Wednesday, September 3, 2008

သံဃာသင်းခွဲတဲ့ကံ (သံဃဘေဒကကံ)

ဤဆောင်းပါးကို ရန်ပုံခွင်း တော်လှန်ရေး စာစုတွင် ၂၀၀၅ ခုနှစ်ကတည်းကဖေါ်ပြပြီးဖြစ်ပါသည်
ယခုကာလနှင့် ကိုက်ညီကောင်းမှကိုက်ညီပါလိမ့်မည် အဘယ်ကြောင့်ဆိုသော် စက်တင်ဘာ ကဲ့သို့ 
တော်လှန်လှုပ်ရှားမှုကြီးမပေါ်ပေါက်သေးသဖြင့်ဖြစ်သည်။ စာလုံးပေါင်းတစ်ချို့ ဖောင့် အစဉ်မပြေသ
ဖြင့် မှားယွင်းနေသည်ကို ခွင့်လွတ်ကြပါရန် ။ စက်တင်ဘာသံဃာများကိုဂုဏ်ပြုသောအားဖြင့်
မေအိခင်(လယ်ဝေး)

ကျမကြားလိုက်မိပါတယ်ဗုဒ္ဓဘာသာညီလာခံအပြီးဒီဇင်ဘာလကုန်ခါနီးမှာပဲသံဃာ့နာယကအဖွဲ့အတွင်းရေးမှုး
အပါအ၀င်သံဃာတော်များဗုဒ္ဓဂါယာကိုကြွကြမဲ့ဘုရားဖူးခရီးစဉ်တဲ့ ။ရုတ်တရက်ကြားလိုက်ရရင်တော့ ဘာသာ
တရားအတွက်အင်မတန်ဝမ်းမြောက်ဝမ်းသာသာဓုအနုမောဒနာပြုချင်စရာပါ။ဒါပေမဲ့ဝမ်းနည်းစရာကောင်း
တယကဗုဒ္ဓဘာသာညီလာခံဖြစ်အောင်ဆောင်ရွက်ပေးတဲ့သံဃာ့ထိပ်သီးများကိုသာ န အ ဖ ကသံဃာတစ်ပါး
ကိုဒေါ်လာ ၅၀၀ စီကပ်လှူတယ် ဆိုတဲ့သတင်းထွက်လာပါတယ် သံဃာ့ထိပ်သီးများအတွက်ဘုရားဖူးခရီးစဉ်ကို
လည်း န အ ဖ က စီစဉ်ဆောင်ရွက်ပေးတာတဲ့………..။။

ဒီစကားကိုအသံလွှင့်ဌါနကတစ်ဆင့်တိုက်အုပ်ဆရာတော်ကြီးတစ်ပါးမိန်းကြားသွားတဲ့အသံကိုကျမနားထောင်
ရင်း န အ ဖ ဟာ ဆုကြီးပန်ငါးပါးနဲ့လွဲရာလွဲကြောင်းဖြစ်ပြီးအင်မတန်မှအပြစ်ကြီးမားတဲ့ပဉ္စာနန္တိယကံထဲမှ
သံဃဘေဒကကံ(သံဃာသင်းခွဲတဲ့ကံ)ကိုထင်ထင်ရှားရှားပို၍ပို၍ကျူးလွန်လာပြီဆိုတာသိလိုက်ပါတော့တယ်
ဒါ့ကြောင့်သာသနာတော်ကြီးအတွက်လည်း၇င်လေးရကြေကွဲရပါတယ် တစ်ဆက်တည်းပဲသံဃာတော်ကြီးများ
တစ်ပါးအပေါ်တစ်ပါးသံသယတွေများပြားလာပြီးအကြည်ညိုပျက်ကြတဲ့အသံတွေ နောက်ပြီးအောက်တိုဘာ
လကုန်ပိုင်းမှာဗိုလ်ချုပ်ခင်ညွန့် ပြုတ်ကျပြီးနောက်ပိုင်းလိုင်စင်မဲ့ကားတွေဘုန်းကြီးကျောင်းကိုလာအပ်ကြတော့
သံဃာတော်တန်မဲ့ သမ္မာကမန္တ ၀ိရတီ ပင်မစောင့်ထိမ်းနိုင်ပဲ လက်ခဲခဲ့ကြတာတွေကိုအခြားသံဃာတော်များက
ထောက်ပြဝေဖန်ပြီး အကြည်ညိုမဲ့ခဲ့ပုံတွေကြားရတာကျမဖြင့်စိတ်မချမ်းမြေ့လှပါဘူး ။။

