း ၊ ဗန္ဓု လ ဂျာနယ်တို့  သာ ကျန်ရစ်ခဲ့ သည် ။ ထိုစဉ် ဝေလမင်းသား မြန်မာ ပြည် လာမည့်  ခရီးစဉ် အား ၀ိုင်အမ်ဘီအေ အသင်း မှ ကြီး မှူး ၍ သပိတ်မှောက် ရာ ခေါင်းဆောင် အချို့ ကို ဖမ်း ဆီး ပြီး သပိတ်မှောက် ရာတွင် အရေးယူနိုင်သော ဘွိုင်းကောက် ဥပဒေ ( Boycott ) ကို အစိုးရ မှ ပြဌန်းလိုက် သည် ။ ထိုသို့  ဘုရင်ခံ မှတင်းမာလာသောအခါ တွင် ဆရာတော် မှ ငြိမ် ခံ မနေတော့  ပဲ ဘုရင်ခံထံသို့  ( ဆာရယ် ဂျီနယ်ကရက်ဒေါက် မြန်မာ ပြည် မှ ထွက် သွား ) ဟူသော စာကို ဘုရင်ခံထံ ပိုက် လိုက် သည် ။ ထိုနှင် လွှတ်သည့်  စာ ကို သူရီယ သတင်းစာ မှ ဖော် ပြလိုက် သော အခါ တွင် ပြည် သူများမှာအံအားသင့် ပြီး မျိုးချစ် စိတ် တို့  တိုးမြင့်  လာကြသည် ။
ပထမ ကျောင်းသား သပိတ်မှောက် စဉ် က ဆရာတော် မှာ အန္ဒိယ သို့ ခေတ္တ ရောက်ရှိနေ ခိုက် ဖြစ် သည် ။ ထို အချိန်တွင် ရတနာဂီရိ တွင်ရှိသော ပါတော် မူ ဘုရင် သီပေါမင်းနှင့်  လျွှို့  ၀ှက်တွေ့  ဆုံ ခဲ့သေး သည် ဟုဆို ၏ ။ ၁၉၂၂ -ခုနှစ်တွင် အန္ဒိယ မှပြန်ရောက်ပြီး ဖျာပုံခရိုင် ကျောက်ကုန်းနယ်တွင် ( လိပ်အခွံ နွာရမည် ) ဟူသောတရား ဟောပြောမှု့  ကြောင့်  အဖမ်းခံရလေတော့ သည် ။ ဆရာတော် အဖမ်းခံရမှု့ ကြောင့်  သံဃာ့ သမဂ္ဂ ပေါင်း ( ၃၇ ) ခုပေါ်ပေါက် ခဲ့သည် ။ တနိုင်ငံလုံးစည်းရုံးအုံ ကြွလာသည် ။ အစိုးရအပေါ် အကြည် ညို ပျက်အောင်ဟောပြော မှု့ ကြောင့်  ဆရာတော် အား ပုဒ်မ ၁၂၄ ( က ) အရ မအူပင်ထောင်တွင် လေးနှစ်အပြစ်ပေး ခံရသည် ။ ထောင်တွင်း နေထိုင်မှု့ ကောင်းသဖြင့်  သုံးနှစ်အကြာမှာပင် လွတ်မြောက် လာခဲ့ လေသည် ။
ထောင်မှလွတ်သောအခါ နိုင်ငံရေးတရားများကို ဆထက်တပိုးဟော ပြောလေရာ မန္တလေး တွင် ဆရာတော် ၏ လှံဆော် မှာကြောင့်  အဓိကရုန်း ဖြစ်ပေါ်လေသည် ။ ထို့ ကြောင့်  အစိုးရ မှ ဆရာတော် အားရန်ကုန်တွင် အလုပ်ကြမ်းနှင့်  ထောင် ဒါဏ် သုံးနှစ် အပစ်ပေး ခဲ့ရာ ဆရာတော် သည် အုန်းဆံ ထု ၊ ကြိုးကျစ် စသော အလုပ် ကြမ်းများလုပ်ခဲ့ရ လေ သည် ။ ဒုတိယ အကြိမ်ထောင် မှထွက်လာသောအခါ တွင် တပည့် ဒယကာ များ မှ စုဆောင်းကောက်ခံထားသော အလှူငွေများအား ဆရာတော် ထံ အပ် ကြ ရာ ၁၉၃၈ - ခုနှစ်လောက် တွင် (တရုတ် နှင့်  ဂျပန် )အ ကြောင်းကို ဓါတ်ပုံများနှင့်  ဝေေ၀ဆာဆာ ထုပ်ခဲ့ သည် .။
မြန်မာ့  နိုင်ငံရေး အခြေနေမှာလည်း ရှုပ်ထွေးသည် ထက် ရှုပ်ထွေး လာပြီး တော် လှန်ရေးခေါင်းဆောင် အချို့  မှာ အစိုးရ မှပေးသော ရာထူး ၊ စည်းစိမ် ၊ အာဏာ တို့  ယစ် မှူးလာကြပြီး ဆရာတော်အား ပစ်ပယ် စ ပြုလာသည် ။ နောက်ပိုင်းတွင် ဆရာတော် အားလုံးလုံးပစ်ပယ် ခဲ့ သဖြင့်  ဆရာတော် မှာ အခြေအနေ မဲ့ ဖြစ်ကာ ဖြစ်သလိုနေ ၊ ဖြစ်သလိုစား ဘ၀ ဖြင့်  ဘ၀ နေ၀င်ချိန်ရောက် ခဲ့ရ သည် ။ နောက်ဆုံးတွင် ဆရာတော်မှာ လောကဓံ တရား တို့ ကြောင့်  ၁၃၀၀-ပြည့်နှစ် ၀ါခေါင်လဆုတ် ၁၁ ရက် ၊ ( ၁၉၃၉ -ခု နှစ် ၊ စက်တင်ဘာလ ၉ -ရက်နေ့ ) အရောက်တွင် ရန်ကုန်ဆေးရုံကြီး ၌ ချို့ တဲ့စွာ ဖြင့် ဘ၀နတ်ထံ ပျံ လွန်တော် မူ ရှာလေတော့  သည် .။
ကျမ်းကိုး။ ။- မြန်မာ့ စွယ်စုံ ကျမ်း အတွဲ ( ၁၅ ) -၁၉၇၆
- ထင်ရှား ခဲ့သော ပုဂ္ဂိုလ်ကြီးများ ( ရွှေ ဥသြ ) - ၁၉၈၆
စာရေးသူအမှာ။ ။ သမိုင်းတွင် ခဲ့ သည့်  သံဃာ့  အာဇာနည် ကြီးများ၏ သမိုင်း များ ပျောက်ကွယ်မသွားစေရန်နှင့်  မြန်မာ့ နိုင်ငံရေးသမိုင်းတွင် သဃာ တော် များ အရေးပါခဲ့ ပုံတို့ ကို မမေ့လျှော့ စေရန် ရည်ရွယ်ပါသည် ။ ထို့  အပြင် ခေတ်အဆက်ဆက် မှ ယနေ့  အချိန်အထိ့ သံဃာ အာဇာ နည် များ သမိုင်းတွင် ပခုက္ကူ မြို့  ၏ အရေးပါပုံ ကို သိသာစေရန် တို့  ဖြစ်သည် ။
Posted by ရန်ကုန်ပြည်သူများ at 07:16 0 comments
Subscribe to:
Post Comments (Atom)
No comments:
Post a Comment