န အ ဖ ဟာမြန်မာပြည်သူတွေကိုညင်းပမ်းနိပ်စက်ဒုက္ခပေးရုံမကပဲဘာသာသာသနာကိုပါဖျက်လိုဖျက်ဆီးပြုနေ
တာထင်ရှားလှပါတယ် ဒါ့ကြောင့် အမျိုးဘာသာ သာသနာဖျက်မှုတွေ အဆုံးသတ်သင့်ပါပြီ န အ ဖ ကြာကြာအုပ်
စိုးလေလေတိုင်းပြည်နစ်နာလေလေ လူမျိုးတို့ မွဲလေ လေသာသနာမွဲလေလေဖြစ်ပါတယ် ။။အကယ်၍များ နအဖ
တို့ အချိန်မှီပြုပြင်မယ်ဆိုရင် သက်သာဖွယ်ရှိတာကို မြတ်စွာဘုရားပရိနိဗ္ဗန်မပြုမှီက ကိုယ်ဖအေကိုကိုယ်သတ်ခဲ့
တဲ့အဇာတသတ် ဘုရင်ရဲ့ဖြစ်အင်ကိုသာဓကပြလိုပါတယ်။။။။။။။။

အကျဉ်းထောင်ထဲမှာအဇာတသတ်ရဲ့စေခိုင်းချက်အရ နှိတ်စက်မှုမျိုးစုံခဲ့ရတာကြောင့်ဖခင်ဗိမ္မိသာရမင်းကြီးနတ်ရွာစံ
ခါနီးမှာ အဇာတသတ်မင်းဟာသူ့ ရဲ့မွေးကင်းစ
ရင်သွေးသားတော်လေးကိုချစ်တဲ့စိတ်တွေထိမ်းမနိုင်အောင်တဖွါးဖွါးပေါ်ပေါက်လာတာကြောင့်သတိတစ်ခုဝင်လာ
ပြီးမယ်တော်ဝေဒေဟီကိုမေးခွန်းထုတ်ပါတယ် ။။ဖခင်ဗိမ္မိသာရမင်းကြီးကသားတော်ကိုရောအခုလောက်ချစ်လား
တဲ့ မယ်တော်ဝေဒေဟီမိဘုရားကြီးဖြေမဆည်နိုင်ပဲ ‘’ သားတော်လေးအဇာတသတ်ငယ်စဉ်က လက်ချောင်းမှာ
ခူနာပေါက်လို့  နာရှာလွန်းတော့ နေ့ ရောညပါမအိပ်နိုင်တာကို ဖခင်မင်းကြီးကအဇာတသတ်လေးရဲ့အနာ
သက်သာအောင် ခံတွင်းမှာငုံပေး၇ှာတယ် ငုံပေးရင်းအနာပြည်ကခံတွင်းထဲမှာပေါက်သွားတော့ အိပ်ပျော်နေတဲ့
သားလေးအဇာတသတ် နိုးမှာစိုးလို့  ထွေးမထုတ်ပဲမျိုချခဲ့ရှာတယ်’’ ဆိုတာကိုရှိုက်ကြီးတငင်နဲ့ ပြန်ပြောပြရှာလေ
တော့ အဇာတသတ်နောင်တရတော့တာပေါ့ ။။ ဒါပေမဲ့ ဖခင်ကြီးကနတ်ရွာစံသွား၇ှာလေပြီ…………

‘’ ပဉ္စာနန္တိယကံဟူသည် အမိသတ် မာတုဃာတက ။ အဖသတ် ပိတုဃာတက ။ သံဃာသင်းခွဲ သံဃာဘေတက
ရဟန္တာသတ် ရဟန္တာဃာတက ။ မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင် ဒေ၀ဒတ်လုပ်သလိုလုပ်တဲ့ လောဟိတုပါဒက စတဲ့ကံတစ်ပါးပါးကိုကျုးလွန်သူတိုင်းဟာ ဆုကြီးပန်ဘ၀ကိုဘယ်သောအခါမှမရတော့ပါ
ဆုကြီးပန်ဟူသည်က ဘုရားဆု ။ အဂ္ဂသာဝကဆု ။ မဟာသာဝကဆု ။ရဟန္တာဆု ။ ပစ္စေကဗုဒ္ဓဆု စသောအရိယာ
ဘယ်သောအခါမှမဖြစ်နိုင်တော့ပါ။ ထို့ အပြင် ပဉ္စာနန္တိယကံကျူးလွန်သူတိုင်း အပယ်ငရဲသို့ မုချသွားရမည် ဟု
ဘုရားရှင်ကဟောကြားတော်မူပါသည်။သက်သာရာသက်သာကြောင်းကုသိုလ်ကောင်းမှုပြုနိုင်လျှင်တော့ အ၀ီစိ
ငရဲထက်နည်းနည်းပေါနိုင်သည်ဟုမြတ်ဘုရားမှဟောကြားလေရာ ပဉ္စာနန္တိယကံထဲမှတစ်ပါးကိုကျူးလွန်ပြီးတဲ့
အဇာတသတ်မင်းကြီးမှာ ဘုရားတည်ကျောင်းဆောက် အလှူဒါနမြောက်များစွာနဲ့ကုစားခဲ့သောကြောင့် နတ်ရွာစံ
သောအခါ အ၀ီစိမကျပဲ အ၀ီစိ( ငရဲတွင်းအောက်ဆုံး) ရဲ့အပေါ်မှာခြံရံနေတဲ့ လောဟကုမ္ဘီ ငရဲလောက်ဖြင့်သက်
သာရာရခဲ့ပါသေးတယ်။

ဒါ့ကြောင့် န အ ဖ ကြီးတို့ လုပ်ကိုင်နေသမျှကိုကျမသဘောပေါက်ပါတယ်ယခုလောက်ဘုရားတည်
ကျောင်းဆောက်ဥပသကာဂုဏ်မြောက်အောင်လျောက်လုပ်နေတာဟာ ပဉ္စာနန္တိယကံအတွက်ဖြေ
ဆေး၇ှာနေပုံပေါက်တာကြောင့် ယခုကာလလောက်နှင့်တော်လိုက်တန်လိုက်ပါလျှင် အ၀ီစိတွင်ဂျိုး
မကပ်ပဲလောဟကုမ္ဘီလောက်နှင့်တဆင့်လျော့ကာလက်ခံကောင်းလက်ခံပါလိမ့် မည် သို့ သော်
နောင်တရဟန်ဆောင်နေလျှင်တော့ အဇာတသတ်လောက် နည်းတူတောင် သက်သာလိမ့် မည်
တော့မဟုတ်ပါ။ အဇာတသတ်မှာအမှန်တကယ်နောင်တရ၍ အမှန်တကယ်ပြင်ဆင်ကြိုးစားခဲ့သူဖြစ်
ပါတယ် န အ ဖ ကြီးတွေအဖို့ တော့ ဆက်မိုက်နေဦးမယ်ဆိုလျှင် အ၀ီစိငရဲမှတစ်ပါးလားရာဂတိ
မရှိတော့ပါ။

သံဃာ့သင်းခွဲနေတဲ့ န အ ဖ တွေ နဲ့ကင်းကင်းရှင်း၇ှင်းနေသင့်တာတော့ ဗုဒ္ဓ ရဲ့ကိုယ်ပွါးဘုရားသား
တော်များအဖြစ်သာသနာ့ ၀န်ထမ်းနေတဲ့ ရဟန်းတော်များပင်ဖြစ်ပါတယ်။ဗုဒ္ဓ ဟာပဋိသံန္ဒေ ကအစ
စုတိကျတဲ့အထိ လက်တွေ့ကျတဲ့တရားတော်တွေကိုသဗ္ဗေ ညုတဥာဏ်နဲ့ သတ္တ၀ါတွေကိုညွန်ပြနိုင်
ဆရာကောင်းဖြစ်ပါတယ်ဗုဒ္ဓဟာဗုဒ္ဓထ္ထစရိယ။ ဥာတထ္ထစရိယ။ လောကထ္ထစရိယဆိုတဲ့ အကျင့်
သုံးပါးနဲ့အညီဘုရားဖြစ်အောင်ကျင့်ကြံကြိုးစားခဲ့သလို ဆွေမျိုး ဥာတက တွေကိုလည်းကျွတ်တန်း
ဝင်အောင်ဟောကြားဆုံးမတော်မူခဲ့သလို လောကသုံးပါးကိုလည်းကောင်းမှုကောင်းရာတွေ ညွန်
ပြတော်မူခဲ့ပါတယ်။
ကျမတို့  ဗုဒ္ဓ ဘာသာဝင်တွေဟာ ဗုဒ္ဓ ရဲ့ဝိနည်းတော်တွေ နဲ့အညီ သင်္ဃန်းကိုဝတ်ဆင်ပြီးကီလေသာ
နည်းစေတဲ့အကျင့်တွေကိုကျင့်ကြံနေသူများပါတကား ဆိုတဲ့အသိနဲ့ သံဃာတော်တွေကိုစားဦးစားဖျား
ဆွမ်းဦးဆွမ်းဖျား ပစ္စည်းလေးပါးမပျက်လပ်ရလေအောင လှူတန်းဆပ်ကပ် ကိုးကွယ်ကြတာပါ
ဘာသာတရားကိုခုတုံးလုပ်ပြီး အာဏာတည်တံ့အောင်လှုပ်ရှားနေတဲ့စစ်အာဏာ၇ှင်အလိုကျပုံသွင်းခံ
ရတဲ့ရဟန်းတော်များလို့ ဝေဖန်သံကြားရရုံနဲ့ပဲ သာသနာတော်ကြီးအတွက် ကျမတို့ အင်မတန်မှစိုးရိမ်
ပူပန်မိပါတယ်။

အသင်းခွဲတယ်ဆိုတဲ့နေရာမှာ အောင်မြင်ဖို့ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး သုတ္တန် ၀ိနည်း
အဘိဓမ္မာဆိုတဲ့ ဗုဒ္ဓ ရဲ့ ပိဋိကတ်သုံးပုံထဲမှာဝိနည်းဆိုတာ စည်းကမ်းပဲဖြစ်ပါတယ်။ ဗုဒ္ဓ ရဲ့စည်းကမ်းတွေ
ကိုတပြးညီလိုက်နာကြမယ်ဆိုရင် သင်းခွဲသူတွေ သူ့ ကံသူ ခံရပြီးသံဃာတော်များသင်းမကွဲနိုင်ပါဘူး
အတက်ကျူးပြီး ၀ိနည်းတော်တွေကိုခေတ်ရေစီးကြောင်းဆိုတဲ့အကြောင်းပြချက်တွေနဲ့ မသိမသာ(သို့ )
ထင်ထင်ရှားရှားကျူးလွန်လာတဲ့အခါ ငရဲကျမှာမကြောက်တဲ့ သင်းခွဲသမား န အ ဖ ကြီးတွေထက်
အပြစ်ပိုခံရမှာကတော့ ၀ိနည်းမဲ့သံဃာတော်တွေပါ ။မိမိကိုယ်မိမိသာမက ပစ္စည်းလေးပါးအပေါ်မက်
မောနေလျှင် သီလ၀ိသုဒိနှင့် စိတ္တ၀ိသုဒိကိုပင် မထိမ်းသိမ်းနိုင်လျှင် သာသနာတော်ကြီးမျက်နှာကို
ထောက်ထားပြီးစဉ်းစားပြုပြင်သင့်လှသည်။ပင်ပမ်းဆင်း၇ဲမှုကသာဒုက္ခသစ္စာကိုအလွယ်တကူသိမြင်
နိုင်တာမို့ တဏှာလောဘကိုတားဆီးနိုင်ဖို့ လိုပါသည်။ ဆယ်လူလာနှင့်ဆလွန်းကားများသည်
ပဋိစ္စသမုပါတ်ကိုအဆက်မဖြတ်နိုင်ပဲ ဘ၀သံသရာကိုပိုမိုရှည်လျားစေနိုင်ပါသည်။

ကျမတို့ လူပုဂိုလ်တွေပင်လျှင်သာသနာတော်ကိုမြတ်နိုးလေးစားလိုက်နာပြီး လူတွေစောင့်ထိမ်း
အပ်သောသီလများအားသတိထားစောင့်ထိမ်းလျှက် ပြည်သူတွေအတွက်ဆိုးဝါးလှတဲ့ န အ ဖ စစ်
အာဏာ၇ှင် စနစ်ကို တရားသောနှလုံးရည်လက်နက် နှင့်တိုက်ပွဲဝင်နေသလို အချို့ သောရဟန်း
သံဃာများဆိုလျှင်ဘုရားမကြိုက်သည့်မတရားမှုကိုလက်ပိုက်မကြည့်နိုင်ကြသဖြင့် ပြောမိဆိုမိရုံနှင့်
အကျဉ်းထောင်ထဲတွင်သီတင်းသုံးနေရဆဲဖြစ်ပါသည်။ သံဃာတော်တွေအာဏာရှင်ကိုဝင်တိုက်ရ
မည်ဟုမဆိုထိုက်ပေမဲ့ ဗုဒ္ဓ သာသနာတော်ထွန်းကားသည့်တိုင်းပြည်တွင် ရဟန်းတော်တိုင်းသည်
သာသနာတော်မညစ်နွမ်းအောင်သတိပြုကာကွယ်စောင့်ရှောက်သင့်လှပါသည်။မြန်မာတွေသည်
ကြည်ညိုသဒ္ဒါအားအလွန်ကောင်းလှသည် မှတ်တမ်းများအရ ၈၀% ရှိသောမြန်မာအများစုသည်
မိရိုးဖလာ ဗုဒ္ဓ ဘာသာများ ဖြစ်သဖြင့် ၀ိနည်း သိက္ခါပုဒ် ဣနြေ္ဒ ကိုမကြည့်ပဲ သင်္ကန်းဝါ၀ါမြင်လျှင်ပင်
ဦးချချင်ကြပါသည်။ သံဃာအချို့ လက်ခံအားဖြည့်ပေးနေသော စစ်အာဏယ၇ှင်ကိုလက်မခံလိုသည်
မှာမှန်သောလည်း ရွှေတိဂုံဘုရားထီးတော်ကို ဗိုလ်ချုပ်ခင်ညွန့် တက်တင်စဉ်က ဗုဒ သာသနာပိုင်
သံဃာတော်ကြီးများကိုယ်တိုင်ကပင် တုတ်တုတ် မျှမလှုပ်ကြလေတော့ ပြည်သူခမျာ မတက်သာ၍
သည်းခံရတော့သည်။

အနိစ္စ သဘောမမြဲတာ န အ ဖတွေထဲမှာပိုထင်ရှားလှပါသည် လူမသိသူမသိပဲ ဦးနေ၀င်းကြီးမသာပို့ 
ခဲ့ရပုံ အမျိုးသားခေါင်းဆောင်ဖြစ်တဲ့ (နှပ်တွဲခလွဲ ကလေးကိုတောင် လက်ဆွဲနုတ်ဆတ်လေ့ရှိတဲ့)
ဗိုလ်ခင်ညွန့် ရဲ့အရှက်တကွဲအကျိုးနည်း နဲ့ လဒ်စားမှုကြောင့်အကျဉ်းစံနေရပုံတွေဟာလည်း ဘာသာ
သာသနာကိုခုတုံးလုပ်သူတွေရဲ့ အနိစ္စသဘောနဲ့မင်းစည်းစိမ်တွေရဲ့ဖြစ်မြဲ ဓမ္မတာတွေပါပဲ
အနန္တသူရိယအမတ်ကြီးရေးသားခဲ့တဲ့ အမျက်ဖြေလင်္ကာရဲ့နစ်ပုဒ်မှာဆိုလျှင်
ရွှေအိမ်နန်းနှင့် ကြငှန်းလည်းစံ
မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာရေမျက်နှာထက်
ခဏတက်သည့်
ေ၇ပွတ်ပမာတစ်သက်လျာတည်း……………
ဆိုသလိုသံဃာသင်းခွဲတဲ့ကံကျူးလွန်နေတဲ့ န အ ဖ ကြီးရဲ့ထီးနန်းစည်းစိမ်ဟာ ရေတစ်ပွက်စာကာလလောက်သာ
၇ှည်ကြာမှာမို့  ရဟန်းတော်များသည်လည်း မင်းကျင့်တရားဆယ်ပါးနှင့် တစ်ပါးမျှမညီသည့် စစ်အာဏာ၇ှင်များ ၏
အတိုင်ပင်ခံရဟန်းများ အသုံးချခံရဟန်းများအဖြစ်မခံယူသင့်တော့ပါ။
မကြာမှီကာလအတွင်းရာဇဂြိုလ်မြို့အောက်တည့်တည့်တွင်ရှိသည်ဟုအဆို၇ှိသောအ၀ီစိငရဲ (သို့ )လောဟကုမ္ဘီငရဲ
သို့ သွားကြရတော့မည့် သံဃာ့သင်းခွဲအဖွဲ့ သား နအဖ ကြီးများမှာတော့အဇာတသတ်လိုသက်သာလို
သက်သာညား ကုသိုလ်အထောက်အပံ့ဖြစ်အောင်ဘုရားအစုံလှည့်လည်သွားလာနေပေမဲ့ အောက်ဆုံးငရဲနှစ်ထပ်ရဲ့တစ်နေရာရာကိုေ၇ာက်ရမှာကတော့ ဧကန်မုချသေချားပါတော့ သည်။။
မေအိခင် (လယ်ဝေး)

No comments: